Connect with us

Hi, what are you looking for?

သတင်း

လားရှိုးတွင်တရားပ​ဒေစိုးမိုးမှုမရှိ​ကြောင်း​​​ဝေဖန်​သောစစ်​​ဘေး​ရှောင်ကို စစ်​တပ်က​ ထောင် ၇ နှစ်ချ ၊ပြည်သူကိုခြိမ်း​ခြောက်မှုဟု​ ဒေသခံများ​ပြော

တောင်ကြီးမြို့သို့ရောက်ရှိနေသည့် လားရှိုးမြို့မှစစ်ဘေးရှောင်တဦးအား ရွေးကောက်ပွဲပျက်ပြားစေရန် လှုံ့ဆော်သည်ဟုစွပ်စွဲကာ စစ်ကောင်စီကဖမ်းဆီးပြီး ထောင် ၇နှစ်ချလိုက်သည့်လုပ်ရပ်သည် လူထုကို ခြိမ်းခြောက်ခြင်းဟု တောင်ကြီးနှင့်လားရှိုးမြို့မှဒေသခံများကပြောသည်။

လားရှိုးမြို့တွင်အမျိုးသမီးထံမှကားကို ​အမျိုးသားနှစ်ဦးကသေနတ်ဖြင့်ချိန်၍ လုယက်စဥ်။ ဓါတ်ပုံ-Screengrab

စက်တင်ဘာ-၉၊၂၀၂၅။လူအေး/People’s Spring

တောင်ကြီးမြို့သို့ရောက်ရှိနေသည့် လားရှိုးမြို့မှစစ်ဘေးရှောင်တဦးအား ရွေးကောက်ပွဲပျက်ပြားစေရန် လှုံ့ဆော်သည်ဟုစွပ်စွဲကာ စစ်ကောင်စီကဖမ်းဆီးပြီး ထောင် ၇နှစ်ချလိုက်သည့်လုပ်ရပ်သည် လူထုကို ခြိမ်းခြောက်ခြင်းဟု တောင်ကြီးနှင့်လားရှိုးမြို့မှဒေသခံများကပြောသည်။

သြဂုတ်လ၂၁ရက်နေ့က လားရှိုးမြို့ ရပ်ကွက်(၅)တွင် အမျိုးသမီးတစ်ဦးမောင်းနှင်လာသည့် အာရာဖတ်ကားကို ဆိုင်ကယ်စီးအမျိုးသားနှစ်ဦးက လူမြင်ကွင်း၌ ​သေနတ်ဖြင့် ခြိမ်း​ခြောက်၍လုယက်ခဲ့သည်။ ထိုဖြစ်စဉ်နှင့်အတူ လားရှိုးမြို့ တရားဥပဒေစိုးမိုးမှုမရှိကြောင်း လူမှုကွန်ရက်ပေါ်ဝေဖန်ခဲ့သည့် ကိုနေသွေးဆိုသူကို စစ်​ကောင်စီက ရွေးကောက်ပွဲပျက်ပြားစေရန် လှုံ့ဆော်သည်ဟုဆိုကာ ထောင် ၇နှစ်ချမှတ်လိုက်ကြောင်း ယ‌နေ့(စက်တင်ဘာလ ၉ရက်)၌ ကြေညာသည်။

ကိုနေသွေးသည် ၁‌၀၂၇ စစ်ဆင်ရေးနှင့်အတူ လားရှိုးမြို့တွင်ဖြစ်ပွားသောတိုက်ပွဲများကြောင့် တောင်ကြီးမြို့သို့လာရောက်၍ စစ်ဘေးရှောင်နေရသူဖြစ်သည်။

Public Service Announcement

Public Service Announcement

“စစ်အာဏာရှင်က ပြည်သူကို ရန်သူလို ဆက်ဆံတာ။ အိုးပစ်အိမ်ပစ်ပြီး စစ်ဘေးရှောင်ခဲ့ရလို့ ဒုက္ခရောက်နေပါတယ်ဆိုမှ ထောင်ထဲထည့်တာ။ ဒါက လုံးဝကိုလက်ခံနိုင်စရာမရှိဘူး။ဒါက ပြည်သူလူထုရဲ့အသံတွေကို ပိတ်ပစ်တာ”ဟု တောင်ကြီးမြို့ခံတစ်ဦးကပြောသည်။

လားရှိုးမြို့ပေါ်တွင် အမျိုးသမီးတစ်ဦးကားလုယက်ရခြင်းသည် တရားဥပဒေစိုးမိုးမှုလုံးဝမရှိခြင်းဖြစ်ပြီး မဲပေးရန်သာရင်တောင်းဆိုမနေရန်နှင့်မဲလိုချင်ပါကလူထုအကျိုးဆောင်ရွက်ရန် ကိုနေသွေးကဝေဖန်ခဲ့ခြင်းဖြစ်သည်။

လားရှိုးမြို့ခံတစ်ဦးကလည်း “ကိုနေ သွေးပြောတာအမှန်ပဲ။လားရှိုးမြို့မှာ နေ့တိုင်းလုယက်မှုဖြစ်တယ်။တရားဥပဒေစိုးမိုးမှုလုံးဝမရှိဘူး။ဒါကိုမပြင်ဆင်ဘဲနဲ့ ပတ်ရမ်းတာ”ဟု ပြောသည်။

ကိုနေသွေးကို တောင်ကြီးမြို့နယ်တရားရုံးကစက်တင်ဘာ ၉ ရက်ကအမိန့်ချမှတ်လိုက်ခြင်းဖြစ်သည်။

စစ်ကောင်စီကလာမည့်ဒီဇင်ဘာလတွင် မြို့နယ် ၁၀၂ ခု၌လရွေးကောက်ပွဲအပိုင်း(၁)ကိုပြုလုပ်မည်ဖြစ်ကြောင်း ကြေညာထားသည်။ တော်လှန်ရေးအင်အားတွေများထိန်းချုပ်ထားသောမြို့နယ်၆၃ခုကိုမူစစ်အုပ်ချုပ်ရေး ကြေညာပြီးမြေပြင်စစ်ကြောင်းထိုးမှုများ၊ လေကြောင်းနှင့်လက်နက်ကြီးတိုက်ခိုက်မှုများပြုလုပ်နေသည်။ ထို့အပြင် ရွေးကောက်ပွဲကို ဖျက်ဆီးပါက ပြင်းပြင်းထန်ထန်အရေးယူမည်ဟု ၎င်းတို့၏ဝါဒဖြန့်မီဒီယာများ၌ နေ့စဉ်ဖော်ပြနေသည်။

စစ်အုပ်စုက ရွေးကောက်ပွဲနှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှကာကွယ်ပေးရေးဥပဒေကိုဇူလိုင်လ ၂၉ ရက်ကထုတ်ပြန်ခဲ့ပြီးရွေးကောက်ပွဲ ပျက်ပြားစေရန် ပြောဆိုသူများကို ထောင်ဒဏ်၊ ငွေဒဏ်အပြင် လူသေဆုံးမှုဖြစ်စေပါက သေဒဏ်အထိ ချမှတ်မည်ဟု ခြိမ်း​​ခြောက်ထားသည်။

ရွေးကောက်ပွဲကိုအကြောင်းပြု၍ စစ်ကောင်စီက ဆိုးရွားသည့်လူအခွင့်အရေးချိုးဖောက်မှုများ ပြုလုပ်လာနိုင်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူများကသတိပေးထားသည်။

လက်ရှိတွင် ရန်ကုန်နှင့်မန္တလေးမြို့အပါအဝင် မြို့ကြီးများ၌ပါ တရားဥပဒေစိုးမိုးမှုမရှိဘဲ လုယက်မှုများ၊ဓားပြတိုက်မှုများမကြာခဏဖြစ်ပွားနေသည်။

လားရှိူးမြို့တွင်ပင်စက်တင်လာလ ၄ရက်ညကနေအိမ်အတွင်း ဝင်ရောက်သည့် သူခိုးကို ဒေသခံများကဝိုင်းဖမ်းစဉ် ဓားဖြင်ပြန်ခုတ်၍ အမျိုးသားနှစ်ဦးဒဏ်ရာရခဲ့သည်။ ကချင်ပြည်နယ်မြစ်ကြီးနားမြို့တွင်လည်း စက်တင်ဘာလ ၇ရက်နှင့်၈ရက်တွင် ရွှေဆိုင်ဓားပြတိုက်မှုအပါအဝင် ခိုးမှုနှင့် ဓားပြမှု သုံးမှုဖြစ်ခဲ့သည်။

ဧရာဝတီတိုင်း ဟင်္သာတမြို့မြို့တွင်လည်း ခရိုင်ရဲတပ်ဖွဲ့ရုံးနှင့် တရားရုံးအနီးရှိ သွားဆေးခန်းအတွင်း သွားဆရာဝန်လင်မယားအသတ်ခံရမှု ယမန်နေ့ညကဖြစ်ပွားခဲ့သည်။ တိုက်ပွဲပြင်းထန်နေသည့် ကချင်ပြည်နယ်ဖားကန့်မြို့တွင်လည်း စက်တင်ဘာ၉ ရက်ကရွှေဆိုင်တစ်ဆိုင်ဓားပြတိုက်ခံရမှု ဖြစ်ပွားခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

CNO/CNDFဟာ​တော်လှန်​ရေးကိုဆက်လုပ်ဆဲဖြစ်ပြီး အနာဂါတ်တွင်လည်းဆက်လက်​တော်လှန်မည်ဖြစ်သလို မကြာခင်သတင်းထုတ်ပြန်မည်ဟု ​တာဝန်ရှိသူအသိ​ပေး

သတင်း

အာဏာသိမ်းစစ်တပ်က သံတွဲမြို့နယ်၊ရွှေလှေ နဲ့ လင်းသီကျေးရွာတို့ကိုဒီက​​နေ့ ဂျက်ဖိုက်တာနဲ့ ဗုံးသုံးလုံး ကြဲချတိုက်ခိုက်ခဲ့တာကြောင့်အရပ်သားလူနေအိမ်ပေါ် တည့်တည့်ကျပြီး ၄ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊ မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ်တောင်ပိုင်းက ကျေးရွာတွေကို အာဏာသိမ်းစစ်တပ်က စက်တပ်လေထီးနဲ့ ဗုံးကြဲတိုက်ခိုက်ရာ ပြည်သူ ၁ဦးသေဆုံးပြီး ၂ ဦး ဒဏ်ရာရခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် ငါးပတ်ချောင်းရွာရဲ့ အနောက်ဘက် ရှေးဟောင်းသမိုင်းဝင်သစ္စာရဘုရားအနီး စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာမို့ အသက် ၇၆နှစ်အရွယ် စစ်ဘေးရှောင်အဘိုးအိုတစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။