Connect with us

Hi, what are you looking for?

သတင်း

သရုပ်ဆောင် စမိုင်းလ်တို့ဇနီးမောင်နှံ အမေရိကန်ရှိ ဇိမ်ခံနေအိမ်တစ်လုံးကို ဒေါ်လာ ၁၆ သန်းကျော်ပေးဝယ်

ရေကူးကန်၊ အားကစားခန်းမနဲ့ အိပ်ခန်းပေါင်းများစွာပါဝင်တဲ့ အဲဒီနေအိမ်ကို ဂျက်ဖရီးစတားက အစောပိုင်းမှာ ဒေါ်လာ သန်း ၂၀ နဲ့ရောင်းချဖို့ စျေးခေါ်ခဲ့ပြီး လွန်ခဲ့တဲ့ ၃ နှစ်ခန့် သူစတင်ဝယ်ယူခဲ့ ချိန်က ဒေါ်လာ ၁၄.၆ သန်းပေးခဲ့တာကြောင့် ဒေါ်လာ ၂ သန်းကျော်အမြတ်ထွက်ခဲ့ပါတယ်။

စမိုင်းလ်တို့မိသားစုဝယ်ယူခဲ့​သောအိမ်။ဓါတ်ပုံ-Compass
စမိုင်းလ်တို့မိသားစုဝယ်ယူခဲ့​သောအိမ်။ဓါတ်ပုံ-Compass

ရုပ်ရှင်သရုပ်ဆောင်စမိုင်းလ်တို့ဇနီးမောင်နှံဟာ အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယား Hidden Hills ရှိ ၃ ဧကနီးပါးကျယ်ဝန်းတဲ့နေအိမ်ကို ဒေါ်လာ ၁၆.၇ သန်းနဲ့ ဝယ်ယူလိုက်တယ်လို့ Dirt သတင်းဌာနက ဩဂုတ် ၅ ရက်မှာ ဖော်ပြပါတယ်။

ရောင်းချသူက အမေရိကန်မိတ်ကပ်အနုပညာရှင်၊ Youtuber ဂျက်ဖရီးစတားဖြစ်ပြီး သူဟာ သူရဲ့နေအိမ်ကို လွန်ခဲ့တဲ့ တစ်နှစ်ကျော်ကတည်းက အရောင်းတင်ထားခဲ့ပြီး မြန်မာလူမျိုးတွေ ဖြစ်တဲ့ စမိုင်းလ်တို့ ဇနီးမောင်နှံက ဝယ်ယူသွားခဲ့တာဖြစ်ပါတယ်။

ရေကူးကန်၊ အားကစားခန်းမနဲ့ အိပ်ခန်းပေါင်းများစွာပါဝင်တဲ့ အဲဒီနေအိမ်ကို ဂျက်ဖရီးစတားက အစောပိုင်းမှာ ဒေါ်လာ သန်း ၂၀ နဲ့ရောင်းချဖို့ စျေးခေါ်ခဲ့ပြီး လွန်ခဲ့တဲ့ ၃ နှစ်ခန့် သူစတင်ဝယ်ယူခဲ့ ချိန်က ဒေါ်လာ ၁၄.၆ သန်းပေးခဲ့တာကြောင့် ဒေါ်လာ ၂ သန်းကျော်အမြတ်ထွက်ခဲ့ပါတယ်။

စမိုင်းလ်တို့ဇနီး​မောင်နှံ။ ။ဓါတ်ပုံ-စမိုင်းလ်FB
စမိုင်းလ်တို့ဇနီး​မောင်နှံ။ ။ဓါတ်ပုံ-စမိုင်းလ်FB

စမိုင်းလ်တို့ဇနီးမောင်နှံဟာ ကယ်လီဖိုးနီးယားရဲ့ Rancho Cucamonga မှာ နှစ်ပေါင်းများစွာ နေထိုင်ခဲ့ပြီး မကြာသေးမီကတော့ Beverly Hills မှာရှိတဲ့ ခေတ်ပြိုင်နေအိမ်ကြီးတစ်လုံးကို အငှားချခဲ့ပါသေးတယ်။ အရင်နေထိုင်တဲ့ Rancho Cucamonga နဲ့ အခုဝယ်ယူလိုက်တဲ့ Hidden Hills ဟာ မိုင် ၇၀ လောက်ဝေးကွာတယ်လို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

ရုပ်ရှင်သရုပ်ဆောင်မျိုးရိုးရှိတဲ့ စမိုင်းလ်ဟာ စီးပွားရေးလုပ်ငန်းရှင် ဦးပြည့်မောင်နဲ့အိမ်ထောင်ကျခဲ့ပြီး သမီးနှစ်ဦးရှိပါတယ်။ ၂၀၀၀ ပြည့်လွန်နှစ်များက မြန်မာ့ရုပ်ရှင်နဲ့သရုပ်ဆောင်၊ မော်ဒယ်လ် အလုပ်များကို လုပ်ကိုင်ခဲ့တဲ့စမိုင်းလ်ဟာ နှစ်အတန်ကြာ ပြည်ပကိုရောက်ရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့အရပ်သားတစ်ပိုင်း ဦးသိန်းစိန်အစိုးရလက်ထက်မှာ ခင်ပွန်းဖြစ်သူရဲ့ စီးပွားရေးလုပ်ငန်း တွေနဲ့အတူ စမိုင်းလ်ဟာ တေးစီးရီး၊ စာအုပ်ရေးသားထုတ်ဝေးခြင်းနဲ့ အနုပညာလုပ်ငန်းတွေကို ပြန်လည်လုပ်ကိုင်ခဲ့ပါတယ်။

အိမ်​ရောင်းခဲ့​သော Jeffree Star ၊အိမ် နှင့် အိမ်၏အချက်အလက်များ။ ။ဓါတ်ပုံ- dirt
အိမ်​ရောင်းခဲ့​သော Jeffree Star ၊အိမ် နှင့် အိမ်၏အချက်အလက်များ။ ။ဓါတ်ပုံ- dirt

သူမရဲ့ခင်ပွန်း ဦးပြည့်မောင်ဟာ မြန်မာနိုင်ငံမှာ ဆက်သွယ်ရေးခက်ခဲနေချိန် ၂၀၁၂ ကစပြီး VMG Telecom နည်းပညာကုမ္ပဏီနဲ့ နိုင်ငံတကာဖုန်းခေါ်ဆိုမှုတွေပြုလုပ်နိုင်တဲ့ Ytalk ငွေဖြည့်ကတ် တွေကို ထုတ်လုပ်ရောင်းချခဲ့ပါတယ်။ဒါပမယ့် Ytalk ဟာမ​အောင်မြင်ခဲ့ပါဘူး။

ပြီးခဲ့တဲ့ အရပ်သားအစိုးရလက်ထက်မှာ စမိုင်းလ်တို့ဇနီးမောင်နှံကို အလှူအတန်းရက်ရောပြီး ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းများတိုးချဲ့လာသူလို့ အနုပညာအသိုင်းအဝန်းကြားမှာ သိရှိကြပါတယ်။

လက်ရှိမှာ စမိုင်းလ်ဟာ ပြင်ဦးလွင်မှာ SMILE ဟိုတယ်၊ ရန်ကုန်မှာ Smile Mart အပါအဝင် စီးပွားရေးလုပ်ငန်းအချို့ကို ပိုင်ဆိုင်ထားတယ်လို့ သိရပါတယ်။ အ​မေရိကန်နိုင်ငံမှာပါ​ဒေါ်လာသန်းဆယ်ချီတန်တဲ့ ​နေအိမ်​တွေဝယ်ယူနိုင်​အောင်ချမ်းသာတဲ့ သူတို့ရဲ့အဓိကလုပ်ငန်းကဘာလဲဆိုတာ​တော့မသိရပါဘူး။

ဆက်စပ်သတင်းများ

ဆောင်းပါး

စစ်အုပ်စုက နိုင်ငံတကာကအသိအမှတ်ပြုအောင် ကြိုးပမ်းနေချိန်မှာ အမေရိကန်မရိန်းတပ်သားဟောင်းတစ်ဦးကို လွှတ်ပေးဖို့ အမေရိကန်အရာရှိတွေမြန်မာကိုရှားရှားပါးပါး လာရောက်

နိုင်ငံတကာ

အရှေ့အလယ်ပိုင်း ဒေသကို တပ်တွေ စေလွှတ်မှာ မဟုတ်ကြောင်း တောင်ကိုရီးယား သမ္မတ လီဂျေမြောင်က အတည်ပြု ပြောကြားလိုက်ပါတယ်။

နိုင်ငံတကာ

အမေရိကန်ရဲ့ F-16 တိုက်လေယာဉ် တစ်စီးဟာ လူနေအိမ်တွေကြား မြက်ခင်းပေါ် ပျက်ကျပြီး အပြင်းအထန် မီးလောင်ကျွမ်း ပျက်စီးသွားခဲ့ပါတယ်။

နိုင်ငံတကာ

နှစ်နိုင်ငံ စစ်ဖြစ်နေပေမယ့်လည်း ကုလသမဂ္ဂ အထွေထွေ ညီလာခံ တက်ဖို့အတွက် အီရန် အစိုးရ ကိုယ်စားလှယ် အဖွဲ့ကို အမေရိကန်က ပြည်ဝင်ခွင့် ပြုသွားမယ်လို့ သိရပါတယ်။