Connect with us

Hi, what are you looking for?

သတင်း

မြောင်နှင့် ရေစကြိုမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် အကြောင်းမဲ့ပစ်ခတ်၍ ပြည်သူနှစ်ဦး ထိခိုက်ဒဏ်ရာရ

ယနေ့ (ဇူလိုင်လ ၂၃ရက်) ညနေ ၆နာရီခန့်က မြောင်မြို့နယ်၊ နွေတစ်ချောင်းကျေးရွာ၌ တပ်စွဲထားသောစစ်ကောင်စီတပ်သည် အနီးကျေးရွာများကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည်။

(ဇူလိုင်လဆန်းပိုင်းက မြောင်နယ်ရှိကျေးရွာတစ်ရွာအား အကြမ်းဖက်စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့စဥ်၊ဓာတ်ပုံ-MBTT)
(ဇူလိုင်လဆန်းပိုင်းက မြောင်နယ်ရှိကျေးရွာတစ်ရွာအား အကြမ်းဖက်စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့စဥ်၊ဓာတ်ပုံ-MBTT)

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်နှင့် မကွေးတိုင်း၊ ရေစကြိုမြို့နယ်တွင် ယနေ့ညနေပိုင်းက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြမ်းဖက်စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် အကြောင်းမဲ့ပစ်ခတ်ခဲ့၍ ဒေသခံပြည်သူနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ​ဒေသခံများက ပြောသည်။

ယနေ့ (ဇူလိုင်လ ၂၃ရက်) ညနေ ၆နာရီခန့်က မြောင်မြို့နယ်၊ နွေတစ်ချောင်းကျေးရွာ၌ တပ်စွဲထားသောစစ်ကောင်စီတပ်သည် အနီးကျေးရွာများကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည်။

ထိုသို့ပစ်ခတ်မှုကြောင့် ကျောက်တန်းအနောက်ကျေးရွာပေါ်သို့ ကျရောက်ပြီး ၎င်းကျေးရွာရှိ အသက်၂၁နှစ်အရွယ် မောင်တင်ကိုဦး၌ ဝမ်းဗိုက်ဒဏ်ရာနှင့် အသက်၂၅နှစ်အရွယ် မောင်လှခိုင်​၏ လက်မောင်းဒဏ်ရာများ အသီးသီးရရှိခဲ့ကြောင်း မြောင်အခြေစိုက် MBTTအဖွဲ့မှ ဗိုလ်တောက်ထွန်းက အသိပေးသည်။

Public Service Announcement
Public Service Announcement

ဒေသခံပြည်သူများလည်း ထွက်ပြေးတိမ်းရှောင်နေရပြီး တိုက်ပွဲမရှိဘဲ လက်နက်ကြီးများနှင့် အဝေးကပစ်ခတ်နေသောကြောင့် ပြည်သူများသတိထားသွားလာကြရန် ဗိုလ်တောက်ထွန်းက သတိပေးသည်။

Public Service Announcement

Public Service Announcement

အလားတူ မြောင်နယ်နှင့် နယ်မြေချင်းဆက်နေသည့် မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ အမှတ်(၁)ထင်းတန်း ဇီးကျွန်းရပ်ရှိ မြစ်ကမ်းနားဘက်တွင်လည်း လက်နက်ကြီးကျည် ၁ လုံးကျရောက် ပေါက်ကွဲခဲ့ကြောင်း ဒေသခံများက ပြောသည်။

ယင်းလက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ထိခိုက်မှုအခြေအနေ မသိရသေးဟု ဒေသခံတို့က ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

၄၉၂၆ စစ်ဆင်ရေးလို့ စစ်အုပ်စုက ကြွေးကြော်ပြီး စစ်ကြောင်းတွေတက်လာတဲ့ ပန်း‌တောင်းမြို့က ကပစ(၁၆)အနီးပတ်ဝန်းကျင်မှာ ဒီနေ့ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်အနောက်ခြမ်းရှိကျွန်းကြီးရွာမှာတပ်စွဲထားတဲ့ စစ်တပ်က ဒီက​နေ့မနက်ပိုင်းမှာလက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာ​​ကြောင့် ဝက်လက်မြို့နယ်အရှေ့ခြမ်းကိုကျပြီး လင်မယားနှစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

သတင်း

စစ်တပ် သေဆုံးသူများပြီး စစ်သုံ့ပန်းနဲ့ လက်နက်တွေ သိမ်းရ

Facebook