Connect with us

Hi, what are you looking for?

သတင်း

လျှပ်စစ်မီးမလာလို့ဝေဖန်တဲ့ အဆိုတော်ဗျူဟာ ထောင်နှစ် နှစ်၂၀ချခံရ

မေလ ၂၃ ရက်ညက ဗျူဟာသည် လျှပ်စစ်မီးမမှန်သည့်အပေါ် Live လွှင့်၍ ‌ဝေဖန်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီခေါင်းဆောင်နှင့် လျှပ်စစ်ဝန်ကြီးကို ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့သည်ဟုဆိုကာ မေလ ၂၅ရက်တွင် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

လျှပ်စစ်မီးမလာလို့ဝေဖန်တဲ့ အဆိုတော်ဗျူဟာ ထောင်နှစ် နှစ်၂၀ချခံရ
လျှပ်စစ်မီးမလာလို့ဝေဖန်တဲ့ အဆိုတော်ဗျူဟာ ထောင်နှစ် နှစ်၂၀ချခံရ

လျှပ်စစ်မီးမမှန်သည့်အကြောင်းကို လူမှုကွန်ရက်တွင် Live လွှင့်ဝေဖန်ခဲ့သည် အဆို‌တော် ဗျူဟာကို စစ်ကောင်စီက ထောင်ဒဏ် နှစ် ၂၀ချမှတ်လိုက်ကြောင်း ၎င်း၏ ဇနီးဖြစ်သူက အသိပေးထားသည်။

“ငါ့ မိန်းမလေးနေမကောင်းဖြစ်နေတာပဲ။အနားမှာပဲနေပြီး ဂရုစိုက်ပေးမယ်ဆိုပြီး အခုတော့ နှစ်20တဲ့လား ဘာများလုပ်မိလို့ပါလဲ..”ဟု ဗျူဟာ၏ ဇနီး ခင်ချစ်ကြင်က ရေးသားထားသည်။

ဗျူဟာကို အင်းစိန်ထောင်တွင်းတရားရုံး၌ ယနေ့(ဩဂုတ် ၂၃ ရက်)နံနက်က ထောင်ဒဏ် ချမှတ်ခဲ့ခြင်းဖြစ်သည်။

မေလ ၂၃ ရက်ညက ဗျူဟာသည် လျှပ်စစ်မီးမမှန်သည့်အပေါ် Live လွှင့်၍ ‌ဝေဖန်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီခေါင်းဆောင်နှင့် လျှပ်စစ်ဝန်ကြီးကို ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့သည်ဟုဆိုကာ မေလ ၂၅ရက်တွင် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

“အဆိုတော် ဗျူဟာကိုအကြမ်းဖက်စစ်ကောင်စီက ထောင်ဒဏ် နှစ် ၂၀ချမှတ်လိုက်ပြီဆိုတဲ့သတင်းကိုတွေ့ရလို့ များစွာစိတ်မကောင်းဖြစ်ရပါတယ်။မီးပျက်လို့ Live လွှင့်ပြီး အမှန်တွေပြောတဲ့ အဆိုတော် ဗျူဟာအုပ်ချုပ်မှု့ ညံ့ဖျင်းတဲ့ မအလ အုပ်စုကို အဖွားကြီးထမိန် ခြုံထားဖို့ပြောတဲ့ အမှန်တရားရဲ့ဘက်တော်သား အဆိုတော်ဗျူဟာရေ ကျန်းမာရေးဂရုစိုက်ပါ။ အသက်ရှင်အောင်နေပေးပါလို့ ပြောချင်ပါတယ်။ကျုပ်တို့နေတဲ့နိုင်ငံကအမှန်တွေ ပြောရင် ထောင်ချခံရတဲ့နိုင်ငံဖြစ်နေပြီ”ဟု ပရိသတ်တစ်ဦးက အားပေးထားသည်။

စစ်ကောင်စီက အာဏာသိမ်းသည့် အချိန်မှစ၍ ဩဂုတ် ၂၁ရက်အထိ မတရားဖမ်းဆီးထားသူ ၂၄,၀၀၀ ကျော်ရှိပြီး မတရားပြစ်ဒဏ် ချမှတ်ခံထားရသူ ၇,၁၀၀ ကျော်ရှိကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP)က ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ အုန်းတော-ရွှေဘို မဟာဓာတ်အားလိုင်းတစ်လိုင်း ထပ်မံပျက်စီးသွားပြီး ရွှေဘိုတစ်မြို့လုံး ၃ ပတ်နီးပါးကြာ လျှပ်စစ်မီးပြတ်တောက်နေကြောင်း မြို့ခံတွေက ပြောပါတယ်။

သတင်း

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုရဲ့ သမီးဖြစ်သူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ လူငယ်တာဝန်ခံ မမိုး ဆန်းစုကြည်ကို အာဏာသိမ်းစစ်တပ်က အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ၅၂(က)နဲ့ ထပ်မံတရားစွဲဆိုပြီး ထောင်ဒဏ်ငါးနှစ်ချမှတ်လိုက်တယ်လို့ မိသားစုဝင်တွေက ပြောကြပါတယ်။

နိုင်ငံတကာ

ကမ္ဘာ့ဖလား ပြိုင်ပွဲကြီးရဲ့ ဖွင့်ပွဲ အခမ်းအနားမှာ ဖျော်ဖြေခွင့်ရတဲ့ ပထမဆုံး အရှေ့တောင်အာရှ အနုပညာရှင်အဖြစ် ထိုင်းအဆိုတော်မလေး လီဆာက မှတ်တမ်းသစ် ရေးထိုးနိုင်ခဲ့ပါတယ်။

သတင်း

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က အာဏာသိမ်းမှု ၅နှစ်အကြာမှာ ရွေးကောက်ပွဲလုပ် သမ္မတ ရာထူးရယူခဲ့တဲ့အပေါ် ၀လက်နက်ကိုင်တပ်(UWSA)က ဝမ်းမြောက်ဂုဏ်ယူကြောင်း သဝဏ်လွှာ ပေးခဲ့ပါတယ်။