Connect with us

Hi, what are you looking for?

သတင်း

ခုခံစစ် တစ်နှစ်အတွင်း ထိခိုက်နစ်နာခဲ့ရမှုများ သင်ခန်းစာယူပြီး လူထုလိုလားသည့် ပန်းတိုင် အမြန်ရရေး အားတင်းကြိုးစားရမည်ဟု ယာယီသမ္မတပြော

မနက်ဖြန် ကျရောက်မည့် ပြည်သူ့ခုခံတော်လှန်စစ်ကြေညာသည့် တစ်နှစ်ပြည့်၌လည်း နိုင်ငံတော်ယာယီသမ္မတက နိုင်ငံတော်အခြေပြ မိန့်ခွန်းပြောကြားမည်ဖြစ်သည်။

ခုခံစစ် တစ်နှစ်အတွင်း ထိခိုက်နစ်နာခဲ့ရမှုများ သင်ခန်းစာယူပြီး လူထုလိုလားသည့် ပန်းတိုင် အမြန်ရရေး အားတင်းကြိုးစားရမည်ဟု ယာယီသမ္မတပြော
ခုခံစစ် တစ်နှစ်အတွင်း ထိခိုက်နစ်နာခဲ့ရမှုများ သင်ခန်းစာယူပြီး လူထုလိုလားသည့် ပန်းတိုင် အမြန်ရရေး အားတင်းကြိုးစားရမည်ဟု ယာယီသမ္မတပြော

▪️တော်လှန်ရေးကြာနေသည့်အပေါ် မချင့်မရဲဖြစ်ရကြောင်း ပြည်ထောင်စုဝန်ကြီးချုပ်ပြော

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကြေညာခဲ့သည့် ပြည်သူ့ခုခံတော်လှန်စစ်သည် မနက်ဖြန် စက်တင်ဘာ ၇ရက်တွင် (၁)နှစ်ပြည့်မည်ဖြစ်ရာ တစ်နှစ်အတွင်း အောင်မြင်မှုများ စိန်ခေါ်မှုများ ထိခိုက်နစ်နာမှုများ ရှိခဲ့ကြောင်း NUG ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားသည်။

“ မိမိတို့အနေနဲ့ အဆိုပါ ထိခိုက်နစ်နာခဲ့မှုများကို သင်ခန်းစာအဖြစ်ယူပြီး စိန်ခေါ်မှုများကို ကျော်လွှားကာ ပြည်သူလူထုများ လိုလားမျှော်မှန်း နေတဲ့ ပန်းတိုင်ကို အမြန်ဆုံးရရှိအောင် ဆက်လက်အားတင်းပြီး ကြိုးစားရမှာ ဖြစ်ပါတယ်’ ဟု ယာယီသမ္မတက ယနေ့ ကျင်းပသည့် အမျိုးသားညီညွတ်ရေးအစိုးရ (၆၆)ကြိမ်မြောက် အစိုးရအဖွဲ့အစည်းအဝေး၌ ပြောကြားခဲ့သည်။

မနက်ဖြန် ကျရောက်မည့် ပြည်သူ့ခုခံတော်လှန်စစ်ကြေညာသည့် တစ်နှစ်ပြည့်၌လည်း နိုင်ငံတော်ယာယီသမ္မတက နိုင်ငံတော်အခြေပြ မိန့်ခွန်းပြောကြားမည်ဖြစ်သည်။

စစ်ကောင်စီအနေဖြင့် အပြစ်မဲ့ ပြည်သူများကို နည်းမျိုးစုံဖြင့် နှိပ်စက်ပြီး တိုင်းပြည်မှ ထွက်ပြေးသွားအောင် နှင်ထုတ်နေသည်ကို တွေ့ရကြောင်း ယာယီသမ္မတက ပြောသည်။

Public Service Announcement

Public Service Announcement

“ကျွန်တော်တို့ အမျိုးသား ညီညွတ်ရေးအစိုးရက နိုင်ငံပြင်ပကို အကြောင်းအမျိုးမျိုးနဲ့ ထွက်ခွာသွားတဲ့ တို့နိုင်ငံသားများကို ကူညီစောက်ရှောက်နိုင်ဖို့ လုပ်ဆောင်ပေး နေတဲ့ အစိုးရဖြစ်ပါတယ်။ ကာကွယ်ပေးဖို့လည်း တာဝန်ရှိ ပါတယ်”ဟု ၎င်းက ဆိုသည်။

ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ‘ပြည်သူ့ဘဏ္ဍာ တွေကို ကိုယ့်အတ္တအတွက် စိတ်ကြိုက်ချယ်လှယ် ခွင့်ရနေတဲ့ စစ်ကောင်စီဟာ အင်အားစုံသုံးပြီးတာတောင် ပြည်သူတွေရဲ့ ခိုင်မာတဲ့ စိတ်ဓာတ်တွေကို (၁)နှစ်ကျော် ကာလအတွင်း ဖြိုချလို့ မရသေးဘူး။ ဒါကိုကြည့်ရင် ကျွန်တော်တို့ဟာအောင်ပွဲဆီကို လျှောက်လှမ်းနေတယ်ဆိုတာ ငြင်းလို့မရဘူး။ ဒါပေမယ့် ကျွန် တော်တို့ ဒါ့ထက်မြန်မြန် လျှောက်လှမ်းဖို့ လိုတယ်။ တော်လှန်ရေးကြာလေ ပြည်သူနာလေ တိုင်းပြည်နာလေမို့ ဒီလောက်ထိ ရှည်ကြာလာတာကိုတောင် ကျွန်တော်တို့ အနေနဲ့ မချင့်မရဲဖြစ်ရ ပါတယ်။”ဟု ပြောကြားသည်။

တော်လှန်ရေး၌ ပြည်ပအကူအညီ မရသေးသည့် အခြေအနေတွင် ကြိုးစားရှာဖွေပေးနေသည့် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန၊နည်းလမ်း မျိုးစုံနှင့် တော်လှန်ရေး ရံပုံငွေများ ထည့်ဝင်ပေးနေသည့် ပြည်တွင်းပြည်ပက ပြည်သူများကို အထူးကျေးဇူးတင်ကြောင်း ပြည်ထောင်စုဝန်ကြီးချုပ်က ပြောသည်။

“ဒီတစ်ပတ်အတွင်းမှာ ကျွန်တော်တို့ မဟာမိတ်တချို့နဲ့ ဆွေးနွေးတိုင်ပင်မှုတွေ လုပ်ကြတဲ့အခါမှာလည်း တော်လှန်ရေးအပေါ် ထားရှိတဲ့ သဘောထား တွေက တော့အားလုံးတူညီနေကြတာ တွေ့ရပါတယ်။ ဘုံသဘောတူညီချက်တွေလည်း ရှိကြတာမို့ ခရီး ဆက် ကြရပါမယ်။”ဟုလည်း ပြည်ထောင်စုဝန်ကြီးချုပ်က ပြောကြားသည်။

ဆက်စပ်သတင်းများ

သတင်း

ဖက်ဒရယ်ဒီမိုကရေစီ ဦးဆောင်ကောင်စီ စုဖွဲ့မှု ဖြစ်မြောက်လာရေး တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ အချိန်များစွာ ရင်းနှီးမြှုပ်နှံတာ၊ ယုံကြည်မှု တည်ဆောက်တာ တွေ ပါဝင်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ယာယီသမ္မတ ဒူဝါလရှီးလက ပြောပြခဲ့ပြီး ပြည်ထောင်စုလွှတ်တော်အနေနဲ့လည်း ဒီစုဖွဲ့မှု ဖြစ်မြောက်ရေး ၀ိုင်းဝန်း ပံ့ပိုးပေးစေလိုဟု မေတ္တာရပ်ခံခဲ့ပါတယ်။

သတင်း

ရုရှားနဲ့ အိမ်နီးချင်းနိုင်ငံအချို့က စစ်အာဏာရှင်သက်ဆိုးရှည်အောင် အားပေးနေသလိုတွေ့ရပြီး အာဏာသိမ်းစစ်ကော်မရှင်အပေါ် စစ်ရေးအကူအညီပေးမှုနဲ့ နည်းပညာပံ့ပိုးမှုတွေ ပြုလုပ်ခဲ့လို့ ရရှိပြီးသား ပြည်သူ့ထိန်းချုပ်နယ်မြေ အချို့ ပြန်လည်လက်လွှတ်ခဲ့ရကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားပါတယ်။

သတင်း

ကရင်နီပြည်နယ်မှာတော်လှန်ရေးတပ်ဖွဲ့​တွေနဲ့လူထုတစ်သားတည်းရှိနေတဲ့အကြောင်းပြသဖို့အခမ်းအနားကို ပြုလုပ်ခဲ့တယ်လို့ ကရင်နီအမျိုးသားကာကွယ်ရေးတပ် KNDF တပ်ရင်း (၄)က ဒီဇင်ဘာ ၃ ရက်​နေ့မှာထုတ်ပြန်ပါတယ်။

သတင်း

စစ်တပ်အာဏာသိမ်းမှုတွင် အဓိကပါဝင်ခဲ့သည့် စစ်ဗိုလ်ချုပ်ဟောင်း ဒုတိယသမ္မတ ဦးမြင့်ဆွေ ယနေ့ (ဩဂုတ် ၇ရက်)တွင် သေဆုံးခဲ့မှုအပေါ် ဝမ်းနည်းကြောင်း ၀လက်နက်ကိုင်တပ် UWSAက သဝဏ်လွှာပေးပို့ခဲ့သည်။