Connect with us

Hi, what are you looking for?

သတင်း

ကန့်ဘလူ ကာဘိုးစစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှုရှိ

အဆိုပါဖြစ်စဥ်တွင် ရွှေဘိုခရိုင်တပ်ရင်း(၇)၊ တန့်ဆည် နယ်ပြည်သူလုံခြုံရေးတပ်ဖွဲ.(ပ.လ.ဖ)၊ မြောက်ပိုင်းမဟာမိတ်ဖွဲ့(ဓူဝံ)တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူရဲဘော်တစ်ဦး ဒဏ်ရာအနည်းငယ်ရရှိကာ မစိုးရိမ်ရကြောင်း ဒေသတွင်းအဖွဲ့များက ပြောသည်။

(ကာဘိုးဆည်အား တွေ့ရစဥ်၊ ဓာတ်ပုံ - Cj)
(ကာဘိုးဆည်အား တွေ့ရစဥ်၊ ဓာတ်ပုံ - Cj)

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ကာဘိုးစစ်ဆေးရေးဂိတ် ပစ်ခတ်တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုရှိကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက ပြောသည်။

ယမန်နေ့(စက်တင်ဘာ ၃ရက်)နံနက် ၁၁နာရီခွဲခန့်က စစ်ကောင်စီတပ်နှင့် ပျူစောထီးများ အထိုင်ချထားသော ကာဘိုးစစ်ဆေးရေးဂိတ်ရှိ စစ်အုပ်စုနှင့်ပျူ ၁၅ဦးကို ဝင်ရောက်ပစ်ခတ်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် လေးဦးသေဆုံးပြီး ခြောက်ဦး ထိခိုက်ဒဏ်ရာရရှိသွားကြောင်း ဒေသတွင်းအဖွဲ့များက Voice Of Taze သို့ သတင်းပေးထားသည်။

အဆိုပါဖြစ်စဥ်တွင် ရွှေဘိုခရိုင်တပ်ရင်း(၇)၊ တန့်ဆည် နယ်ပြည်သူလုံခြုံရေးတပ်ဖွဲ.(ပ.လ.ဖ)၊ မြောက်ပိုင်းမဟာမိတ်ဖွဲ့(ဓူဝံ)တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူရဲဘော်တစ်ဦး ဒဏ်ရာအနည်းငယ်ရရှိကာ မစိုးရိမ်ရကြောင်း ဒေသတွင်းအဖွဲ့များက ပြောသည်။

သြဂုတ်အတွင်းက စစ်ကောင်စီတပ်များသည် ကန့်ဘလူ၊ ကျွန်းလှနှင့် ကောလင်းမြို့နယ်စပ်​ကျေးရွာများကို မီးရှို့ဖျက်ဆီးခြင်းများပြုလုပ်ခဲ့ပြီး ဒေသခံပြည်သူ ၄၀ထက်မနည်း ဖမ်းဆီးသတ်ဖြတ်ခံခဲ့ရသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။

သတင်း

ရန်ကုန်မြို့၊တောင်ဥက္ကလာပမြို့နယ်မှာ အမျိူသမီး ၁ဦး ဓာတ်လိုက်သေဆုံးမှုဖြစ်ခဲ့တယ်လို့ သွားရောက်ကူညီပေးခဲ့တဲ့ မေတ္တာသီတာရေစင်လူမှုကူညီရေးအသင်းက အသိပေးထားပါတယ်။

သတင်း

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ် ကျင်ဒွေးမြို့ ကျင်ဒွေးတံတားကို စစ်တပ်က တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ကျင်ဒွေးတံတား ထိန်းသိမ်းပြုပြင်နေတဲ့ အရပ်သား ၉ဦး သေဆုံးကာ ၃ဦး ဒဏ်ရာရခဲ့တယ်လို့ ချင်းပြည်သူ့အစည်းအရုံး/ချင်းပြည်သူ့တပ်မတော်(CPU/CPA)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ချင်းပြည်နယ်၊ ကျင်ဒွေးမြို့ကို စစ်တပ်ကလေကြောင်းကနေဗုံးကြဲတိုက်ခိုက်လို့ လမ်းတံတားပြင်ဆင်နေတဲ့ ဆောက်လုပ်ရေးလုပ်သား၉ဦး သေဆုံးပြီး ၂ဦးဒဏ်ရာရရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။။