Connect with us

Hi, what are you looking for?

သတင်း

ဒီးမော့ဆိုတွင် စစ်ကောင်စီတပ်က တိုက်ပွဲမဖြစ်ဘဲ စာသင်ကျောင်းကို လက်နက်ကြီးဖြင့် ပစ်ခတ်

ယနေ့(စက်တင်ဘာ ၇ ရက်) နံနက် ၁ နာရီ ၄၅မိနစ်ခန့်တွင် ငွေတောင် အခြေစိုက် ခလရ (၁၀၂) တပ်ရင်းမှ အတွဲလိုက်ဒုန်းခြောက်လုံးခန့်ကို ပစ် ခတ်ခဲ့ခြင်းဟု ဆိုသည်။

(အကြမ်းဖက်စစ်ကောင်စီတပ်၏ ယနေ့ နံနက်ပိုင်းက ပစ်ခတ်မှုတွင်ပျက်စီးခဲ့ရသည့် အဆောက် အဦးအား တွေ့ရစဉ်၊ ဓာတ်ပုံ DMO Local PDF)
(အကြမ်းဖက်စစ်ကောင်စီတပ်၏ ယနေ့ နံနက်ပိုင်းက ပစ်ခတ်မှုတွင်ပျက်စီးခဲ့ရသည့် အဆောက် အဦးအား တွေ့ရစဉ်၊ ဓာတ်ပုံ DMO Local PDF)

တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြမ်းဖက်စစ်ကောင်စီက အတွဲလိုက်ဒုန်းများဖြင့်ပစ်ခတ်ရာ စာသင်ကျောင်းဝန်းရှိ ဝန်ထမ်းအိမ်ယာ ထိမှန်ပျက်စီးခဲ့ကြောင်း ဒီးမော့ဆိုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်(DMO Local PDF)က ထုတ်ပြန်သည်။

ယနေ့(စက်တင်ဘာ ၇ ရက်) နံနက် ၁ နာရီ ၄၅မိနစ်ခန့်တွင် ငွေတောင် အခြေစိုက် ခလရ (၁၀၂) တပ်ရင်းမှ အတွဲလိုက်ဒုန်းခြောက်လုံးခန့်ကို ပစ် ခတ်ခဲ့ခြင်းဟု ဆိုသည်။

ထိုသို့ ပစ်ခတ်မှုမှာ မည်သည့်တိုက်ပွဲမျှ မရှိခဲ့ဘဲ ရည်ရွယ်ချက်ရှိရှိဖြင့် စစ်ဘေးရှောင်ပြည်သူများရှိရာသို့ ရမ်းသမ်းပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

Public Service Announcement
Public Service Announcement

“နန်းမယ်ခုံဘက်ကို ပစ်တာ။လက်နက်ကြီးသံ တွေက ရှင်းရှင်းလင်းလင်း ကို ကြားခဲ့ရတယ်”ဟု ကရင်နီ စစ်ရေးသတင်းရင်းမြစ်က လူထုနွေဦးသို့ ပြောသည်။

Public Service Announcement

Public Service Announcement

ယခုဖြစ်စဥ်မတိုင်မီကလည်း စစ်ဘေးရှောင်ပြည် သူများရှိရာသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများကြောင့် ပြည်သူများသေဆုံးကာ ပြင်းထန်ဒဏ်ရာရရှိသူများရှိခဲ့သည်ဟု အသိပေးသည်။

ထို့ကြောင့် ဒီးမော့ဆိုမြို့နယ်ပြည်သူများနှင့် စစ် ဘေးရှောင်ဒေသခံများသည် စာသင်ကျောင်း များ နှင့် မိမိနေထိုင်ရာ ဝန်းကျင်တွင် ဗုံးခိုကျင်များတူးထားရန်၊ လက်နက်ကြီးသံနှင့် တိုက်လေယာဥ်သံများကြားပါက ဗုံးခိုကျင်းရှိရာသို့ ချက်ချင်း နေရာယူကြရန် PDFက တိုက်တွန်းသည်။

ထို့အတူ စစ်မြေပြင်နှင့် နီးစပ်သော ကျေးရွာများ ရှိပြည်သူများအနေဖြင့် အကြမ်းဖက်စစ်ကောင် စီတပ်က ထောင်ထားသည့်မြေမြှုပ်မိုင်း အ​မြောက်အများရှိနေခြင်းကြောင့် နေရပ်သို့ ပြန်လာခြင်းရှောင်ကြဥ်ကြရန်လည်း မေတ္တာရပ်ခံထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စက်တင်ဘာ ၄ ​နောက်ပိုင်းစစ်လက်ချက်ကြောင့်အရပ်သားအနည်းဆုံး၆ ဦး​သေနဲ့ ၆ ဦးဒဏ်ရာရ

သတင်း

ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ်ရှိကြသောင်းဆိပ်(ယိုကလား)ရွာကိုအာဏာသိမ်းစစ်တပ်က က်တင်ဘာလ ၁၉ ရက်ညနက်ပိုင်းမှာဗုံးကြဲတာကြောင့်စာသင်ကျောင်းအပါအဝင်နေအိမ်အလုံး ၄၀ နီးပါး ထိခိုက်ပျက်စီးခဲ့ရတယ်လို့ KNU ဒူးသထူ(သထုံ)ခရိုင်က ဒီနေ့မှာ သတင်းထုတ်ပြန်ပါတယ်။

သတင်း

မွန်ပြည်နယ် ဘီးလင်းမြို့နယ်ကို အာဏာသိမ်းစစ်တပ်က ညအချိန်လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စာသင်ကျောင်းနဲ့ နေအိမ်တွေ ထိခိုက်ပျက်စီးခဲ့ရကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

Facebook