Connect with us

Hi, what are you looking for?

သတင်း

ထားဝယ်တွင် နှစ်ရက်ဆက်တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ် ၂၃ဦးခန့်သေဟုဆို ၊ PDF ရဲဘော်နှစ်ဦးဒဏ်ရာရ

ယင်းတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၁၅ဦးခန့်သေဆုံးကာ ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်နှစ်ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)ရခဲ့သည်ဟု ဖော်ပြသည်။

(ထားဝယ်ပြောက်ကျားတော်လှန်ရေးတပ်ဖွဲ့(DGRF)မှ ရဲဘော်များအား တွေ့ရစဥ်)
(ထားဝယ်ပြောက်ကျားတော်လှန်ရေးတပ်ဖွဲ့(DGRF)မှ ရဲဘော်များအား တွေ့ရစဥ်)

တနင်္သာရီတိုင်း ထားဝယ်မြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးတပ်များနှစ်ရက်ဆက်တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်မှ ၂၃ဦးခန့်သေဆုံးကာ PDF ရဲဘော်နှစ်ဦး မစိုးရိမ်ရဒဏ်ရာရခဲ့ကြောင်း ထားဝယ်ပြောက်ကျားတော်လှန်ရေးတပ်ဖွဲ့(DGRF)က ယနေ့ (စက်တင်ဘာ ၄)တွင် ထုတ်ပြန်သည်။

တိုက်ခိုက်မှုဖြစ်စဥ်များအနက် စက်တင်ဘာ ၁ ရက် နံနက် ၁၀ နာရီ ၄၀မိနစ်ခန့်က ထားဝယ် အရှေ့တောဒေသ ထားဝယ်-ထီးခီးလမ်းမကြီးအတိုင်း ထားဝယ်မြို့ဖက်မှလာသော စစ်ကောင်စီယာဉ်တန်းအား DGRF (ထား ဝယ်-ပကဖ)နှင့် မဟာမိတ်အဖွဲ့တို့ ပူးပေါင်းပြီး ယာဉ်တန်း၏ ရှေ့ပြေးအဖွဲ့အား သရက်ငုတ်ကျေးရွာအနီး ကြားဖြတ်တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

အဆိုပါပစ်ခတ်မှုတွင် ၁၅ မိနစ်ခန့်ကြာမြင့်ခဲ့ပြီး စစ်ကောင်စီဘက်မှ ဗိုလ်ကြီးတစ်ဦးအပါအဝင် ရှစ်ဦးသေဆုံးပြီး ငါးဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့သွားကြောင်း ဖော်ပြသည်။

ယင်းကြားဖြတ်တိုက်ခိုက်မှုဖြစ်စဥ်တွင် ပြည်သူ့ဘက်တော်သား မဟာမိတ်တပ်များအနေဖြင့် အထိအခိုက်ကျဆုံး တစ်စုံတစ်ရာမရှိဘဲ အောင်မြင်စွာပြန်လည်ဆုတ်ခွာနိုင်ခဲ့သည်ဟု ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

အလားတူ စက်တင်ဘာ ၂ ရက် နံနက် ၈ နာရီခန့်ကလည်း ထားဝယ်မြို့နယ် (၂၃)မိုင်တွင် မေတ္တာမှဆင်းလာသည့် စစ်ကောင်စီတပ်နှင့် DGRF (ထားဝယ်-ပကဖ) ၊ T-1 မြင်းမတ်တပ်တပ်ခွဲနှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ထား ဝယ်) ပူးပေါင်းအဖွဲ့တို့ ထိတွေ့ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့ရာ တိုက်ပွဲချိန် ၃နာရီခန့် ကြာမြင့်ခဲ့သည်ဟု ဆိုသည်။

ယင်းတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၁၅ဦးခန့်သေဆုံးကာ ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်နှစ်ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)ရခဲ့သည်ဟု ဖော်ပြသည်။

ပြည်သူ့ကာကွယ်ရေးတပ်များနှင့် စစ်ကောင်စီတပ်တို့ကြား အချိန်အခါနေရာမရွေး တိုက်ပွဲများဖြစ်ပွားနိုင်သောကြောင့် မိဘပြည်သူများအနေဖြင့် စစ်ဘက်ဆိုင်ရာအဆောက်အအုံ၊ တပ်စခန်း ၊ ရဲကင်း ၊ စစ်ကား ၊ ရဲကား ယာဉ်တန်းများနှင့် ခပ်ဝေးဝေးမှ ရှောင်ရှားသွားလာကြရန် အထူးထပ်မံ သတိပေးပန်ကြားအပ်ပါသည်ဟု ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။