Connect with us

Hi, what are you looking for?

သတင်း

ထီးလင်းမြို့ မိုင်းခွဲတိုက်ခိုက်မှု ရဲနှစ်ဦးနှင့် စိုက်ပျိုးရေးဘဏ်မန်နေဂျာ ဒဏ်ရာရဟု YDF ထုတ်ပြန်

ပြည်သူကို ဂရုမစိုက်ကြဘဲ ကိုယ့်အုပ်စုမှ အကောင်များကိုသာ လူထင်တက် သော ရဲခ/စခများ ထုံးစံအတိုင်း ၎င်းတို့လူထိ၍ ထီးလင်းမြို့ပေါ် တွင် ပတ်ရမ်းလျှက်ရှိကာ မဆိုင်သူများအား ဖမ်းဆီးနေသည်ဟု YDF(ထီးလင်း)၏ ထုတ်ပြန်ချက်၌ဖော်ပြကာ ထီးလင်းမြို့ပေါ်သို့ မသွားရန် သတိပေးထားသည်။

ထီးလင်းမြို့ပေါ် မိုင်းခွဲပြီး စစ်ကောင်စီလက်ပါးစေ ဝန်ထမ်းများကို YDF နောက်ဆုံးအကြိမ် သတိပေး
ထီးလင်းမြို့ပေါ် မိုင်းခွဲပြီး စစ်ကောင်စီလက်ပါးစေ ဝန်ထမ်းများကို YDF နောက်ဆုံးအကြိမ် သတိပေး

မကွေးတိုင်း ထီးလင်းမြို့ပေါ်ကို ယနေ့မနက်က မိုင်းခွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ လက်ပါးစေ ရဲ နှစ်ဦးနှင့် စိုက်ပျိုးရေးဘဏ် မန်နေဂျာတို့မိုင်းထိ ဒဏ်ရာရခဲ့ကြောင်း ထီးလင်းမြို့နယ် ယောဒေသ ကာကွယ်ရေးတပ်(YDF)က ထပ်မံအသိပေးထုတ်ပြန်သည်။

ယနေ့(ဩဂုတ် ၂ရက်) နံနက် ၉နာရီတွင် ထီးလင်းမြို့ရှိ စိုက်ပျိုးရေးဘဏ် အနီးနှင့် ဆောက်လုပ်ရေးရုံးအနီး မိုင်း ၃လုံး ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ယင်းသို့ တိုက်ခိုက်ခြင်းမှာစစ်ကောင်စီ အုပ်ချုပ်ရေးယန္တရား လည်ပတ်စေရန် ကြိုးစားနေသည့်မြို့ပေါ်နေ Non-CDM ဝန်ထမ်းအချို့ကို သတိပေးခြင်းဖြစ်ကြောင်း YDF ထီးလင်းက ဆိုသည်။

ပြည်သူကို ဂရုမစိုက်ကြဘဲ ကိုယ့်အုပ်စုမှ အကောင်များကိုသာ လူထင်တက် သော ရဲခ/စခများ ထုံးစံအတိုင်း ၎င်းတို့လူထိ၍ ထီးလင်းမြို့ပေါ် တွင် ပတ်ရမ်းလျှက်ရှိကာ မဆိုင်သူများအား ဖမ်းဆီးနေသည်ဟု YDF(ထီးလင်း)၏ ထုတ်ပြန်ချက်၌ဖော်ပြကာ ထီးလင်းမြို့ပေါ်သို့ မသွားရန် သတိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်းပေါက် နဲ့ မြိုင်ဒေသမှာ စစ်ကြောင်းထိုးလာပြီး လမ်းမှားကျန်ရစ်တဲ့ တပ်မ (၁၀၁)စစ်ကြောင်းကစစ်သားနှစ်ဦးကို လက်နက်ခဲယမ်းတွေနဲ့ဖမ်းမိခဲ့တယ်လို့ဂဠုန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Myaing Garuda PDF )တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ဇီးကုန်းမြို့မှာ မြို့ထဲဝင်လာတဲ့ စစ်တပ်လက်အောက်ခံ ရဲတစ်ဦးနဲ့ ပျူစောထီးတစ်ဦးတို့ ပစ်ခတ်ခံရပြီး သေဆုံးခဲ့တယ်လို့ ဇီးကုန်းတိုက်နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ က ပြောပါတယ်။

သတင်း

ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ် လှည်းတန်းဘူတာမှာ ထိုင်နေတဲ့ လူငယ် ၂ဦးကို စစ်တပ် လက်အောက်ခံ ရဲနဲ့ အရပ်ဝတ်က ဖုန်းယူစစ်ပြီးဖမ်းဆီးသွားတယ်လို့ ရန်ကုန်မြေပြင်သတင်းတွေ ဖော်ပြပေးနေတဲ့ Rangoon Scout Network-RSN က အသိပေးထားပါတယ်။

ဆောင်းပါး

ရဲတပ်သားဟာဘုရားရှိခိုးအပြီး စေတီအနီးမှာ တစ်ဦးတည်း ထိုင်နေတုန်း အသက် ၅၀ ကျော်နဲ့ ၄၀ ဝန်းကျင် ယောကျာ်းကြီး ၃ ဦး ရောက်လာတယ်။ ရဲတပ်သားလေးကို ခပ်မာမာနဲ့ "ငါတို့နဲ့ လိုက်ခဲ့"လို့ ခေါ်တယ်။ ရဲတပ်သားလည်း သူကိုယ်တိုင်က လွှတ်တော်ကို လုံခြုံရေးတာဝန်ယူထားရသူ။ ပြီးတော့ သူများတွေကိုသာ...