Connect with us

Hi, what are you looking for?

သတင်း

သင်ဇာဝင့်ကျော်နဲ့ နန်းမွေစံကို ထောင်ဒဏ် ၇ နှစ်အထိချလို့ရတဲ့ ပုဒ်မနဲ့အမှုဖွင့်

အီလက်ထရောနစ်ဆက်သွယ်ဆောင်ရွက်ရေးပုဒ်မ ၃၃ (က) ဟာ ထောင်ဒဏ် ၇ နှစ်အထိ ချလို့ရတဲ့ ပုဒ်မဖြစ်ပါတယ်။

သင်ဇာဝင့်ကျော်နဲ့ နန်းမွေစံကို ထောင်ဒဏ် ၇ နှစ်အထိချလို့ရတဲ့ ပုဒ်မနဲ့အမှုဖွင့်
သင်ဇာဝင့်ကျော်နဲ့ နန်းမွေစံကို ထောင်ဒဏ် ၇ နှစ်အထိချလို့ရတဲ့ ပုဒ်မနဲ့အမှုဖွင့်

လိင်အသားပေးဓာတ်ပုံနဲ့ ဗီဒီယိုတွေကို အခပေးဝက်ဘ်ဆိုက်တွေကတဆင့်ဖြန့်ဝေတာကြောင့်ဆိုပြီး သင်ဇာဝင့်ကျော်နဲ့ နန်းမွေစံတို့ကို စစ်ကောင်စီက အီလက်ထရောနစ်ဆက်သွယ်ဆောင်ရွက်ရေးပုဒ်မ ၃၃ (က) နဲ့အမှုဖွင့်အရေးယူလိုက်ပါတယ်။

အီလက်ထရောနစ်ဆက်သွယ်ဆောင်ရွက်ရေးပုဒ်မ ၃၃ (က) ဟာ ထောင်ဒဏ် ၇ နှစ်ကနေ ၁၅ နှစ်အထိ ချလို့ရတဲ့ ပုဒ်မဖြစ်ပါတယ်။

သင်ဇာဝင့်ကျော်ဟာ ပြီးခဲ့တဲ့ ဇူလိုင်လ ပထမပတ်အတွင်းက ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) ပြောရေးဆိုခွင့်ရှိသူရဲ့ သမီးမင်္ဂလာဆောင်ကို SSA ယူနီဖောင်းဝတ်ပွဲတက်ခဲ့တဲ့ ဓာတ်ပုံထွက်ပေါ်လာပြီးနောက် ဖမ်းဆီးထိန်းသိမ်းစစ်ဆေးခံနေရတာဖြစ်ပါတယ်။

မော်ဒယ် သင်ဇာဝင့်ကျော်ဟာ ၂၀၂၁ ခုနှစ် ဩဂုတ်လကစလို့ မော်ဒယ်ရှင်ယွန်းမြတ် ချိတ်ဆက်ပေးမှုနဲ့ Website တစ်ခုမှာ အခကြေးငွေ ရယူကာ လိင်အသားပေးဓာတ်ပုံနဲ့ ဗွီဒီယိုတွေဖြန်ဝေခဲ့တယ်လို့ ဒီကနေ့ စစ်ကောင်စီရဲ့ ဝါဒဖြန့်မိဒီယာကတဆင့်ထုတ်ပြန်ကြေညာခဲ့တာဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

မော်ဒယ် နန်းမွေစံကလည်း ၂၀၂၀ စက်တင်ဘာကစလို့ Website တစ်ခုမှာ လိင်အသားပေးဓာတ်ပုံတွေ ဖော်ပြခဲ့ပြီး အခကြေးငွေ ရယူခဲ့တယ်လို့ဆိုပါတယ်။

ဆက်စပ်သတင်းများ

သတင်း

တောင်ကြီးမြို့သို့ရောက်ရှိနေသည့် လားရှိုးမြို့မှစစ်ဘေးရှောင်တဦးအား ရွေးကောက်ပွဲပျက်ပြားစေရန် လှုံ့ဆော်သည်ဟုစွပ်စွဲကာ စစ်ကောင်စီကဖမ်းဆီးပြီး ထောင် ၇နှစ်ချလိုက်သည့်လုပ်ရပ်သည် လူထုကို ခြိမ်းခြောက်ခြင်းဟု တောင်ကြီးနှင့်လားရှိုးမြို့မှဒေသခံများကပြောသည်။

သတင်း

မေလ ၂၃ ရက်ညက ဗျူဟာသည် လျှပ်စစ်မီးမမှန်သည့်အပေါ် Live လွှင့်၍ ‌ဝေဖန်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီခေါင်းဆောင်နှင့် လျှပ်စစ်ဝန်ကြီးကို ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့သည်ဟုဆိုကာ မေလ ၂၅ရက်တွင် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

နိုင်ငံတကာ

ထောင်ကို ရောက်ပြီး ဆေးစစ်မှုတွေ လုပ်ဆောင်ခဲ့တဲ့အခါ အသက် ၇၄ နှစ်အရွယ် သက်ဆင်ဟာ အသက်အရွယ်ကြောင့်ရော၊ အရင်က နာတာရှည် ဝေဒနာတွေကြောင့်ပါ ကျန်းမာရေး အခြေအနေ အကောင်းဆုံး မဟုတ်တဲ့အတွက် ထောင်ရဲ့ ကုသဆောင်ဆီ ပို့ဆောင်ထားခဲ့ပါတယ်။

သတင်း

ဒီနေ့ ဇူလိုင်လ ၂၇ ရက်ဟာ ဒိုက်ဦးထောင်ကနေ နိုင်ငံရေးအကျဉ်းသား ၃၇ဦး ထောင်ပြောင်းရွှေ့မယ်ဆိုပြီး ခေါ်ထုတ်ခံရတာ တစ်လပြည့်တဲ့နေ့လည်းဖြစ်ပါတယ်။