Connect with us

Hi, what are you looking for?

သတင်း

ဗကသများအဖွဲ့ဝင် ကိုသက်တင်အောင်၊ ကိုမြတ်သူနှင့် ကိုနောင်ထက်အောင်တို့ မတရားထောင်ဒဏ်များ ချမှတ်ခံရ

ထောင်ဒဏ်ချမှတ်ခံရသူများထဲမှ ရန်ကုန်ပညာရေး တက္ကသိုလ်ကျောင်းသားများ သမဂ္ဂ ဥက္ကဌဟောင်းကိုနောင်ထက်အောင်သည် အာဏာသိမ်းစစ်ကောင်စီ၏ တရားစီရင်​ရေးကို သပိတ်မှောက်သည့်အနေဖြင့် အစာငတ်ခံဆန္ဒပြနေသူ ဖြစ်သည်။

ဓာတ်ပုံ - ABFSU
ဓာတ်ပုံ - ABFSU

မုံရွာနှင့် ရန်ကင်းကျောင်းသားသမဂ္ဂမှ ကိုသုတစိုးနှင့် ကိုထွန်းခိုင်တို့ ထောင်ထပ်မံ ပြောင်းရွှေ့ခံရ

အကြမ်းဖက် စစ်အုပ်စုသည် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်(ဗကသ) ဗဟိုအမှုဆောင်အဖွဲ့ဝင် ဝိဇ္ဇာသိပ္ပံ အတွင်းရေးမှူး ကိုသက်တင်အောင်ကို ထောင်ဒဏ်(၆)နှစ်၊ ရတနာပုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂ သပိတ်ခေါင်းဆောင် ကိုမြတ်သူကို ထောင်ဒဏ်(၃)နှစ်၊ရန်ကုန်ပညာရေးတက္ကသိုလ်ကျောင်းသား များ သမဂ္ဂဥက္ကဌ ဟောင်း ကိုနောင်ထက်အောင်နှင့် BEGSC မှ ဆရာနိုင်းသီဟကျော်ကို ထောင်ဒဏ်(၃) နှစ်စီ မတရား အသီးသီးချမှတ်လိုက်ကြောင်း ဗကသများ အဖွဲ့ချုပ်က ယနေ့ (သြဂုတ် ၁၃) ထုတ်ပြန်သည်။

ကိုသက်တင်အောင်ကို ပြီးခဲ့သည့် ဇူလိုင် ၂၄ ရက်က တောင်ငူထောင်တွင်း တရားရုံးမှ ထောင်ဒဏ်(၆)နှစ် ချမှတ်ခဲ့ခြင်း ဖြစ်ပြီး ကိုမြတ်သူကို ပြီးခဲ့သည့် သြဂုတ် ၄ ရက်က အိုးဘိုအကျဥ်းထောင်တွင်း တရားရုံးမှ ၅၀၅(က)ဖြင့် ထောင်ဒဏ်(၃)နှစ်ချမှတ်ခဲ့ခြင်း ဖြစ်သည်။

ဓာတ်ပုံ - ABFSU
ဓာတ်ပုံ – ABFSU

အလားတူ ကိုနောင်ထက်အောင်နှင့် ဆရာနိုင်းသီဟကျော်တို့ကို ပြီးခဲ့သည့် သြဂုတ် ၁၀ ရက်က အိုးဘိုထောင်တွင်းတရားရုံးမှ ရုံးထုတ်ခြင်းမပြုဘဲ မျက်ကွယ်ပြစ်ဒဏ် ထောင်ဒဏ်(၃)နှစ်စီ ချမှတ်လိုက်​ကြောင်း ဗကသများ အဖွဲ့ချုပ်က ဖော်ပြခဲ့သည်။

ထောင်ဒဏ်ချမှတ်ခံရသူများထဲမှ ရန်ကုန်ပညာရေး တက္ကသိုလ်ကျောင်းသားများ သမဂ္ဂ ဥက္ကဌဟောင်းကိုနောင်ထက်အောင်သည် အာဏာသိမ်းစစ်ကောင်စီ၏ တရားစီရင်​ရေးကို သပိတ်မှောက်သည့်အနေဖြင့် အစာငတ်ခံဆန္ဒပြနေသူ ဖြစ်သည်။

Public Service Announcement

Public Service Announcement

ဓာတ်ပုံ - ABFSU
ဓာတ်ပုံ – ABFSU

ထို့ကြောင့် ကိုနောင်ထက်အောင်ကို အကျဥ်းထောင်ဝန်ထမ်းများက ဝိုင်းဝန်းရိုက်နှက်ရာ ရှေ့သွားကျိုး၊ ခေါင်းပေါက်၊ ကျောကွဲဒဏ်ရာများ ရရှိခဲ့ပြီး အသက်အန္တရာယ် စိုးရိမ်ရသည့် အခြေအနေရှိကြောင်းကိုလည်း ယမန်နေ့တွင် ဗကသများအဖွဲ့ချုပ်က ဖော်ပြခဲ့သည်။

ထို့​အပြင် စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြမှုကြောင့် ဖမ်းဆီးထိန်းသိမ်းခံ ထားရသော မုံရွာပညာရေးကောလိပ်ကျောင်းသားများသမဂ္ဂမှ ကိုထွန်းခိုင်ကို မုံရွာထောင်မှ မြင်းခြံအကျဥ်း ထောင်သို့ ပြောင်းရွှေ့ခဲ့ပြီး ရန်ကင်းပညာရေး ကောလိပ်ကျောင်းသားများသမဂ္ဂမှ ကိုသုတစိုးကိုလည်း ကျိုက်မရောထောင်မှ သာယာဝတီထောင်သို့ ထပ်မံပြောင်းရွှေ့ခံခဲ့ရကြောင်း သိရသည်။

ကိုသုတစိုးသည် အင်းစိန်ထောင်မှ ကျိုက်မရောအကျဥ်းထောင်သို့ ပြောင်းရွှေ့ခံ ခဲ့ရပြီး ယခုတွင်မူ ကျိုက်မရောထောင်မှ သာယာဝတီအကျဥ်းထောင်သို့ ထပ်မံပြောင်းရွှေ့ခံရခြင်းလည်း ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းနဲ့ မကွေးတိုင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံတော်လှန်ပြည်သူတွေဟာ နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်နေကြောင်း သက်သေပြသပေးဖို့နဲ့ ဗကသများအဖွဲ့ချုပ် နှစ် (၉၀)ပြည့် လူထုလှုပ်ရှားမှုတွေကို ဒီကနေ့ (မေ ၉) မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်အနေနဲ့ မိတ်ဆွေတွေကြားက ပဋိပက္ခတွေ၊ အဆင်မပြေတာတွေကို ဆက်လက်သယ်ဆောင်မသွားဘဲ ရန်သူကို နိုင်အောင်တိုက်မယ့် တိုက်ပွဲဝင်စိတ်နဲ့ ရှေ့ဆက်သွားမယ်လို့ မေ ၈ ရက်မှာ ကျရောက်တဲ့ နှစ် (၉၀) ပြည့်အထိမ်းအမှတ်မှာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

တောင်ကြီးမြို့သို့ရောက်ရှိနေသည့် လားရှိုးမြို့မှစစ်ဘေးရှောင်တဦးအား ရွေးကောက်ပွဲပျက်ပြားစေရန် လှုံ့ဆော်သည်ဟုစွပ်စွဲကာ စစ်ကောင်စီကဖမ်းဆီးပြီး ထောင် ၇နှစ်ချလိုက်သည့်လုပ်ရပ်သည် လူထုကို ခြိမ်းခြောက်ခြင်းဟု တောင်ကြီးနှင့်လားရှိုးမြို့မှဒေသခံများကပြောသည်။

သတင်း

ဆဲဗင်းဇူလိုင် ၆၃ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ချင်းမိုင်မြို့ရှိထိုင်းနိုင်ငံဆိုင်ရာမြန်မာကောင်စစ်ဝန်ရုံးရှေ့၌ "Long Live Students’ Revolution" စာသားပါဘန်နာကို ထိုင်းရှိ ဗသကရဲဘော်များက ချိတ်ဆွဲခဲ့​ကြောင်းထုတ်ပြန်သည်။