Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ထားဝယ်တွင် နှစ်ရက်ဆက်တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ် ၂၃ဦးခန့်သေဟုဆို ၊ PDF ရဲဘော်နှစ်ဦးဒဏ်ရာရ

ယင်းတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၁၅ဦးခန့်သေဆုံးကာ ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်နှစ်ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)ရခဲ့သည်ဟု ဖော်ပြသည်။

(ထားဝယ်ပြောက်ကျားတော်လှန်ရေးတပ်ဖွဲ့(DGRF)မှ ရဲဘော်များအား တွေ့ရစဥ်)
(ထားဝယ်ပြောက်ကျားတော်လှန်ရေးတပ်ဖွဲ့(DGRF)မှ ရဲဘော်များအား တွေ့ရစဥ်)

တနင်္သာရီတိုင်း ထားဝယ်မြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးတပ်များနှစ်ရက်ဆက်တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်မှ ၂၃ဦးခန့်သေဆုံးကာ PDF ရဲဘော်နှစ်ဦး မစိုးရိမ်ရဒဏ်ရာရခဲ့ကြောင်း ထားဝယ်ပြောက်ကျားတော်လှန်ရေးတပ်ဖွဲ့(DGRF)က ယနေ့ (စက်တင်ဘာ ၄)တွင် ထုတ်ပြန်သည်။

တိုက်ခိုက်မှုဖြစ်စဥ်များအနက် စက်တင်ဘာ ၁ ရက် နံနက် ၁၀ နာရီ ၄၀မိနစ်ခန့်က ထားဝယ် အရှေ့တောဒေသ ထားဝယ်-ထီးခီးလမ်းမကြီးအတိုင်း ထားဝယ်မြို့ဖက်မှလာသော စစ်ကောင်စီယာဉ်တန်းအား DGRF (ထား ဝယ်-ပကဖ)နှင့် မဟာမိတ်အဖွဲ့တို့ ပူးပေါင်းပြီး ယာဉ်တန်း၏ ရှေ့ပြေးအဖွဲ့အား သရက်ငုတ်ကျေးရွာအနီး ကြားဖြတ်တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

အဆိုပါပစ်ခတ်မှုတွင် ၁၅ မိနစ်ခန့်ကြာမြင့်ခဲ့ပြီး စစ်ကောင်စီဘက်မှ ဗိုလ်ကြီးတစ်ဦးအပါအဝင် ရှစ်ဦးသေဆုံးပြီး ငါးဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့သွားကြောင်း ဖော်ပြသည်။

ယင်းကြားဖြတ်တိုက်ခိုက်မှုဖြစ်စဥ်တွင် ပြည်သူ့ဘက်တော်သား မဟာမိတ်တပ်များအနေဖြင့် အထိအခိုက်ကျဆုံး တစ်စုံတစ်ရာမရှိဘဲ အောင်မြင်စွာပြန်လည်ဆုတ်ခွာနိုင်ခဲ့သည်ဟု ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

အလားတူ စက်တင်ဘာ ၂ ရက် နံနက် ၈ နာရီခန့်ကလည်း ထားဝယ်မြို့နယ် (၂၃)မိုင်တွင် မေတ္တာမှဆင်းလာသည့် စစ်ကောင်စီတပ်နှင့် DGRF (ထားဝယ်-ပကဖ) ၊ T-1 မြင်းမတ်တပ်တပ်ခွဲနှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ထား ဝယ်) ပူးပေါင်းအဖွဲ့တို့ ထိတွေ့ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့ရာ တိုက်ပွဲချိန် ၃နာရီခန့် ကြာမြင့်ခဲ့သည်ဟု ဆိုသည်။

ယင်းတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၁၅ဦးခန့်သေဆုံးကာ ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်နှစ်ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)ရခဲ့သည်ဟု ဖော်ပြသည်။

ပြည်သူ့ကာကွယ်ရေးတပ်များနှင့် စစ်ကောင်စီတပ်တို့ကြား အချိန်အခါနေရာမရွေး တိုက်ပွဲများဖြစ်ပွားနိုင်သောကြောင့် မိဘပြည်သူများအနေဖြင့် စစ်ဘက်ဆိုင်ရာအဆောက်အအုံ၊ တပ်စခန်း ၊ ရဲကင်း ၊ စစ်ကား ၊ ရဲကား ယာဉ်တန်းများနှင့် ခပ်ဝေးဝေးမှ ရှောင်ရှားသွားလာကြရန် အထူးထပ်မံ သတိပေးပန်ကြားအပ်ပါသည်ဟု ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

KIAသည် မိုးမောက်နှင့် လွယ်ဂျယ်မြို့ကြား စိန်လုံတောင်တလျှောက်ရှိ စစ်ကောင်စီစခန်းများကို ပြီးခဲ့သည့် မတ်လဆန်းက တိုက်ခိုက်သိမ်းယူခဲ့သည်။

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။

သတင်း

တော်လှန်ရေးပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)တပ်မှ စစ်ကောင်စီတပ်သားများသည် ပြီးခဲ့သည့် ဧပြီ ၁၀ရက်ညကတည်းက အမှတ်(၂)တံတားသို့ထွက်​ပြေးလာပြီး ခိုလှုံ​နေခြင်းဖြစ်သည်။