Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ကျောင်းကုန်း – အင်းတော် – မော်လူးလမ်းပိုင်း ဖြတ်သန်းရမည့်အချိန် ကန့်သတ်

အသိပေးချက်များအား လိုက်နာခြင်းမရှိဘဲ ဖြတ် သန်းသွားလာပြီး တစ်စုံတစ်ရာဖြစ်ပွားခဲ့ပါက တာဝန်ယူဖြေရှင်းပေးမည်မဟုတ်ကြောင်းလည်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

အင်းတော်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က
အင်းတော်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့

စစ်ကိုင်းတိုင်းအထက်ပိုင်း မန္တလေး – မြစ်ကြီး နားဗျူဟာလမ်းမပေါ်ရှိ ကျောင်းကုန်း – အင်းတော်-မော်လူးလမ်းပိုင်း ဖြတ်သန်းရမည့်အချိန်ကို ကန့်သတ်ကြောင်း အင်းတော်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်သည်။

ယနေ့(သြဂုတ် ၉ ရက်)ကစ၍ အဆိုပါ လမ်းပိုင်းတွင် ည ၇ နာရီ မှ နံနက်၅ နာရီအတွင်း မည်သည့်ယာဥ်အမျိုးစားမဆို လုံးဝ(လုံးဝ)ဖြတ်သန်းသွားလာခြင်းမပြုဟု ဆိုသည်။

“အဓိကတော့ စစ်ရေးအရှိန်မြှင့်ချင်တယ်။ဒါကြောင့် တစ်ခုခုဆို ပြည်သူတွေ မထိခိုက်အောင်ကြိုတင်သတိပေးတာမျိုးဖြစ်တယ်။လိုက်နာဖို့လည်း တောင်းဆိုတယ်”ဟု အင်းတော်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက လူထုနွေဦးသို့ ပြောသည်။

လူနာတင်ယာဥ်များအနေဖြင့် အရေးပေါ်ဖြတ် သန်းသွားလာလိုပါက Indaw Revolution-IR နှင့် သက်ဆိုင်ရာအဖွဲ့စည်းသို့ အသိပေးပြီးမှသာလျှင် အရှိန်လျှော့မောင်းကာ ဖြတ်သန်းသွားလာရမည်ဖြစ်ပြီး စစ်ဆေးမေးမြန်းပါကလည်း အစစ် ဆေးခံနိုင်ရမည်ဟု အသိပေးသည်။

Public Service Announcement

Public Service Announcement

အသိပေးချက်များအား လိုက်နာခြင်းမရှိဘဲ ဖြတ် သန်းသွားလာပြီး တစ်စုံတစ်ရာဖြစ်ပွားခဲ့ပါက တာဝန်ယူဖြေရှင်းပေးမည်မဟုတ်ကြောင်းလည်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

ဆက်စပ်သတင်းများ

သတင်း

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ ထိခိုက်ကျဆုံးမှုများရှိပြီး အသေးစိပ်ကို အတည်မပြုနိုင်သေးကြောင်း ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

သတင်း

အဆိုပါထိတွေ့တိုက်ပွဲအတွင်း ဒဏ်ရာရရှိသွားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များ သေဆုံးခြင်းရှိ၊ မရှိကို အတည်ပြုနိုင်ခြင်း မရှိသေးဘဲ ဆက်လက်စုံစမ်းနေဆဲဖြစ်ပြီး ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့ဝင်များမှာ အထိအခိုက်အန္တရယ်မရှိ တိုက်ခိုက်နိုင်ခဲ့ကြောင်း အသိပေးထားသည်။

သတင်း

Non-CDM ဝန်ထမ်းများ အလင်းဝင်ခြင်းဆိုင်ရာ ကြေညာချက်ကို အင်းတော်မြို့နယ်ပြည်သူ့ချုပ်ရေးအဖွဲ့က ပြီးခဲ့သည့် နိဝင်ဘာ၂၄ရက်က ကြေညာခဲ့ခြင်းဖြစ်သည်။

သတင်း

နိုဝင်ဘာ ၂၄ ရက်က ဗောဓိတစ်ထောင်ဘက်ရှိ စစ်ကောင်စီစခန်းအား ဒေသတွင်းPDFများက သွားရောက်တိုက်ခိုက်ခဲ့ရာ ထိခိုက်မှုရှိ၍ စစ်ကူလာသည့် ယာဥ်များအား အပြန်တွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း အထက်ပါတာဝန်ခံက ဆိုသည်။