Connect with us

Hi, what are you looking for?

သတင်း

NUG အရေးပေါ် အစည်းအဝေးကျင်းပပြီး မင်းအောင်လှိုင်နှင့် အပေါင်းအပါတစ်စုအား အရေးယူနိုင်ရေးဆွေးနွေး

ကြေညာချက်များ၊ အစည်းအဝေးများ၏ နောက်တွင် တိကျခိုင်မာသည့် လုပ်ကိုင်ဆောင်ရွက်မှုများ အသေအချာကို တွဲပါလာမည်ဖြစ်ကြောင်းအမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောကြားခဲ့ကြောင်း ထုတ်ပြန်သည်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)အရေးပေါ် အစည်းအဝေး
အမျိုးသားညီညွတ်ရေးအစိုးရ(NUG)အရေးပေါ် အစည်းအဝေး

▪️ကြေညာချက် အစည်းအဝေးများ၏ နောက်တွင် တိကျခိုင်မာသည့် လုပ်ကိုင်ဆောင်ရွက်မှုများ အသေ အချာတွဲပါလာမည်ဟု ပြည်ထောင်စုဝန်ကြီးချုပ် ပြော

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)အရေးပေါ် အစည်းအဝေးကို ယနေ့ကျင်းပပြီး မင်းအောင်လှိုင်နှင့် အပေါင်းအပါတစ်စုတို့အား တရားဥပဒေအရ ထိုက်တန်သည့် ပြစ်ဒဏ်များချမှတ်နိုင်ရေး အမျိုး သားညီညွတ်ရေးအစိုးရနှင့် မိတ်ဖက်မဟာမိတ်အင်အားစုများအားလုံး ပူးပေါင်းကာ နိုင်ငံရေးနည်းလမ်း၊ သံတမန်နည်းလမ်း၊ စစ်ရေးနည်းလမ်း စသည့် နည်းလမ်းပေါင်းစုံသုံး၍ တော်လှန်ရေးအရှိန်အဟုန်ကို မြှင့်တင်သွားနိုင်ရန် အလေးပေးဆွေးနွေးခဲ့ကြောင်း NUGက ထုတ်ပြန်သည်။

ပုံမှန်ကျင်းပနေကျ Cabinet အစည်းအဝေးကို ရပ်နားပြီး ယာယီသမ္မတ ဒူဝါလရှီးလ ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း၊အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးများ၊ ဒုဝန်ကြီးများနှင့် အတွင်းဝန်များသာ တက်ရောက်သည့်အရေးပေါ် အစည်းအဝေးကို ကျင်းပခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။

အစည်းအဝေးတွင် ဦးဂျင်မီ၊ ဦးဖြိုးဇေယျာသော်၊ ဦးလှမျိုးအောင်၊ ဦးအောင်သူရဇော်တို့ (၄)ဦးအား အကြမ်းဖက်စစ်ကောင်စီက ပြစ်ဒဏ်စီရင်ဆောင်ရွ့က်ပြီးခဲ့ပြီဟု ထုတ်ပြန်ကြေညာ အတည်ပြုချက် ပေးခဲ့ပြီးနောက် ဖမ်းဆီးထိန်းသိမ်းခံထားရသော နိုင်ငံခေါင်းဆောင်များနှင့် ဒီမိုကရေစီအရေးတက်ကြွ လှုပ်ရှားသူများအားလုံး ၏ အသက်အန္တရာယ် စိုးရိမ်ဖွယ်ရှိနေသည့် လက်ရှိ အခြေအနေနှင့်ပတ်သက်ပြီး စုစည်းညီညွတ်စွာဖြင့် စနစ်တကျ တုံ့ပြန်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များအကြောင်း ဆွေးနွေးပြောဆိုခဲ့သည်ဟု အသိပေးသည်။

ပြည်သူလူထုအား နည်းမျိုးစုံဖြင့် ရက်စက်စွာ နှိပ်စက်သတ်ဖြတ်ရုံသာမကပဲ ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူ တော်လှန်ရေးခေါင်းဆောင်များကို သွေးအေးစွာ သတ်ဖြတ်ပြခြင်းဖြင့် အဆုံးစွန်ဆုံးသော ရက်စက်မှုကို ပြသခဲ့သည့် အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် အပေါင်းအပါတစ်စုတို့အား တရားဥပဒေအရ ထိုက်တန်သည့် ပြစ်ဒဏ်များချမှတ်နိုင်ရေးအလေးပေးဆွေးနွေးခဲ့သည်ဟု ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

ကြေညာချက်များ၊ အစည်းအဝေးများ၏ နောက်တွင် တိကျခိုင်မာသည့် လုပ်ကိုင်ဆောင်ရွက်မှုများ အသေအချာကို တွဲပါလာမည်ဖြစ်ကြောင်းအမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောကြားခဲ့ကြောင်း ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

အဟာရပြည့်​အောင်​ကြွေးရမယ့်ညွန်ကြားပြီးဘက်ဂျက်​မ​ပေးလို့ အသားကျွေးဖို့ ကျောင်းသားမိဘတွေဆီကပိုက်ဆံကောက်

သတင်း

တော်လှန်ရေးအင်အားစုများရဲ့ဘုံနိုင်ငံရေးသဘောတူညီချက် (ပထမမူကြမ်း)ကို သဘောတူအတည်ပြုကြောင်း သဘောတူညီချက်မှာ ပါဝင်တဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေက ဒီကနေ့ ဇူလိုင် ၃၀ရက်မှာ အသိပေးထုတ်ပြန်ပါတယ်။

အတွေးအမြင်

ဝမ်းသာစရာ သတင်းကောင်းပါ။ မြန်မာနိုင်ငံမှာ အနည်းဆုံးတော့ အရာအားလုံး မပြိုလဲသေးပါဘူး။ တည်ငြိမ်ခိုင်မြဲတာ တစ်ခုတော့ရှိနေပါပြီ။