Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီ၏ ရွေးကောက်ပွဲကို မလေးရှား လက်ခံမည်မဟုတ်

ယမန်နေ့တွင်ပြုလုပ်သော ကျဆုံးသူရဲကောင်းလေးဦးနှင့် မြန်မာ့တော်လှန်ရေးကို ဂုဏ်ပြုအား ပေးထောက်ခံပွဲ၌ မလေးရှားနိုင်ငံခြားရေးဝန်ကြီး Saifuddin Abdullah က တိုက်တွန်းပြော ကြားခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီ၏ ရွေးကောက်ပွဲကို မလေးရှား လက်ခံမည်မဟုတ်
စစ်ကောင်စီ၏ ရွေးကောက်ပွဲကို မလေးရှား လက်ခံမည်မဟုတ်

●အာဆီယံကိုလည်း ငြင်းပယ်ရန် မလေးရှားနိုင်ငံခြားရေးဝန်ကြီးတိုက်တွန်း

စစ်ကောင်စီပြုလုပ်မည့် ရွေးကောက်ပွဲကို လက်ခံမည်မဟုတ်ဘဲ အာဆီယံကလည်း လက်မခံ သင့်ကြောင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီးက တိုက်တွန်းလိုက်သည်။

ယမန်နေ့တွင်ပြုလုပ်သော ကျဆုံးသူရဲကောင်းလေးဦးနှင့် မြန်မာ့တော်လှန်ရေးကို ဂုဏ်ပြုအား ပေးထောက်ခံပွဲ၌ မလေးရှားနိုင်ငံခြားရေးဝန်ကြီး Saifuddin Abdullah က တိုက်တွန်းပြော ကြားခဲ့ခြင်းဖြစ်သည်။

သက်ဆိုင်သူအားလုံးသဘောတူသည့် ဖွဲ့စည်းပုံအခြေခံဥပဒေပြန်လည်ရေးဆွဲရေး၊ လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲကျင်းပရေးအပါအဝင် အသွင်ကူးပြောင်းရေးအစီအစဉ်၊ အပစ်အခတ်ရပ်စဲရေး၊ တည်ငြိမ်ရေး၊ အမှန်စစ်စစ်အသွင်ကူးပြောင်းရေးတို့ကို မဖြစ်မနေလုပ်ဆောင် ရမည်ဟုလည်း Saifuddin Abdullah က ပြောသည်။

“အဆုံးသတ်တိုက်ပွဲမေးခွန်းအတွက် မြန်မာပြည်သူတွေလိုချင်တဲ့ အဆုံးသတ်တိုက်ပွဲဆိုတာ ဖွဲ့စည်းပုံအခြေခံဥပဒေအရ အရပ်ဘက်နဲ့ နိုင်ငံရေးအခွင့်အရေးတွေကို အာမခံပြီး ဒီမိုကရေစီနည်းကျ၊ အားလုံးပါသော၊ တရားမျှတသော၊ ငြိမ်းချမ်းသော၊ ညီညွတ်သော၊ သာယာ၀ပြောသော နိုင်ငံ ဖြစ်ထွန်းရေးပါပဲ” ဟု မလေးရှားနိုင်ငံခြားရေးဝန်ကြီးက ဆိုသည်။

Public Service Announcement

Public Service Announcement

လာမည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးတွင် မလေးရှားအနေဖြင့် အာဆီယံဝန်ကြီးများအဆင့်အစည်းအဝေးများအားလုံးတွင် မြန်မာနိုင်ငံမှ နိုင်ငံရေးဆိုင်ရာကိုယ်စားလှယ်ကို တက်ရောက်ခွင့်မပေးရေးနှင့် အာဆီယံ ဘုံဆုံးဖြတ်ချက် ၅ ရပ်ကို အကောင်အထည်ဖော်ရေး မူဘောင်အတွက် ကြိုးပမ်းသွားမည်ဟု Saifuddin Abdullah က ပြောသည်။

အာဆီယံသည် မြန်မာနိုင်ငံ၏ အခြေအနေအမှန်ကို တိကျစွာ အချိန်နှင့်တပြေးညီသတင်းအချက်အလက်များသိရှိရန်လိုအပ်ပြီး အဓိကပါဝင်ပတ်သက်သူများအကြား အားလုံးပါဝင်သော၊ မျှ တသော အကြံပြုချက်များအရ မျှတသော၊ ပွင့်လင်းမြင်သာသော လူသားချင်းစာနာမှုအကူအညီ များကို ပေးရမည်ဟု ၎င်းက တိုက်တွန်းသည်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

UFC ဖလိုင်းဝိတ်တန်း ချန်ပီယံ ချင်းတိုင်းရင်းသား ဂျိုရှုအာဗန်ဟာ ငယ်စဥ်က ပညာသင်ခဲ့တဲ့မလေးရှားနိုင်ငံက ချင်းဒုက္ခသည်များဆိုင်ရာ လူထုအခြေပြုကျောင်း (Chin Community Schools) ကို ၁၃ နှစ်အကြာ သွားရောက်လည်ပတ်ခဲ့ပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်း

Chin Refugee Committee ရဲ့ ၂၅ နှစ်ပြည့်ပွဲမှာ ဖျော်ဖြေတင်ဆက်ပေးမယ့် အဆိုတော် ဖြူဖြူကျော်သိန်းက မလေးရှားနိုင်ငံကို မေ ၂၄ ရက်မှာ ရောက်ရှိလာပါပြီ။