Connect with us

Hi, what are you looking for?

သတင်း

ကရင်နီပြည်တွင် ၂/ကိုင်ဆောင်ထားသူများသာ မြို့နယ်အတွင်း ဖြတ်သန်းသွားလာခွင့်ပြုမည်ဖြစ်ပြီး စစ်ဆေးမှုများခံယူရန် KNDF သတိပေး

“လက်ရှိအခြေအနေအရ ဒေသခံတွေလုံခြုံရေး အပြင် ဒေသတွင်းဘက်ပေါင်းစုံ လုံခြုံရေး အရ ဒီလို သတ်မှတ်ချက်ဖြစ်လာတာ လက်ခံတယ်”ဟု ၎င်းက လူထုနွေဦးသို့ ပြောသည်။

(လွိုင်ကော်ဒေသတွင်း သတင်းထောက်လှမ်းနေသည့် အကြမ်း ဖက်စစ်ကောင်စီတပ်သားကို သြဂုတ် ၂၇ ရက်က ဖမ်းမိခဲ့စဥ်၊ ဓာတ်ပုံ - KNDF တပ်ရင်း- ၂)
(လွိုင်ကော်ဒေသတွင်း သတင်းထောက်လှမ်းနေသည့် အကြမ်း ဖက်စစ်ကောင်စီတပ်သားကို သြဂုတ် ၂၇ ရက်က ဖမ်းမိခဲ့စဥ်၊ ဓာတ်ပုံ - KNDF တပ်ရင်း- ၂)

ကရင်နီ(ကယား)ပြည်နယ်၌ (မှတ်ပုံတင်အမှတ် ၂/)ကိုင်ဆောင်ထားသူများသာ မြို့နယ်အတွင်း ဖြတ်သန်းသွားလာခွင့်ပြုမည်ဖြစ်ပြီး ပြည်သူများအနေဖြင့် စစ်ဆေးမှုများပြုလုပ်စဥ် ပူးပေါင်းပါဝင်ပေးကြရန် ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF တပ်ရင်း -၂ က ယနေ့ ( စက်တင်ဘာ ၁၅ ရက်) ထုတ်ပြန်သည်။

လွိုင်ကော်မြို့အခြေစိုက် KNDF တပ်ရင်း -၂၏ သတိပေးထုတ်ပြန်ချက်အရ လိုင်းကားများ သည်လည်း မှတ်ပုံတင်အမှတ် ၂/ကိုင်ဆောင်ထားသူများသာ တင်သွင်းပို့ဆောင်ခွင့်ပြုမည်ဟု ဆိုသည်။

“ကရင်နီပြည်နယ်အတွင်း အမှန်တကယ်နေထိုင်ပြီး (အခြားမှတ်ပုံတင်အမှတ်) ကိုင်ဆောင်ထားသော မိဘပြည်သူများအနေဖြင့် သက်သေအထောက်အထားခိုင်လုံပါက ဖြတ်သန်းသွား လာခွင့်ရှိပါသည်”ဟု KNDF တပ်ရင်း -၂ အသိပေးသည်။

မင်္သကာမှုများတွေ့ရှိပါက ဖမ်းဆီးအရေးယူမှုများပြုလုပ်သွားမည်ဖြစ်ကြောင်းလည်း သတိပေးသည်။

Public Service Announcement

Public Service Announcement

ထို့ကြောင့် မှတ်ပုံတင်အမှတ် ၂/ကိုင်ဆောင် ထားသူများမှအပ အခြားသောမှတ်ပုံတင်ကိုင် ဆောင်ထားသူများသည် စစ်ဆေးမှုပြုလုပ်စဥ် ပူးပေါင်းပါဝင်ပေးရန် KNDF တပ်ရင်း -၂ က တိုက်တွန်းသည်။

စစ်ရေးပြင်းထန်လျက်ရှိသည့် ကရင်နီဒေသအတွင်း စစ်ကောင်စီက နည်းလမ်းမျိုးစုံ အသုံးပြု၍ သတင်းအချက်အလက်များထောက်လှမ်း မှုရှိလာ၍ ယခုကဲ့သို့ သတ်မှတ်ခြင်းကို ထောက်ခံကြောင်း ကရင်နီဒေသခံလွိုင်ကော်မြို့နေသူက ဆိုသည်။

“လက်ရှိအခြေအနေအရ ဒေသခံတွေလုံခြုံရေး အပြင် ဒေသတွင်းဘက်ပေါင်းစုံ လုံခြုံရေး အရ ဒီလို သတ်မှတ်ချက်ဖြစ်လာတာ လက်ခံတယ်”ဟု ၎င်းက လူထုနွေဦးသို့ ပြောသည်။

မကြာသေးမီ ရက်သတ္တပတ်ကပင် KNDF တပ်ရင်း -၂ ၏ လှုပ်ရှားရာနယ်မြေအားလာရောက်သတင်းထောက်လှမ်းသည့် စစ်ကောင်စီ၏ တပ်မ(၆၆)လက်အောက်ခံ ခလရ (၁)မှ တပ်သားတစ်ဦးကို ဖမ်းဆီးရမိထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ်မှာ ဒရုန်းတိုက်ခိုက်ခံရတာကြောင့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ဖွဲ့ (KNDF) ရဲဘော် ၅ဦး ကျဆုံးခဲ့တယ်လို့ ‌ဒေသခံသတင်းရင်းမြစ်တချို့က ‌ပြောပါတယ်။

သတင်း

ကရင်နီပြည်မှာ ညီညွတ်တဲ့အစိုးရနဲ့အတူ ပြည်နယ်တပ်တစ်ခုတည်းဖြစ်ပေါ်လာဖို့ ဆက်လက်ကြိုးပမ်းသွားမယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်-KNDFက ဒီကနေ့ စက်တင်ဘာ ၁ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) ရဲ့ အတွင်းရေးမှူး အဖွဲ့ဝင်တစ်ဦးဖြစ်သလို ကရင်နီပြည် အတိုင်ပင်ခံကောင်စီ (KSCC)ရဲ့ဥက္ကဋ္ဌ၊ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ရဲ့ အထွေထွေအတွင်းရေးမှူး စတဲ့ တာဝန်တွေယူထားတဲ့ ဦးအောင်ဆန်းမြင့် ကွယ်လွန်ခြင်းအတွက် ဝမ်းနည်းကြောင်း၊ကောင်းရာသုဂတိမှာငြိမ်းချမ်းစွာ အနားယူနိုင်ပါစေ​ကြောင်း SCEFကထုတ်ပြန်ပါတယ်။

သတင်း

စစ်တပ်နဲ့ ပတ်သက်ဆက်နွှယ်တဲ့ အရက်၊ ဘီယာနဲ့ ဆေးလိပ်ထုတ်ကုန်တွေ ရောင်း၀ယ်ပါက ထိရောက်စွာအရေးယူမယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)အမှတ်- ၂ စစ်ဒေသ က ဒီကနေ့ ထုတ်ပြန်ပါတယ်။