Connect with us

Hi, what are you looking for?

သတင်း

စက်သုံးဆီဈေးမြင့်တက်ပြီး​ဒေသအချို့တွင်ဆီပြတ်လပ်နေ

စစ်ကောင်စီကစက်သုံးဆီကိုထိန်းချုပ်ထားပြီးဆိုင်များကိုလည်းကန့်သတ်ချက်ဖြင့်သာထုတ်ရောင်းပေးနေသည်ဟု စက်သုံးဆီဆိုင်ပိုင်ရှင်တစ်ဦးကပြောသည်။

(ရန်ကုန်မြို့တွင်ယခုနှစ်ဆန်းပိုင်းကစက်သုံးဆီပြတ်လပ်မည်စိုး၍ ဆီဝယ်ရန်ကားများနာရီ​ပေါင်းများစွာတန်းစီ​စောင့်ဆိုင်း​နေကြစဥ်။ ။ဓါတ်ပုံ- People's Spring)
(ရန်ကုန်မြို့တွင်ယခုနှစ်ဆန်းပိုင်းကစက်သုံးဆီပြတ်လပ်မည်စိုး၍ ဆီဝယ်ရန်ကားများနာရီ​ပေါင်းများစွာတန်းစီ​စောင့်ဆိုင်း​နေကြစဥ်။ ။ဓါတ်ပုံ- People's Spring)

ပြည်တွင်း၌စက်သုံးဆီဈေးများတက်​လာပြီးဝယ်ယူရခက်ခဲလာကာ ဒေသအချို့တွင် စက်သုံးဆီပြတ်တောက်နေသည်ဟု ​ဒေသခံများကပြောသည်။

စစ်ကောင်စီ၏ ဗဟိုဘဏ်က တစ်ဒေါ်လာကို ကျပ် ၁၈၅၀မှ ၂၁၀၀ကျပ်အထိ မြှင့်တင့်လိုက်ပြီးနောက် ပြည်တွင်းစက်သုံးဆီဈေးသည်တစ်လီတာကိုအနည်းဆုံးကျပ် ၂၅၀ အထိမြင့်တက်လာပြီးနောက် ဆိုင်အများစုက အရောင်းပိတ်ထားခြင်းဖြစ်သည်ဟုစက်သုံးဆီဝယ်ယူခဲ့သူများကပြောသည်။

ရန်ကုန်မြို့တွင် ဩဂုတ် ၇ရက်က အောက်တိန်း ၉၂ တစ်လီတာကို ၁၆၈၀ ကျပ် ၊ အောက်တိန်း ၉၅ တစ်လီတာကို ၁၇၄၀ကျပ် နှင့် ပရီမီယံ ဒီဇယ် တစ်လီတာကို ၂၀၉၀ကျပ်ရှိခဲ့သည်။ ၂ ရက်အကြာတွင်တစ်လီတာလျှင် ၁၀၀ ကျပ်မှ ၂၀၀ ကျပ်အတွင်း​ဈေးအသီးသီးတက်လာသည်။ယ​နေ့( ဩဂုတ် ၉ ရက်)တွင် အောက်တိန်း ၉၂ တစ်လီတာကို ကျပ် ၁၈၆၀ကျပ်၊ အောက်တိန်း ၉၅ တစ်လီတာကို ၁၉၂၀ကျပ်နှင့် ပရီမီယံ ဒီဇယ်တစ်လီတာကို ၂၁၈၅ကျပ်အထိ့​ဈေးတက်လာသည်။

“ရန်ကုန်မှာ ဆီဝယ်ရတာခက်တယ်။ ဆိုင်အများစုက ဆီပြတ်နေတာ ၂ရက်၊ ၃ ရက်လောက်ရှိနေပြီ”ဟု ဆီသွား​ရောက်ဝယ်ယူခဲ့​သောရန်ကုန်မြို့ခံတစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

နယ်မြို့များတွင်သယ်ယူစာရိတ်ကြောင့် ဈေးနှုန်းပိုမိုမြင့်မားနေပြီး အချို့မြို့များတွင် ဆီပြတ်လပ်နေသည်ဟု ​ဒေသခံများထံမှသိရသည်။

မန္တလေး၊ မူဆယ်၊ တောင်ကြီးစသည့်မြို့များတွင် စက်သုံးဆီပြတ်တောက်နေပြီးဆိုင်အများစုများအရောင်းပိတ်ထားသည်ဟု မြို့ခံများကပြောသည်။

အလားတူ ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင်အောက်တိန်း ၉၂ တစ်လီတာကို ၂၁၀၀ကျပ်မှ ၂၅၀၀ကျပ်အထိမြင့်တက်လာပြီး ဆိုင်အများစုမှာလည်း အရောင်းပိတ်ထားသည်ဟု မြစ်ကြီးနားမြို့ခံတစ်ဦးကပြောသည်။

စစ်ကောင်စီကစက်သုံးဆီကိုထိန်းချုပ်ထားပြီးဆိုင်များကိုလည်းကန့်သတ်ချက်ဖြင့်သာထုတ်ရောင်းပေးနေသည်ဟု စက်သုံးဆီဆိုင်ပိုင်ရှင်တစ်ဦးကပြောသည်။

“ဆီကဈေးတက်ပြီး လိုချင်သလောက်လဲ ဝယ်မရတော့ ထိန်းရောင်းနေရတော့ ဈေးက ပိုတက်လာတာ”ဟု ဆီဆိုင်ပိုင်ရှင်တစ်ဦးကပြောသည်။

နိုင်ငံအတွင်း စက်သုံးဆီတင်သွင်းခြင်းကို တစ်နှစ်လျှင်ဒေါ်လာ ၁ ဒသမ ၃ ဘီလီယံအသုံးပြုနေရ၍ စက်သုံးဆီတင်သွင်းမှုကို ​လျှော့ချရန် အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က သြဂုတ် ၈ ရက်နေ့ အစည်းအဝေးတွင်​ပြောခဲ့သည်။ ထိုသို့ပြောဆိုပြီးနောက် ပြည်တွင်း၌ စက်သုံးဆီဈေးများ မြင့်တက်လာပြီး မြို့အချို့တွင် စက်သုံးဆီပြတ်တောက်လာခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့မှာ စုံ/မစနစ်နဲ့ မော်တော်ယာဥ်တွေ ပြန်လည်ဖမ်းဆီးလာပြီး ယာဥ်အများအပြား ဖမ်း​ဆီးခံလိုက်ရကြောင်း ဒေသခံတွေက ပြောပါတယ်။

ဆောင်းပါး

အသုပ်စုံ ဆိုတာနဲ့ မိတ်ဆွေတို့က ခေါက်ဆွဲ၊ကြာဇံ၊တို့ဟူး၊အာလူး စတဲ့အရာတွေကို ရောထွေးပြီး သုပ်ထားတဲ့ စားစရာလို့ မြင်မိကြမှာပါ။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ စက်သုံးဆီဆိုင်အချို့ ခွဲတမ်းအတိုင်း ရောင်းချမပေးလို့ဆိုပြီး စက်သုံးဆီဝယ်ယူသူတွေနဲ့ အငြင်းပွားမှုတွေဖြစ်ပွားနေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ပြည်တွင်းစက်သုံးဆီဈေး သုံးပတ်ဆက် ဈေးကျပေမယ့် ဈေးနှုန်းက သိသိသာသာလျော့နည်းသွားတာတော့ မရှိသေးဘူးလို့ ယာဉ်ပိုင်ရှင်တွေက ပြောပါတယ်။