Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

မြိုင်တွင် ပြည်သူ့အခြေပြုကျောင်း ဆရာ၊ ဆရာမများ ဆရာအတတ်ပညာ မွမ်းမံသင်တန်းဆင်းပွဲကျင်းပ

အဆိုပါကျောင်းများ၌ သင်ကြားရေးတာဝန်ထမ်းဆောင်ရန် စေတနာ့ဝန်ထမ်း ဆရာ၊ ဆရာမ ၂,၅၀၀ ခန့်ရှိပြီး ၎င်းတို့အား မြို့နယ်ပညာရေးဘုတ်အဖွဲ့မှ ငွေကြေးထောက်ပံ့ပေးနိုင်ခြင်းမရှိသေးဘဲ ကိုယ်ထူကိုယ်ထ လုပ် ကိုင်နေကြခြင်းဖြစ်သည်ဟု ပညာရေးဘုတ်အဖွဲ့က အသိ ပေးသည်။

ဓါတ်ပုံ-မြိုင်မြို့နယ် ပညာ​​ရေးဘုတ်အဖွဲ့
ဓါတ်ပုံ-မြိုင်မြို့နယ် ပညာ​​ရေးဘုတ်အဖွဲ့

မြိုင်မြို့နယ်တွင် ကြားကာလပညာရေးအတွက် ပြည်သူ့အခြေပြုကျောင်း ဆရာ၊ ဆရာမများ ဆရာအတတ် ပညာ မွမ်းမံသင်တန်းဆင်းပွဲကို ယနေ့ သြဂုတ် ၂ ရက်တွင် ကျင်းခဲ့ကြောင်း မြိုင်မြို့နယ်ပညာရေးဘုတ်အဖွဲ့က ထုတ်ပြန်သည်။

လက်ရှိအခြေအနေတွင် မြိုင်မြို့နယ်အတွင်း ပြည်သူ့အခြေပြုပညာရေးကျောင်းပေါင်း ၁၅၀ ဝန်းကျင် ဖဃင့်လှစ်ထားနိုင်ပြီဖြစ်ပြီး ကျောင်းသား၊ ကျောင်းသူ ၂၅,၀၀၀ ဝန်းကျင် ပညာသင်ယူလျှက်ရှိကြောင်း မြို့နယ်ပညာရေးဘုတ်အဖွဲ့ စာရင်းများအရသိရသည်။

အဆိုပါကျောင်းများ၌ သင်ကြားရေးတာဝန်ထမ်းဆောင်ရန် စေတနာ့ဝန်ထမ်း ဆရာ၊ ဆရာမ ၂,၅၀၀ ခန့်ရှိပြီး ၎င်းတို့အား မြို့နယ်ပညာရေးဘုတ်အဖွဲ့မှ ငွေကြေးထောက်ပံ့ပေးနိုင်ခြင်းမရှိသေးဘဲ ကိုယ်ထူကိုယ်ထ လုပ် ကိုင်နေကြခြင်းဖြစ်သည်ဟု ပညာရေးဘုတ်အဖွဲ့က အသိ ပေးသည်။

ထို့ကြောင့် ၎င်းတို့အနေဖြင့် ကြားကာလပညာရေးတွင် စေတနာ့ဝန်ထမ်း ဆရာ၊ ဆရာမများအဖြစ် သင်ကြားရေးပြုလုပ်နေသူများအပေါ် လွန်စွာအားနာမိကြောင်း ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီလက်အောက်ခံတပ်များထံမှ လက်နက်ငယ် (၁၀)လက်၊ RPG-7 တစ်လက်၊ ၆၀ မမ ပြောင်းတို တစ်လက်နှင့် ဗုံးများ၊ ကျည်များ သိမ်းရခဲ့ကြောင်း ဖော်ပြထားသည်။

သတင်း

ယမန်နေ့ (ဖေဖော်ဝါရီ၁၃ ရက်) နံနက် ၇ နာရီခွဲခန့်က မြိုင်​မြို့နယ်၊ သရက်ကန်ပျုစောထီးကျေးရွာ၏တောင်ဘက် မီတာ ၁၀၀ခန့်သို့ ကင်းပတ်ထွက်လာသော အင်အား ၁၅ ဦးခန့်ပါ ပျုစောထီးများအား မဟာမိတ်အဖွဲ့များက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

နိုင်ငံတကာ

ဇမ်ဘီယာမှာ ကာလဝမ်းရောဂါတွေ ပျံ့နှံ့ ကူးစက်ခဲ့တဲ့ အောက်တိုဘာလနောက်ပိုင်း လူပေါင်း ၅၀၀ ဝန်းကျန် သေဆုံးပြီး ရောဂါစွဲကပ် ခံစားရသူ ၁၅၀၀၀ ထက်မနည်း ရှိခဲ့ပါတယ်။

သတင်း

နိုဝင်ဘာလ(၁၃)ရက်နေ့တစ်နေ့လုံးတွင် လွိုင်ကော်တက္က သိုလ်ဝန်းထဲတွင် တပ်စွဲထားသော စစ်ကောင် စီ၏ ခမရ(၄၂၅) တပ်ရင်းမှူး နှင့် ဒု-ရင်းမှူးအပါအဝင် တပ်ရင်းတစ်ရင်းလုံးနီးပါးသေဆုံးခဲ့ပြီး ခမရ(၆)၏ အင်အား တစ်ဝက်နီးပါးကိုပါ ချေမှုန်းနိုင်ခဲ့သည်။