Connect with us

Hi, what are you looking for?

သတင်း

ကျိုင်းတုံမြို့ တရားဥပဒေစိုးမိုးရေး စစ်တပ် မကိုင်တွယ်နိုင်ဟု မြို့ခံတွေပြော

တြိဂံဒေသတိုင်းစစ်ဌာနချုပ် အခြေစိုက်တဲ့ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့မှာ တရားဥပဒေစိုးမိုးမှု လုံးဝကင်းမဲ့နေပြီး ဇူလိုင် ၃ရက် တစ်ရက်တည်းမှာ ပြန်ပေးဆွဲမှုနဲ့ ဓားခုတ်မှုဖြစ်ခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။

(၂၀၂၆ ဇူလိုင် ၂ရက် ညက ကျိုင်းတုံမြို့၊ နောင်တုံကန်ပတ်လမ်းမှာ လူငယ်အချင်းချင်း ရန်ဖြစ်ရာမှ လူငယ်တစ်ဦး ဓားဖြင့်ခုတ်ခံခဲ့ရအပြီး တွေ့ရစဉ်။ ဓာတ်ပုံ - CJ)

ဇူလိုင်-၃၊၂၀၂၆။ဇော်ရမ်း/People’s Spring

တြိဂံဒေသတိုင်းစစ်ဌာနချုပ် အခြေစိုက်တဲ့ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့မှာ တရားဥပဒေစိုးမိုးမှု လုံးဝကင်းမဲ့နေပြီး ဇူလိုင် ၃ရက် တစ်ရက်တည်းမှာ ပြန်ပေးဆွဲမှုနဲ့ ဓားခုတ်မှုဖြစ်ခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။

ဇူလိုင် ၂ ရက်နေ့မွန်းလွဲပိုင်းက ကျိုင်းတုံမြို့ အမှတ်(၄)ရပ်ကွက်က စိုင်းလွတ်ပရိဘောဂ အရောင်းဆိုင်ကို သေနတ်သမား ၄ဦး ဝင်ရောက်ပြီး ဆိုင်ရှင်ရဲ့သမီးကို ပြန်ပေးဆွဲ ဖမ်းဆီးသွားပါတယ်။ ငွေကြေးရချင်လို့ ပြန်ပေးဆွဲသွားတာလို့ မြို့ခံ အချို့က ပြောပါတယ်။

အဲ့ဒီနေ့ ညပိုင်းမှာဘဲ ကျိုင်းတုံမြို့၊ နောင်တုံကန်အနီးမှာ အမျိုးသား ၁ဦး ဓါးခုတ်ခံရတယ်လို့ လူမှုကူညီရေးအသင်းတွေက ထုတ်ပြန်ပါတယ်။

Public Service Announcement

Public Service Announcement

ဖြစ်စဉ်နှစ်ခုစလုံးမှာ တရားခံတွေဖမ်းမမိသေးဘဲ ပြန်ပေးဆွဲခံရတဲ့ အမျိုးသမီးရဲ့ သတင်းလည်း မကြားရသေးဘူးလို့ မြို့ခံအချို့က ပြောပါတယ်။။

“တိုင်းစစ်ဌာနချုပ်လည်းရှိတယ်။ ရဲစခန်းကလည်း မြို့လယ်ခေါင်မှာ။ တရားဥပဒေမရှိပုံက ရုပ်ပျက်ဆင်းပျက်ကိုဖြစ်နေတာ”လို့ ကျိုင်းတုံမြို့ခံတစ်ဦးက ပြောပါတယ်။

ကျိုင်းတုံမြို့မှာ တြိဂံဒေသတိုင်းစစ်ဌာနချုပ်ရှိပြီး စစ်တပ်အဓိက အခြေစိုက်ထားပါတယ်။ ခရိုင်မြို့လည်းဖြစ်ပြီး စစ်တပ်ကလုံခြုံရေး တင်းကျပ်ထားတာပါ။ ‌ဒါပေမယ့် ကျားဖြန့်ရုံတွေနဲ့ ဖျော်ဖြေရေးလုပ်ငန်းတွေများပြားနေပြီး မူးယစ်ဆေးဝါးပြန့်မှုလည်း ဆိုးရွားနေတယ်လို့ မြိုခံတွေက ပြောပါတယ်။

ကျိုင်းတုံမြို့မှာ လူသတ်ဓားပြတိုက်မှုတွေ မကြာခဏဖြစ်ပွားနေပြီး အချို့အမှုတွေမှာ စစ်တပ် ပါဝင်ပတ်သက်နေတယ်လို့ဒေသခံတွေက ပြောပါတယ်။

မတ်လ ၂၁ ရက်က ကျိုင်းတုံမြို့၊ ရပ်ကွက် (၄)၊ နောင်ခမ်းမီးပွိုင့်အနီးမှာရှိတဲ့ နေအိမ်တစ်အိမ်ကို လူ ၅ ဦးက ကားနဲ့လာပြီး ဓားပြတိုက်ပြီး အိမ်ရှင်ကို သတ်ဖြတ်သွားပါတယ်။မေလ ၁၃ ရက်ကလည်း ကျိုင်းတုံမြို့က ရွှေဆိုင်တစ်ဆိုင် ဓားပြတိုက်ခံရပြီး ဆိုင်ရှင်ဖြစ်သူ သတ်ဖြတ်ခံခဲ့ရပါတယ်။

တရားခံတွေဖမ်းမိခြင်းမရှိသေးဘဲ စိုးရိမ်ထိတ်လန့်နေရတယ်လို့မြို့ခံတွေက ပြောပါတယ်။

တြိဂံဒေသတိုင်းစစ်ဌာနချုပ်ဟာ ရှမ်းပြည်နယ်(အရှေ့ပိုင်း)ဒေသ ကာကွယ်ရေး၊ လုံခြုံရေးနဲ့ စစ်ဆင်ရေးဆိုင်ရာကိစ္စတွေကို အဓိကတာဝန်ယူရတာလို့ စစ်ကောင်စီကထုတ်ပြန်ထားပေမယ့် စစ်တပ်အနေနဲ့ပိုင်ပိုင်နိုင်နိုင် ထိန်းချုပ်နိုင်ခြင်းမရှိဘူးလို့ မြို့ခံတွေကပြောပါတယ်။ လက်ရှိ တိုင်းမှူးက ဗိုလ်ချုပ်စိုးမြတ်ထွဋ် ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊မြင်းခြံခရိုင်၊မလှိုင်မြို့နယ်၊ အိမ်ကြီးတောရွာသို့ စစ်ကြောင်း ထိုးလာတဲ့ စစ်ကောင်စီတပ်စစ်​ကြောင်းကို ​ဒေသခံPDF နဲ့ ပကဖတို့ကတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ အနည်းဆုံး ၂ဦးသေဆုံးပြီး ၁၀ဦး လက်နက်ချခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) စစ်ရုံးချုပ်ကဒီသတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊အင်း တော်မြို့နယ်၊မဲဇာတောင်နဲ့ ကောလင်းမြို့နယ်ကထွက်လာတဲ့ စစ်တပ်စစ်ကြောင်းတွေချိတ်ဆက်ဖို့ကြိုးစား နေပြီး တိုက်ပွဲ တွေ ဆက်တိုက်ပြင်းထန် နေတယ်လို့ ဒေသခံတွေကပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်တိုက်ပွဲမှာ အာဏာသိမ်းစစ်တပ်က တင့်ကားတွေပါ အသုံးပြုနေပြီး ကြည်းနဲ့လေ ပူးပေါင်းထိုစစ်ဆင်နေတယ်လို့ နေပြည်တော်တိုင်းစစ်ဌာနတိုင်း တာ၀န်ခံဗိုလ်လကျာ်က ပြောပါတယ်။

သတင်း

စစ်တပ်ကနှစ်ရက်ဆက် လေယာဉ်အုပ်နဲ့ဗုံးအလုံးရေခြောက်ဆယ်ကျော်ကြဲ