Connect with us

Hi, what are you looking for?

သတင်း

ကျိုက်ထိုမြို့နယ် လက်ပင်ရွာအနီးတိုက်ပွဲ စစ်ကောင်စီတပ် ၁၃ဦးသေဟု KNU ထုတ်ပြန်

သြဂုတ် ၁၉ ရက် ညနေပိုင်းတွင် လက်ပံပင်ရွာ အနီးတွင် နယ်မြေကျူးကျော်တပ်စွဲထားသော အင်အား ၁၀၀ခန့်ရှိ စစ်ကောင်စီတပ်နှင့် KNLA ပူးပေါင်းတပ်ဖွဲ့များအကြား တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

ဓာတ်ပုံ - KNU
ဓာတ်ပုံ - KNU

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၁)နယ်မြေ ကျိုက်ထိုမြို့နယ် လက်ပံပင်ရွာအနီး တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ ၁၃ဦး သေဆုံးကာ လေးဦး ဒဏ်ရာရရှိခဲ့ကြောင်း KNU ဗဟိုက သတင်းထုတ်ပြန်သည်။

သြဂုတ် ၁၉ ရက် ညနေပိုင်းတွင် လက်ပံပင်ရွာ အနီးတွင် နယ်မြေကျူးကျော်တပ်စွဲထားသော အင်အား ၁၀၀ခန့်ရှိ စစ်ကောင်စီတပ်နှင့် KNLA ပူးပေါင်းတပ်ဖွဲ့များအကြား တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

အဆိုပါ တိုက်ပွဲ၌ စစ်ကောင်စီတပ်သား ၁၃ ဦးသေဆုံးပြီး လေးဦး ဒဏ်ရာရရှိခဲ့ကြောင်း ဖော်ပြထားသည်။ တိုက်ပွဲတွင် KNLAနှင့်ပူးပေါင်းတပ်ဖွဲ့တို့ ထိခိုက်မှုမရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း အသိပေးထားသည်။

တိုက်ပွဲဖြစ်ပွားပြီးနောက် ညနေပိုင်းတွင် စစ်ကောင်စီတပ်သည် အနီးနားရှိကျေးရွားများအတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့၍ မဲရုံးလေး၊ လက်ပံပင်၊ ကျောက်ပုံ ကျေးရွာများမှ ရွာသူရွာသားများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

KNU ကျိုက်ထိုမြို့နယ်အတွင်း စစ်ကောင်စီမှ လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုများကြောင့် ဒေသခံများ စစ်ဘေးတိမ်းရှောင်နေကြရကြောင်း၊ လက်ရှိ အချိန်ထိ ဒေသခံစစ်ရှောင် ၂၂,၀၀၀ ကျော်ရှိကြောင်း KNUက ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

ကျောက်ဖြူမြို့နယ်၊တောင်မော်ဦး(​တောင်​မော်ကြီး )ရေတပ်စခန်းရဲ့ ကာကင်းတွေအပါအဝင် ရှေ့တန်းစစ်မျက်နှာသုံးခုထက် မနည်းမှာ အာရက္ခတပ်တော်(AA) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြားတိုက်ပွဲပြင်းထန်နေလို့ စစ်​ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။