Connect with us

Hi, what are you looking for?

သတင်း

ကျောင်းကုန်း – အင်းတော် – မော်လူးလမ်းပိုင်း ဖြတ်သန်းရမည့်အချိန် ကန့်သတ်

အသိပေးချက်များအား လိုက်နာခြင်းမရှိဘဲ ဖြတ် သန်းသွားလာပြီး တစ်စုံတစ်ရာဖြစ်ပွားခဲ့ပါက တာဝန်ယူဖြေရှင်းပေးမည်မဟုတ်ကြောင်းလည်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

အင်းတော်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က
အင်းတော်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့

စစ်ကိုင်းတိုင်းအထက်ပိုင်း မန္တလေး – မြစ်ကြီး နားဗျူဟာလမ်းမပေါ်ရှိ ကျောင်းကုန်း – အင်းတော်-မော်လူးလမ်းပိုင်း ဖြတ်သန်းရမည့်အချိန်ကို ကန့်သတ်ကြောင်း အင်းတော်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်သည်။

ယနေ့(သြဂုတ် ၉ ရက်)ကစ၍ အဆိုပါ လမ်းပိုင်းတွင် ည ၇ နာရီ မှ နံနက်၅ နာရီအတွင်း မည်သည့်ယာဥ်အမျိုးစားမဆို လုံးဝ(လုံးဝ)ဖြတ်သန်းသွားလာခြင်းမပြုဟု ဆိုသည်။

“အဓိကတော့ စစ်ရေးအရှိန်မြှင့်ချင်တယ်။ဒါကြောင့် တစ်ခုခုဆို ပြည်သူတွေ မထိခိုက်အောင်ကြိုတင်သတိပေးတာမျိုးဖြစ်တယ်။လိုက်နာဖို့လည်း တောင်းဆိုတယ်”ဟု အင်းတော်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက လူထုနွေဦးသို့ ပြောသည်။

လူနာတင်ယာဥ်များအနေဖြင့် အရေးပေါ်ဖြတ် သန်းသွားလာလိုပါက Indaw Revolution-IR နှင့် သက်ဆိုင်ရာအဖွဲ့စည်းသို့ အသိပေးပြီးမှသာလျှင် အရှိန်လျှော့မောင်းကာ ဖြတ်သန်းသွားလာရမည်ဖြစ်ပြီး စစ်ဆေးမေးမြန်းပါကလည်း အစစ် ဆေးခံနိုင်ရမည်ဟု အသိပေးသည်။

Public Service Announcement

Public Service Announcement

အသိပေးချက်များအား လိုက်နာခြင်းမရှိဘဲ ဖြတ် သန်းသွားလာပြီး တစ်စုံတစ်ရာဖြစ်ပွားခဲ့ပါက တာဝန်ယူဖြေရှင်းပေးမည်မဟုတ်ကြောင်းလည်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်သားအများအပြား​သေဆုံးပြီး လက်နက်မျိုးစုံ ၃၀ ​ကျော်သိမ်းရဟုဆို

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်နဲ့ စစ်ကိုင်းတိုင်းအစပ် အင်းတော်ဒေသမှာလည်း တိုက်ပွဲတွေဆက်ဖြစ်နေကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA) သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ဒေသတွင်းကသောက်သုံးရေကန်တွေနဲ့ စားသောက်ကုန်တွေမှာစစ်တပ်ကအဆိပ်ခပ်သွားဟု​ဒေသခံ​တွေ​ပြော

သတင်း

အင်းတော်နဲ့မော်လူးမြို့နယ်ပတ်ဝန်းကျင်ကို စစ်တပ်က လေကြောင်းမှ ဗုံးမကြာခဏကြဲနေလို့ စစ်ဘေးရှောင် တွေလုံခြုံရေးအန္တရာယ်သတိပြုကြဖို့ တော်လှန်ရေးအင်အားစုတွေကသတိပေးထားပါတယ်။