Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီလက်အောက်တွင် တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများ ချက်ချင်းနှုတ်ထွက်ရန် တမူး(ပအဖ) ကြေညာ

အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီး ဌာန၏ စက်တင်ဘာ ၆ရက် ညွှန်ကြားချက်အရ ယခုကဲ့သို့ ကြေညာခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။

စစ်ကောင်စီလက်အောက်တွင် တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများ ချက်ချင်းနှုတ်ထွက်ရန် တမူး(ပအဖ) ကြေညာ
စစ်ကောင်စီလက်အောက်တွင် တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများ ချက်ချင်းနှုတ်ထွက်ရန် တမူး(ပအဖ) ကြေညာ

စစ်ကိုင်းတိုင်း တမူးမြို့နယ်အတွင်းရှိ Non-CDM ဝန်ထမ်းများအနေဖြင့် တရားမဝင် အာဏာသိမ်းစစ်ကောင်စီ၏ လက်အောက်တွင် ဆက်လက်တာဝန်ထမ်းဆောင်ခြင်း မပြုလုပ်ဘဲ ရာထူးတာဝန်များမှ နှုတ်ထွက်အလင်းဝင်ကြရန် တမူးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ယမန်နေ့(စက်တင်ဘာ ၁၁ရက်) ထုတ်ပြန်သည်။

အမိန့်ကြေညာချက်ပါအတိုင်း လိုက်နာဆောင်ရွက်ခြင်းမရှိပါက စစ်ကောင်စီ၏ ထောက်တိုင် လက်ကိုင်တုတ်များအဖြစ် သတ်မှတ်၍ ပြင်းထန်စွာအရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးလိုက်သည်ဟု ဖော်ပြထားသည်။

အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနအနေဖြင့် Non-CDM ဝန်ထမ်းများ အလင်းဝင်ရေး အမိန့်ထုတ်ပြန်ရန်အတွက် စက်တင်ဘာ ၆ရက်ကတည်းက သက်ဆိုင်ရာမြို့နယ်များသို့ ညွှန်ကြားချက်ထုတ်ပြန်ခဲ့ရာ စစ်ကိုင်းတိုင်းရှိ အခြားမြို့နယ်များကလည်း Non-CDM ဝန်ထမ်းများ အလင်းဝင်ရန်အမိန့်များ ထုတ်ပြန်နေသည်ကို တွေ့ရသည်။

စစ်ကိုင်းတိုင်း ခန္တီးခရိုင် ဟုမ္မလင်းမြို့နယ်အတွင်းရှိ Non-CDM ဝန်ထမ်းများအနေဖြင့် အလင်းဝင်ကြရန် ဟုမ္မလင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) က ယနေ့ (စက်တင်ဘာ ၁၂ရက်) အမိန့်ထုတ်ပြန်ကြေညာသည်။

Public Service Announcement

Public Service Announcement

အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီး ဌာန၏ စက်တင်ဘာ ၆ရက် ညွှန်ကြားချက်အရ ယခုကဲ့သို့ ကြေညာခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။

ထို့အပြင် ရွှေဘိုမြို့နယ်အတွင်းရှိ Non-CDM ဝန်ထမ်းများအနေဖြင့် CDM ပြုလုပ်အလင်းဝင်ရန် ရွှေဘိုမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန် ကြေညာထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ တမူးနဲ့ ခမ်းပါတ်မြို့ကြားမှာ တိုက်ပွဲဆက်ပြင်းထန်နေပြီး စစ်တပ်က လေကြောင်းကနေဗုံးကြဲလို့ အရပ်သားအချို့သေဆုံးမှုရှိသလို အရပ်သားအချို့လည်း ဖမ်းဆီးသတ်ဖြတ်ခံရတယ်လို့ သတင်းရရှိပါတယ်။

သတင်း

ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ရဲ့ လူဝင်မှုကြီးကြပ်ရေးသင်တန်းကျောင်းဆင်းပွဲကို ဌာနချုပ် လိုင်ဇာမြို့မှာ မနေ့က ကျင်းပခဲ့တယ်လို့ ကချင်သတင်းရင်းမြစ်က ပြောပါတယ်။