Connect with us

Hi, what are you looking for?

သတင်း

ကရင်နီပြည်နယ်၌တော်လှန်​ရေးတပ်ဖွဲ့ဝင်အင်အားစုစုပေါင်းတစ်​သောင်းခွဲကျော်ရှိဟု PKPFအသိပေး

စစ်ကောင်စီတပ်၏ အာဏာသိမ်းပြီးနောက်ပိုင်း တော်လှန်ရန် ဖွဲ့စည်းခဲ့သည့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)မှာ တပ်အင်အား ၇,၀၀၀ ဖြင့်အများဆုံး ဖြစ်သည်။

(ကရင်နီပြည်နယ်တွင် စစ်​ကောင်စီတပ်ကို ခုခံတိုက်ခိုက်​နေ​သော ​တော်လှန်ရးတပ်ဖွဲ့များထဲမှ KA ၊ KNDF ၊PDF တပ်ရင်းအချို့ ကို​တွေ့ရစဥ်။ဓါတ်ပုံ-KA၊KNDF ၊PDF)
(ကရင်နီပြည်နယ်တွင် စစ်​ကောင်စီတပ်ကို ခုခံတိုက်ခိုက်​နေ​သော ​တော်လှန်ရးတပ်ဖွဲ့များထဲမှ KA ၊ KNDF ၊PDF တပ်ရင်းအချို့ ကို​တွေ့ရစဥ်။ဓါတ်ပုံ-KA၊KNDF ၊PDF)

▪️စစ်ကောင်စီတပ် အင်အားမှာ ၇,၅၀၀ ဦးရှိဟုဆို

စစ်​ကောင်စီတပ်ကိုအထိနာ​အောင်ခုခံတွန်းလှစ်စစ်ပြင်းထန်စွာဆင်နွှဲ​နေသောကရင်နီ(ကယား) ပြည်နယ်တွင်စစ်ကောင်စီ၏အခြေစိုက်တပ်သားအင်အားမှာ ၇,၅၀၀ ဦးရှိပြီး၊ ​တော်လှန်​ရေးအဖွဲ့များအင်အား ၁၅၀၀၀ ​ကျော်ရှိကြောင်း တိုးတက်သော ကရင်နီပြည်သူ့အင်အားစု(PKPF) က ယနေ့(စက်တင်ဘာ ၁၀ ရက်) ထုတ်ပြန်သည်။

(ကရင်နီပြည်နယ်တွင် စစ်​ကောင်စီတပ်ကို ခုခံတိုက်ခိုက်​နေ​သော ​တော်လှန်ရးတပ်ဖွဲ့များထဲမှ KA ၊ KNDF ၊PDF တပ်ရင်းအချို့ ကို​တွေ့ရစဥ်။ဓါတ်ပုံ-KA၊KNDF ၊PDF)
(ကရင်နီပြည်နယ်တွင် စစ်​ကောင်စီတပ်ကို ခုခံတိုက်ခိုက်​နေ​သော ​တော်လှန်ရးတပ်ဖွဲ့များထဲမှ KA ၊ KNDF ၊PDF တပ်ရင်းအချို့ ကို​တွေ့ရစဥ်။ဓါတ်ပုံ-KA၊KNDF ၊PDF)

ကရင်နီပြည်တွင်စစ်​ကောင်စီတပ်မှ အရှေပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်ခံတပ်ရင်း (၁၁)ရင်းရှိပြီးစုစုပေါင်းအင်အား ၂,၅၀၀ ခန့်၊အမှတ် (၇)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်တွင် တပ်ရင်း (၆)ရင်းအင်အား ၁,၄၀၀ ၊အမြှောက်တပ်ရင်းသုံးရင်းတွင် အင် အား ၈၀၀ ရှိမည်ဟုခန့်မှန်းတွက်ချက်ထားသည်။

ထို့အပြင် စစ်လေ့ကျင့်ရေးကျောင်း၊ဆေးတပ်၊ဆက်သွယ်ရေးတပ်၊ထောက်ပို့တပ်၊စစ်ဘက်ရေး ရာလုံခြုံရေးတပ်ဖွဲ့တွင်စစ်ကောင်စီတပ် စုစုပေါင်းအင်အား ၁,၆၀၀နှင့် ရှေ့တန်းတပ် စခန်းကုန်း ၅၃ခုတွင် အင်အား ၁,၂၀၀ ရှိနိုင်ကြောင်းလည်း PKPF က ခန့်မှန်း​ဖော်ပြထားသည်။ထို​ကြောင့် ကရင်နီပြည်နယ်တွင် စစ်​ကောင်စီတပ်၏စုစု​ပေါင်းအင်အား ၇၅၀၀ ခန့်ရှိသည်ဟုPKPFက ခန့်မှန်းတွက်ချက်အသိ​ပေးသာ်။

ကရင်နီပြည်နယ်အတွင်းရှိ ​ဒေသခံတိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ စုစုပေါင်းအင်အားမှာ ၁၅,၈၅၀ဦးအထိရှိနိုင်ကြောင်းလည်းခန့်မှန်းတွက်ချက်သည်။

Public Service Announcement

Public Service Announcement

“ကျွန်တော်အရင်လတွေကတည်းက ပြောသလိုပေါ့ ။အရေအတွက်အရ တစ်ယောက်ချင်းစီးချင်းထိုးရင် အာဏာသိမ်းစစ်တပ်ကို နေ့ချင်းပြီးနိုင်တယ်။ဒါပေမယ့် လက်နက်ခဲယမ်းအရင်းအမြစ်ကိုယှဥ်ဖို့ ခက်နေတုန်း။ဒါပေမယ့်လည်း ကရင်နီပြည်နယ်က ရဲဘော်တွေ အခက်အခဲတွေကြားက ကြိုးစားနေတယ်။တစ်ခုရှိတာ ဒီတိုက်ပွဲ မြန်မြန်အောင်ချင်ရင် လူတိုင်း ပါဝင်ဖို့ လိုပြီ။စစ်ကောင်စီရဲ့ သတင်းအချက်အလက်ပေးနိုင် သူက ပေး။မပေးနိုင်တဲ့သူက ငွေအား လုပ်အားစိုက်။တော်လှန်ရေးမှာ မျက်ခြေပြတ်မသွားကြဖို့ လိုတယ်”ဟု ကရင်နီ​ဒေသခံသတင်းရင်းမြစ်က လူထုနွေဦးသို့ ပြောသည်။

(ကရင်နီပြည်နယ်တွင် စစ်​ကောင်စီတပ်ကို ခုခံတိုက်ခိုက်​နေ​သော ​တော်လှန်ရးတပ်ဖွဲ့များထဲမှ KA ၊ KNDF ၊PDF တပ်ရင်းအချို့ ကို​တွေ့ရစဥ်။ဓါတ်ပုံ-KA၊KNDF ၊PDF)
(ကရင်နီပြည်နယ်တွင် စစ်​ကောင်စီတပ်ကို ခုခံတိုက်ခိုက်​နေ​သော ​တော်လှန်ရးတပ်ဖွဲ့များထဲမှ KA ၊ KNDF ၊PDF တပ်ရင်းအချို့ ကို​တွေ့ရစဥ်။ဓါတ်ပုံ-KA၊KNDF ၊PDF)

စစ်ကောင်စီတပ်၏ အာဏာသိမ်းပြီးနောက်ပိုင်း တော်လှန်ရန် ဖွဲ့စည်းခဲ့သည့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)မှာ တပ်အင်အား ၇,၀၀၀ ဖြင့်အများဆုံး ဖြစ်သည်။

ကရင်နီတပ်မတော်(KA) နှင့် ကရင်နီပြည်လူမျိုးပေါင်းစုံလွတ်မြောက်ရေးတပ်ဦး(KNPLF)တို့မှာ တပ်ဖွဲ့ဝင်အင်အား ၂,၀၀၀ ​​ကျော်စီဖြင့်ဒုတိယအင်အား အများဆုံးဖြစ်သည်။

ကယန်းပြည်သစ်ပါတီ(KNLP)နှင့် ဒီးမော့ဆို ပြည်သူကာကွယ်ရေးတပ်တို့တွင် အင်အား ၁,၀၀၀ကျော်ဖြင့် ပြည်နယ်အတွင်းတပ်အင်အားတတိယအများဆုံး အများဆုံးစာရင်းတွင် ပါဝင်နေသည်။

ယခုစာရင်းများသည် လက်လှမ်းမိသလောက်ခန့်မှန်းတွက်ချက်ခြင်းသာဖြစ်ပြီး အများပြည်သူများ လေ့လာသိရှိနိုင်ရန် ထုတ်ပြန်ခြင်းဖြစ်ကြောင်းလည်း PKPFက အသိပေးသည်။

ထိုအပြင် BNI ( Burma News International) က မြန်မာငြိမ်းချမ်းလုပ်ငန်းစဉ်ကိုပုံဖော်ခြင်း စာအုပ် (၂)ကိုယခုတစ်ပါတ်အတွင်းထုတ်ဝေခြင်း မိတ်ဆက်ပွဲ ပြုလုပ်ခဲ့ရာမြန်မာနိုင်ငံ၏ ၂၀၁၉-၂၀၂၀ လက်နက်ကိုင် ပဋိပက္ခ နှင့် ၂၀၂၁-၂၀၂၂ လက်နက်ကိုင် ပဋိပက္ခများနှင့် ပတ်သက်​​သော အချက်အလက်များကို​ဖော်ပြထားသည်။အဆိုပါ အချက်အလက်များတွင်ကရင်နီပြည်နယ်အ​ခြေစိုက်KNPP/KA၏ တပ်ဖွဲ့ဝင်အင်အားကို ၂၀၀၀ ​ကျော်ခန့်မှန်းတွက်ချက်ထားသည်။BNIထုတ်ပြန်​ချက် ထုတ်ပြန်ပြီးရက်ပိုင်းအတွင်းကရင်နီ ပြည်နယ် အ​ခြေစိုက် PKPF က ပြည်နယ်အတွင်း​​တော်လှန်​ရေးအင်အား ၁၅၀၀၀ ​ကျော်ရှိ​ကြောင်းထုတ်ပြန်လာခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ပြည်နယ်တပ်မတော်ပေါ်လာဖို့နဲ့ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု အုတ်မြစ်ခိုင်မာရေး လုပ်ငန်းစဉ်တွေမှာ မဟာမိတ်အင်အားစု‌တွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)ကို ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC)က တိုက်တွန်းပါတယ်။

သတင်း

ကရင်နီပြည်နယ်မှာ စစ်တပ်က ပြည်သူတွေရဲ့ စားနပ်ရိက္ခာနဲ့ ဝင်ငွေရလမ်းကြောင်းတွေကို ပစ်မှတ်ထားတိုက်ခိုက်နေတယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ (KnHRG) က မေလ ၁၅ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်က သက်တမ်းနှစ်(၆၀)ကျော်ရှိတဲ့ ဒေါငံခါးရွာက ကက်သလစ်အသင်းတော်ဘုရားကျောင်းကို စစ်တပ်က မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကရင်နီပြည်နယ်မှာ အကျဥ်းထောင်၊အကျဥ်းစခန်းတွေက အကျဥ်းသား ၂၃၄ဦးကို လွတ်ငြိမ်း ချမ်းသာခွင့်နဲ့ သက်သာခွင့်ပေးလိုက်တယ်လို့ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC)က ထုတ်ပြန်ပါတယ်။