Connect with us

Hi, what are you looking for?

သတင်း

အရာတော်နယ်ရှိ ကြားကာလပညာရေးအစီအစဥ် အခက်အခဲအချို့ကြုံနေ

အရာတော်မြို့နယ်သည် စစ်ကောင်စီတပ်အား ခုခံတော်လှန်မှုအားကောင်းရာ ဒေသတစ်ခုဖြစ်ပြီး စစ်တပ်၏ အငြှိုးထား အကြမ်းဖက်ဖျက်ဆီးမှုများ မကြာခဏ ကြုံတွေ့နေရသည်။

(စစ်ကိုင်းတိုင်း၊ မြောင်နယ်ရှိ ကြားကာလပညာရေးအစီအစဥ်တစ်ခုအား တွေ့ရစဥ်။ဓာတ်ပုံ-ကိုနွေဦး-မြောင်)
(စစ်ကိုင်းတိုင်း၊ မြောင်နယ်ရှိ ကြားကာလပညာရေးအစီအစဥ်တစ်ခုအား တွေ့ရစဥ်။ဓာတ်ပုံ-ကိုနွေဦး-မြောင်)

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်ရှိ ကြားကာလပညာရေးအစီအစဥ်နှင့် ပတ်သက်ပြီး အခက်အခဲအချို့ ကြုံတွေ့နေရကြောင်း ဒေသခံများက ပြောသည်။

ကျေးရွာများ မီးရှို့ဖျက်ဆီးခံနေရခြင်း၊ ကုန်စျေးနှုန်းကြီးမြင့်ခြင်း၊ အကြမ်းဖက်စစ်ကောင်စီတပ်က စစ်ကြောင်းထိုးမှုကြောင့် တိမ်းရှောင်နေရခြင်းနှင့် လမ်းပန်းဆက်သွယ်ရေးအခက်အခဲများကြောင့် မည်သည့်စီးပွားရေးမှမလုပ်နိုင်ခြင်း စသည့်အခြေအနေများကြောင့် ကြားကာလပညာရေးအတွက် အလှူငွေများမရတော့ကြောင်း ဒေသခံများက ပြောသည်။

“ ပြည်သူတွေရဲ့ ထောက်ပံ့မှုနဲ့ ရှေ့ဆက်သွားရတဲ့ အချိန်မှာ ပြည်သူတွေက ခက်ခဲကြတော့ အလုပ် တွေက ရှေ့မရောက်တော့ဘဲ ရပ်ဆိုင်းရမလိုလို ဖြစ်နေပါတယ်။ရွာမှာက ဆယ်လီမရှိ၊ နိုင်ငံခြားအလှူငွေ မရှိ၊ မြို့နယ်ကလဲ ပံ့ပိုးမှူမရှိတဲ့အခါ အတော်ကို ခက်ခဲပါတယ်။ အင်တာနက်လေးရဖို့ ခက်ခက်ခဲခဲ သုံးနေရချိန် အလှူခံပို့စ်လေးတင်ပြန်တော့ လှူမဲ့သူကနည်းပါတယ်။ ကျွန်တော်တို့ရွာဘက်တွေက အလကားသင်ပေးနေပေမဲ့ ကျောင်းလာဖို့တောင်အနိုင်နိုင်ဖြစ်နေပါတယ်။” ဟု Ayadaw Bone Naing PDFအဖွဲ့က. ပြောသည်။

ပညာရေးအစီအစဥ်အပြင် PDFအဖွဲ့အချို့လည်း လှူသူနည်း၍ အခက်အခဲအချို့ ကြုံတွေ့နေရသည်ဟု Ayadaw Bone Naing PDFအဖွဲ့က ပြောသည်။ လက်ရှိတွင် ကျေးရွာပြည်သူများ၏ လုပ်အားခတချို့တဝက်ဖြင့် ခရီးဆက်နေရသည် ဟု ၎င်းအဖွဲ့က ပြောသည်။

Public Service Announcement

Public Service Announcement

အရာတော်မြို့နယ်သည် စစ်ကောင်စီတပ်အား ခုခံတော်လှန်မှုအားကောင်းရာ ဒေသတစ်ခုဖြစ်ပြီး စစ်တပ်၏ အငြှိုးထား အကြမ်းဖက်ဖျက်ဆီးမှုများ မကြာခဏ ကြုံတွေ့နေရသည်။

အရာတော်မြို့နယ်တွင် ကျေးရွာပေါင်း(၁၅၅) ရွာရှိရာ ကျေးရွာ (၅၄)ရွာတွင် ကြားကာလပညာရေးကို ကိုယ်ထူကိုယ်ထအနေဖြင့် အကောင်အထည် ဖော်နေကြပြီး CDM ဆရာ၊ ဆရာမများ၊ ရွာခံ CDM တက္ကသိုလ်ကျောင်းသားလူငယ်များက ကူညီစာသင်ပြပေးနေကြကြောင်း ဒေသတွင်း ပညာရေးဆောင်ရွက်ပေးနေသူများက အသိပေးထားသည်။

ဆက်စပ်သတင်းများ

အတွေးအမြင်

ဟိုးတစ်ချိန်က ရန်ကုန်ကို “အရှေ့တိုင်းရဲ့” (Pearl of East) လို့ခေါ်ခဲ့ကြတယ်လို့ဖတ်ဖူးပါတယ်။ တချို့ကလည်း “အာရှတိုက်ရဲ့ပဲရစ်” (Paris of the East) လို့တောင်ညွှန်းခဲ့ကြပါသတဲ့။

သတင်း

လူမဆန်သည့် လုပ်ကြံသတ်ဖြတ်မှုများကို ဆန့်ကျင်ရှုတ်ချကြောင်းနှင့် အမှုမှန်အမြန်ဆုံး ပေါ်ပေါက်စေရေးတို့အတွက် တိုက်တွန်းတောင်းဆိုခြင်းဖြစ်ကြောင်း BEGSCက အသိပေးသည်။

သတင်း

ယခုဖြစ်စဥ်အပေါ် အမြင်များနှင့် တိုက်တွန်းတောင်းဆိုသည့် လှုပ်ရှားမှုများ ၊ သပိတ်များပြုလုပ်၍ ပူးပေါင်းပါဝင်ပေးကြရန် BEGSCက တိုက်တွန်းနှိုးဆော်ထားသည်။

သတင်း

ဦးဝင်းဌေးမိသားစု သတ်ဖြတ်ခံရသည့် တပုန်းကျေးရွာသည် တော်လှန်ရေးအင်အားစုများ ထိန်းချုပ်ထားသည့် ဒေသတစ်ခုဖြစ်ပြီး ပျူစောထီးအချိူ့လည်းရှိကြောင်း ဒေသခံအချို့က ဆိုသည်။