Connect with us

Hi, what are you looking for?

သတင်း

“တောကျီးကန်းစစ်ဆင်ရေး”အဖြစ် ရေစကြိုမြို့တွင် စျေးကောက်လာသော ပျူခေါင်းဆောင်ထွန်းအောင်ကျော်ပါ ငါးဦးကို ရှင်းလင်း၊ လက်နက်များသိမ်းဆည်းရမိ

မြို့ပြအထူးစစ်ဆင်ရေးအရ တိုက်ခိုက်မှုကို Phoenix အထူးပြောက်ကျားတပ်ဖွဲ့၊ဒေါင်းညီနောင် PDF၊Black Wolf People’s Defense Force (MDY)နှင့်People’s Defense Force – Mandalay တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

"တောကျီးကန်းစစ်ဆင်ရေး"အဖြစ် ရေစကြိုမြို့တွင် စျေးကောက်လာသော ပျူခေါင်းဆောင်ထွန်းအောင်ကျော်ပါ ငါးဦးကို ရှင်းလင်း
"တောကျီးကန်းစစ်ဆင်ရေး"အဖြစ် ရေစကြိုမြို့တွင် စျေးကောက်လာသော ပျူခေါင်းဆောင်ထွန်းအောင်ကျော်ပါ ငါးဦးကို ရှင်းလင်း

“တောကျီးကန်းစစ်ဆင်ရေး”အဖြစ် ရေစကြိုမြို့တွင် စျေးကောက်ကောက်၍ ကင်းပတ်လာသော ပျူစောထီးခေါင်းဆောင် ထွန်းအောင်ကျော် အပါအဝင် စစ်ကောင်စီတပ်သားငါးဦးကိုရှင်းလင်းခဲ့ပြီး လက်နက်များရရှိကြောင်း Phoenix အထူးပြောက်ကျားတပ်ဖွဲ့ – ရေစကြိုက ယနေ့(သြဂုတ် ၃၁ ရက်) ထုတ်ပြန်သည်။

တိုက်ခိုက်မှုဖြစ်စဥ်အရ သြဂုတ် ၂၉ ရက် နံနက် ၇ နာရီခွဲခန့်တွင် ရေစကြိုမြို့ အမှတ်(၈) ရပ် ကွက် ဘောလုံးကွင်းပျံကျစျေးအနီးတွင် စျေးကောက်ပြီး ကင်းပတ်လာသော ပျူခေါင်းဆောင် ထွန်းအောင်ကျော်အပါအဝင် စစ်ကောင်စီတပ်သားနှင့်ပျူစောထီးငါးဦးကို စက္ကန့်ပိုင်းအတွင်း ရှင်းလင်းနိုင်ခဲ့သည်ဟု ဆိုသည်။

"တောကျီးကန်းစစ်ဆင်ရေး"အဖြစ် ရေစကြိုမြို့တွင် စျေးကောက်လာသော ပျူခေါင်းဆောင်ထွန်းအောင်ကျော်ပါ ငါးဦးကို ရှင်းလင်း
“တောကျီးကန်းစစ်ဆင်ရေး”အဖြစ် ရေစကြိုမြို့တွင် စျေးကောက်လာသော ပျူခေါင်းဆောင်ထွန်းအောင်ကျော်ပါ ငါးဦးကို ရှင်းလင်း

၎င်းတို့ထံမှ သိမ်းဆည်းရရှိသော လက်နက်များအရ MA 4 (၁)လက်၊ MA 1 (၁)လက်၊ AK-47 (၁)လက်၊ ကာဘိုင် (၂)လက် နှင့်အတူ MA ကျည်ဘောက် (၅) ခု၊ (၄၀) မမ ဗုံးသီး (၄)လုံး၊ အီနာဂါ (၅)လုံး ၊ လက်ပစ်ဗုံးတစ်လုံး၊ ဖုန်း (၂) လုံး သိမ်းဆည်းရရှိခဲ့ကြောင်း ဖော်ပြသည်။

” (၈)ရပ်ကွက်၊ ဘောလုံးကွင်းထဲမှာ ဖွင့်လှစ်ထားတဲ့ ယာယီပျံကျဈေးကို ပိုက်ဆံလာကောက်တာ။ သူတို့(အကြမ်းဖက်စစ်အုပ်စု)ကားပေါ်က ဆင်းနေတုန်း ပစ်သတ်ခံလိုက်ရတာ။ အဲဒီစျေးလည်း သိပ်မကြာဘူး နေ့လည်လောက်မှာ ဖျက်ဆီးခံရတယ်။ စျေးသည်တစ်ဦပါ စစ်ခွေးတွေ ပစ်သတ်သွားတယ်”ဟု ရေစကြိုမြို့နယ် သတင်းရင်းမြစ်က လူထုနွေဦးသို့ ပြောသည်။

Public Service Announcement

Public Service Announcement

ပစ်ခတ်မှုဖြစ်စဥ်အတွင်း အကြမ်းဖက်စစ်အုပ်စုဘက်မှ အနည်းငယ်ပြန်လည်ပစ်ခတ်သော် လည်း အိတ်အတွင်းထည့်ထားသော ကျည်ဘောက်ကိုထိမှန်ကာ ကံကောင်းထောက်မစွာ ထိခိုက်မှုမရှိခဲ့ဘဲ ပြည်သူ့ရဲဘော်များ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း အသိပေးသည်။

“ထွန်းအောင်ကျော်ဆိုတာ ရေစကြိုရဲ့ ပျူခေါင်းဆောင်ဖြစ်ပါတယ်။ မြို့ပေါ်မှာလည်း မထင်ရင်မထင်သလို ခိုးဆိုးလုယက်လုပ်နေတာပါ။ နယ်ဘက်တွေမှာလည်း သူတို့တွေသွားပြီးတော့ ယခင်က တော်လှန်ရေးထောက်ခံတဲ့သူတွေအိမ်ကို ဖျက်ဆီးတယ်။ လူတွေ့ရင်လူဖမ်းတယ် သတ်တယ်။ NLD အမာခံတွေကို အဓိကထားပြီး ဖမ်းဆီးသတ်ဖြတ်တာတွေလုပ်ဆောင်နေပါတယ်။”ဟု Phoenix-အထူးပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူက ပြောသည်။

လက်ရှိတွင် စစ်အုပ်စုက အင်အားအလုံးအရင်းဖြင့် လမ်းကြောင်းများကို ပိတ်ဆို့စစ်ဆေးနေပြီး လမ်းပေါ်ရှိ အပြစ်မဲ့ပြည်သူသုံးဦးကို ပစ်ခတ်မှုပြုလုပ်ခဲ့ကာ ထိခိုက်သေဆုံးဆုံးမှုရှိသည် ကြားသိရသည့်အတွက် ပြည်သူများအနေဖြင့် စစ်အုပ်စုနှင့် အဝေးဆုံးမှာ နေထိုင်ပေးရန် မေတ္တာရပ်ခံထားသည်။

မြို့ပြအထူးစစ်ဆင်ရေးအရ တိုက်ခိုက်မှုကို Phoenix အထူးပြောက်ကျားတပ်ဖွဲ့၊ဒေါင်းညီနောင် PDF၊Black Wolf People’s Defense Force (MDY)နှင့်People’s Defense Force – Mandalay တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ စစ်မှုထမ်းတပ်သားတွေနဲ့ အင်အားဖြည့်ထားတဲ့ စစ်တပ်က စစ်ကြောင်းထိုးဖို့ ပြင်ဆင်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ စစ်တပ်က အင်အား ၅၀ဝ ခန့် ထပ်မံရောက်ရှိလာပြီး စစ်မှုထမ်းတပ်သားသစ်တွေလည်း ပါဝင်လာကြောင်း ရေစကြိုသတင်းအချက်အလက်ကော်မတီရဲ့ တာဝန်ရှိသူက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ကန့်ဘလူမြို့နယ်၊ ဇာဒီပျူ​စောထီးရွာမှာ ကင်းစောင့် နေတဲ့ ပျူစောထီးတဦးကို ကွမ်ယာ​ကြွေးဟန်ပြုပြီး အနီးကပ်ပစ်ခတ်ကာG3 တလက်သိမ်းနိုင်ခဲ့တယ်လို့ ကန့်ဘလူခရိုင်ပကဖ လှုပ်ရှား​ရေးတပ်ရင်းက ဒုတပ်ရင်းမှူးဗိုလ်ပိုင်ချဲက ပြောပါတယ်။

သတင်း

​မောင်နှစ်မချင်းရန်ဖြစ်၍ပျူကိုတိုင်ရာအကိုဖြစ်သူကိုဖမ်း​ခေါ်သွားပြီးသတ်လိုက်လို့ ​မိသားစုကငွေ​​ပေးကာအ​လောင်းပြန်ထုတ်ရ