Connect with us

Hi, what are you looking for?

သတင်း

မြိုင်တွင် ပြည်သူ့အခြေပြုကျောင်း ဆရာ၊ ဆရာမများ ဆရာအတတ်ပညာ မွမ်းမံသင်တန်းဆင်းပွဲကျင်းပ

အဆိုပါကျောင်းများ၌ သင်ကြားရေးတာဝန်ထမ်းဆောင်ရန် စေတနာ့ဝန်ထမ်း ဆရာ၊ ဆရာမ ၂,၅၀၀ ခန့်ရှိပြီး ၎င်းတို့အား မြို့နယ်ပညာရေးဘုတ်အဖွဲ့မှ ငွေကြေးထောက်ပံ့ပေးနိုင်ခြင်းမရှိသေးဘဲ ကိုယ်ထူကိုယ်ထ လုပ် ကိုင်နေကြခြင်းဖြစ်သည်ဟု ပညာရေးဘုတ်အဖွဲ့က အသိ ပေးသည်။

ဓါတ်ပုံ-မြိုင်မြို့နယ် ပညာ​​ရေးဘုတ်အဖွဲ့
ဓါတ်ပုံ-မြိုင်မြို့နယ် ပညာ​​ရေးဘုတ်အဖွဲ့

မြိုင်မြို့နယ်တွင် ကြားကာလပညာရေးအတွက် ပြည်သူ့အခြေပြုကျောင်း ဆရာ၊ ဆရာမများ ဆရာအတတ် ပညာ မွမ်းမံသင်တန်းဆင်းပွဲကို ယနေ့ သြဂုတ် ၂ ရက်တွင် ကျင်းခဲ့ကြောင်း မြိုင်မြို့နယ်ပညာရေးဘုတ်အဖွဲ့က ထုတ်ပြန်သည်။

လက်ရှိအခြေအနေတွင် မြိုင်မြို့နယ်အတွင်း ပြည်သူ့အခြေပြုပညာရေးကျောင်းပေါင်း ၁၅၀ ဝန်းကျင် ဖဃင့်လှစ်ထားနိုင်ပြီဖြစ်ပြီး ကျောင်းသား၊ ကျောင်းသူ ၂၅,၀၀၀ ဝန်းကျင် ပညာသင်ယူလျှက်ရှိကြောင်း မြို့နယ်ပညာရေးဘုတ်အဖွဲ့ စာရင်းများအရသိရသည်။

အဆိုပါကျောင်းများ၌ သင်ကြားရေးတာဝန်ထမ်းဆောင်ရန် စေတနာ့ဝန်ထမ်း ဆရာ၊ ဆရာမ ၂,၅၀၀ ခန့်ရှိပြီး ၎င်းတို့အား မြို့နယ်ပညာရေးဘုတ်အဖွဲ့မှ ငွေကြေးထောက်ပံ့ပေးနိုင်ခြင်းမရှိသေးဘဲ ကိုယ်ထူကိုယ်ထ လုပ် ကိုင်နေကြခြင်းဖြစ်သည်ဟု ပညာရေးဘုတ်အဖွဲ့က အသိ ပေးသည်။

ထို့ကြောင့် ၎င်းတို့အနေဖြင့် ကြားကာလပညာရေးတွင် စေတနာ့ဝန်ထမ်း ဆရာ၊ ဆရာမများအဖြစ် သင်ကြားရေးပြုလုပ်နေသူများအပေါ် လွန်စွာအားနာမိကြောင်း ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်က ရေနံမြေ Well-1 နဲ့ ဝဲတူး Well-2 ဒေသအခေါ်အခေါ် (ဝဲလ်တမ်း၊ ဝဲလ်တူး ရေနံမှော်)ကို စစ်တပ်က မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်အနောက်ခြမ်းက ရေနံမြေကို ထိန်းချုပ်ဖို့ ကြိုးပမ်းနေတဲ့ အာဏာသိမ်းစစ်တပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

နိုင်ငံတကာ

ကျောင်းဆရာမ တစ်ဦးက ပါးရိုက်ခဲ့တဲ့နောက် ကျောင်းသား ကလေးငယ် သေဆုံးသွားတယ်ဆိုတဲ့ ဖြစ်ရပ်နဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေကြောင်း အိန္ဒိယနိုင်ငံ အန်ဒရာ ပရာဒက်ရှ် ရဲတပ်ဖွဲ့က ပြောပါတယ်။

ဆောင်းပါး

ကျောင်းခန်းထဲကနေ တညီတညွတ်ထဲမဟုတ်ဘဲ လုံးထွေးနေတဲ့ အသံတစ်ချို့ ပျံလွင့်လို့နေပါတယ်။ ကျောင်းသူတစ်ယောက်က နံရံပေါ်မှာ ကပ်ထားတဲ့ ကျောင်းစည်းကမ်းတွေကို ဦးဆောင်ဖတ်ပြနေတာဖြစ်ပြီးကျန်တဲ့ကျောင်းသူကျောင်းသားတွေက နောက်ကနေ လိုက်ဆို နေကြတာပါ။