Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

တရားဥပဒေစိုးမိုးရေးဆိုင်ရာကိစ္စရပ်များပါဝင်သည့် ရုံးအဖွဲ့ကို အောင်မြင်စွာ ဖော်ဆောင်ရွက်နိုင်ခဲ့ကြောင်း YDF – Htilin ထုတ်ပြန်

ထီးလင်းမြို့အပါအဝင် ယောဒေသသည် စစ်အာအာဏာရှင် တော်လှန်ရေးတွင် စနစ်တကျရှိပြီး တိုက်ခိုက်ရေးအရှိန်မြှင့်နေသလို တစ်ဖက်တွင် ပြည်သူ့အုပ်ချုပ် ရေးယန္တရားလည်း အသက်ဝင်နေပြီဖြစ်သည်။

တရားဥပဒေစိုးမိုးရေးဆိုင်ရာကိစ္စရပ်များပါဝင်သည့် ရုံးအဖွဲ့ကို အောင်မြင်စွာ ဖော်ဆောင်ရွက်နိုင်ခဲ့ကြောင်း YDF - Htilin ထုတ်ပြန်
တရားဥပဒေစိုးမိုးရေးဆိုင်ရာကိစ္စရပ်များပါဝင်သည့် ရုံးအဖွဲ့ကို အောင်မြင်စွာ ဖော်ဆောင်ရွက်နိုင်ခဲ့ကြောင်း YDF - Htilin ထုတ်ပြန်

ယောဒေသ ထီးလင်းမြို့နယ်ရှိ ပြည်သူလူထု၏ ကျန်းမာရေး၊ ပညာရေး၊ ကယ်ဆယ်ရေး၊ ပြန်လည်နေရာချထား ရေးများနှင့် ပြည်သူ့ရဲတပ်ဖွဲ့မှ တရားဥပဒေစိုးမိုးရေးဆိုင်ရာကိစ္စရပ်များပါဝင် သည့် ရုံးအဖွဲ့ကို အောင်မြင်စွာအကောင်ထည်ဖော်ဆောင်ရွက်နိုင်ခဲ့ကြောင်း YDF – Htilin က ထုတ်ပြန်သည်။

၂၀၂၂ မတ်လ ၅ရက်တွင် ရုံးအထိုင်ချခဲ့ပြီး ရုံးအဖွဲ့ ၁၅ ဦးဖြင့် စတင်ဖွဲ့စည်းခဲ့မှု မှာ ယနေ့(သြဂုတ် ၅ ရက်)တွင် ငါးလပြည့်မြောက်ခဲ့ခြင်းဟု ဖော်ပြထားသည်။

သို့သော် ယခုနှစ် ဖေဖော်ဝါရီ၁၄ ရက်တွင် YDF – Htilin ရုံးအဖွဲ့အား ရုံးကိစ္စအဝဝကို တပ်တွင်း တစ်နေရာတွင် လုပ်ငန်းများအစပျိုးခဲ့သည်ဟု ဆိုသည်။

တရားဥပဒေစိုးမိုးရေးဆိုင်ရာကိစ္စရပ်များပါဝင်သည့် ရုံးအဖွဲ့ကို အောင်မြင်စွာ ဖော်ဆောင်ရွက်နိုင်ခဲ့ကြောင်း YDF - Htilin ထုတ်ပြန်
တရားဥပဒေစိုးမိုးရေးဆိုင်ရာကိစ္စရပ်များပါဝင်သည့် ရုံးအဖွဲ့ကို အောင်မြင်စွာ ဖော်ဆောင်ရွက်နိုင်ခဲ့ကြောင်း YDF – Htilin ထုတ်ပြန်

ရုံးအဖွဲ့အင်အားသည် ပိုမိုကျယ်ပြန့်လာသော ရုံးကိစ္စအဝဝအား ကောင်းမွန်စွာ ဆက်လက်လည်ပတ်နိုင်ရန် မလုံလောက်သည့်အတွက် ၂၀၂၂ ဧပြီ၆ ရက်တွင် ရုံးအဖွဲ့အင်အား ခြောက်ဦး ထပ်မံတိုးချဲ့ခဲ့ပြီး စုစုပေါင်း ၂၁ဦးဖြင့် ပြင်ဆင် ဖွဲ့စည်းဆောင်ရွက်ခဲ့ရာ ရုံးလုပ်ငန်းများ ပို၍ အဆင်ပြေချောမွေ့စွာ လည်ပတ် နိုင်ခဲ့ကြောင်း အသိပေးသည်။

Public Service Announcement

Public Service Announcement

“စစ်ရှောင်ဆိုလည်း ကော်မတီဖွဲ့ထားတယ်။ဒီလိုပဲ ပညာရေး ၊ကျန်းမာရေး ဆိုလည်း သက်ဆိုင် ရာ ကော်မတီအလိုက် နဲ့ သွားနေတယ်။အရမ်း ကြီးမစွမ်းနိုင်သေးပေမယ့်လို့ အတက်နိုင်ဆုံး ကူညီနေတယ်။ပြီးတော့ ကျွန်တော်တို့ ဖွဲ့စည်းထားတဲ့ ပြည်သူ့ရဲတပ်ဖွဲ့ဆိုလည်း ဒေသခံတွေက ယုံယုံကြည်ကြည်နဲ့ဘအမှုတွေ လာအပ်နေကြပါတယ်”ဟု YDF – Htilin ရုံးအဖွဲ့တာဝန်ခံက လူထုနွေဦးသို့ ပြောသည်။

တရားဥပဒေစိုးမိုးရေးဆိုင်ရာကိစ္စရပ်များပါဝင်သည့် ရုံးအဖွဲ့ကို အောင်မြင်စွာ ဖော်ဆောင်ရွက်နိုင်ခဲ့ကြောင်း YDF - Htilin ထုတ်ပြန်
တရားဥပဒေစိုးမိုးရေးဆိုင်ရာကိစ္စရပ်များပါဝင်သည့် ရုံးအဖွဲ့ကို အောင်မြင်စွာ ဖော်ဆောင်ရွက်နိုင်ခဲ့ကြောင်း YDF – Htilin ထုတ်ပြန်

ပြည်သူလူထုအတွက် YDF-Htilin ရုံးမှ နေ့ရက်တိုင်း ရုံးလုပ်ငန်းဆိုင်ရာ ကိစ္စအဝဝအား များစွာကြိုးစားဆောင်ရွက်နေလည်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

ထီးလင်းမြို့အပါအဝင် ယောဒေသသည် စစ်အာအာဏာရှင် တော်လှန်ရေးတွင် စနစ်တကျရှိပြီး တိုက်ခိုက်ရေးအရှိန်မြှင့်နေသလို တစ်ဖက်တွင် ပြည်သူ့အုပ်ချုပ် ရေးယန္တရားလည်း အသက်ဝင်နေပြီဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်လာရောက်သည့်နေ့တွင် မင်းတပ် CDF၏ စနိုက်ပါ စစ်သည်များက တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား နှစ်ဦး သေဆုံးခဲ့သည် ဟုလည်း ဆလိုင်းဟာအွမ်က ပြောသည်။

သတင်း

YDF ရဲဘော်များကျဆုံးသည့် သတင်းကြားရသည်နှင့် တပြိုက်နက် မင်းတပ် CDF၏ တပ်မဟာမှူးကိုယ်တိုင် YDF တာဝန်ရှိသူများထံ တိုက်ရိုက်ဆက်သွယ်ပြီး ဝမ်းနည်းကြောင်း သတင်းစကား ပြောဆိုခဲ့သည်ဟု အသိပေးထားသည်။

သတင်း

အောက်တိုဘာလ ၉ ရက်နေ့က စစ်ကောင်စီတပ်ကို တော်လှန်တိုက်ခိုက်ရင်း ယောကာကွယ် ရေးတပ် - YDFမှ အသက် (၂၁)နှစ်အရွယ် ရဲဘော် ညီဖြိုး (ခ)ဖြိုးဝေစိုးနှင့် အသက်(၂၄)နှစ်အရွယ် ရဲဘော် ပွားလေး (ခ) ပြည့်ဖြိုးလင်းတို့ ကျဆုံးခဲ့ခြင်းဖြစ်ကြောင်း ယောကာကွယ်ရေးတပ် - YDF က...

သတင်း

YDFသည် အမျိုးသားညီညွတ်ရေးအစိုးရ လက်အောက်တွင်မရှိဘဲ သီးခြားရပ်တည်နေသည့် အဖွဲ့အစည်းဖြစ်သည်။ ယောဒေသတွင်း PDF တပ်များနှင့် ပြဿနာ အချို့ရှိသကဲ့သို့ အချို့တိုက်ပွဲများတွင်လည်း YDFနှင့် PDF ပူးပေါင်းပြီး စစ်ကောင်စီတပ်ကို တိုက်ခိုက်ခြင်းများလည်းရှိသည်။