Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ကရင်နီပြည်တွင် ၂/ကိုင်ဆောင်ထားသူများသာ မြို့နယ်အတွင်း ဖြတ်သန်းသွားလာခွင့်ပြုမည်ဖြစ်ပြီး စစ်ဆေးမှုများခံယူရန် KNDF သတိပေး

“လက်ရှိအခြေအနေအရ ဒေသခံတွေလုံခြုံရေး အပြင် ဒေသတွင်းဘက်ပေါင်းစုံ လုံခြုံရေး အရ ဒီလို သတ်မှတ်ချက်ဖြစ်လာတာ လက်ခံတယ်”ဟု ၎င်းက လူထုနွေဦးသို့ ပြောသည်။

(လွိုင်ကော်ဒေသတွင်း သတင်းထောက်လှမ်းနေသည့် အကြမ်း ဖက်စစ်ကောင်စီတပ်သားကို သြဂုတ် ၂၇ ရက်က ဖမ်းမိခဲ့စဥ်၊ ဓာတ်ပုံ - KNDF တပ်ရင်း- ၂)
(လွိုင်ကော်ဒေသတွင်း သတင်းထောက်လှမ်းနေသည့် အကြမ်း ဖက်စစ်ကောင်စီတပ်သားကို သြဂုတ် ၂၇ ရက်က ဖမ်းမိခဲ့စဥ်၊ ဓာတ်ပုံ - KNDF တပ်ရင်း- ၂)

ကရင်နီ(ကယား)ပြည်နယ်၌ (မှတ်ပုံတင်အမှတ် ၂/)ကိုင်ဆောင်ထားသူများသာ မြို့နယ်အတွင်း ဖြတ်သန်းသွားလာခွင့်ပြုမည်ဖြစ်ပြီး ပြည်သူများအနေဖြင့် စစ်ဆေးမှုများပြုလုပ်စဥ် ပူးပေါင်းပါဝင်ပေးကြရန် ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF တပ်ရင်း -၂ က ယနေ့ ( စက်တင်ဘာ ၁၅ ရက်) ထုတ်ပြန်သည်။

လွိုင်ကော်မြို့အခြေစိုက် KNDF တပ်ရင်း -၂၏ သတိပေးထုတ်ပြန်ချက်အရ လိုင်းကားများ သည်လည်း မှတ်ပုံတင်အမှတ် ၂/ကိုင်ဆောင်ထားသူများသာ တင်သွင်းပို့ဆောင်ခွင့်ပြုမည်ဟု ဆိုသည်။

“ကရင်နီပြည်နယ်အတွင်း အမှန်တကယ်နေထိုင်ပြီး (အခြားမှတ်ပုံတင်အမှတ်) ကိုင်ဆောင်ထားသော မိဘပြည်သူများအနေဖြင့် သက်သေအထောက်အထားခိုင်လုံပါက ဖြတ်သန်းသွား လာခွင့်ရှိပါသည်”ဟု KNDF တပ်ရင်း -၂ အသိပေးသည်။

မင်္သကာမှုများတွေ့ရှိပါက ဖမ်းဆီးအရေးယူမှုများပြုလုပ်သွားမည်ဖြစ်ကြောင်းလည်း သတိပေးသည်။

Public Service Announcement

Public Service Announcement

ထို့ကြောင့် မှတ်ပုံတင်အမှတ် ၂/ကိုင်ဆောင် ထားသူများမှအပ အခြားသောမှတ်ပုံတင်ကိုင် ဆောင်ထားသူများသည် စစ်ဆေးမှုပြုလုပ်စဥ် ပူးပေါင်းပါဝင်ပေးရန် KNDF တပ်ရင်း -၂ က တိုက်တွန်းသည်။

စစ်ရေးပြင်းထန်လျက်ရှိသည့် ကရင်နီဒေသအတွင်း စစ်ကောင်စီက နည်းလမ်းမျိုးစုံ အသုံးပြု၍ သတင်းအချက်အလက်များထောက်လှမ်း မှုရှိလာ၍ ယခုကဲ့သို့ သတ်မှတ်ခြင်းကို ထောက်ခံကြောင်း ကရင်နီဒေသခံလွိုင်ကော်မြို့နေသူက ဆိုသည်။

“လက်ရှိအခြေအနေအရ ဒေသခံတွေလုံခြုံရေး အပြင် ဒေသတွင်းဘက်ပေါင်းစုံ လုံခြုံရေး အရ ဒီလို သတ်မှတ်ချက်ဖြစ်လာတာ လက်ခံတယ်”ဟု ၎င်းက လူထုနွေဦးသို့ ပြောသည်။

မကြာသေးမီ ရက်သတ္တပတ်ကပင် KNDF တပ်ရင်း -၂ ၏ လှုပ်ရှားရာနယ်မြေအားလာရောက်သတင်းထောက်လှမ်းသည့် စစ်ကောင်စီ၏ တပ်မ(၆၆)လက်အောက်ခံ ခလရ (၁)မှ တပ်သားတစ်ဦးကို ဖမ်းဆီးရမိထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီ အမျိုးသားစည်းလုံးညီညွတ်ရေးအဖွဲ့ (KNSO)မှ ယနေ့ ဧပြီ ၁၀ရက်တွင် သဘောထား ထုတ်ပြန်ချက်ဖြင့် ယခုကဲ့သို့ အသိပေးခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီကို တိုက်ခိုက်ရသည့် အကြောင်းအရင်းများကို ဖော်ပြသည်။

သတင်း

စစ်မှုထမ်းဥပဒေပြဌာန်းပြီးနောက်တွင်တာဝန်ထမ်း‌ ဆောင်ရန် တပ်ရင်းသို့ဆက်သွယ်လာသူများရှိနေပြီး စိစစ်လက်ခံလျက်ရှိကြောင်းလည်း အသိပေးသည်။

သတင်း

ကယ်ထုတ်ခဲ့သူများတွင် ဘုန်းကြီးနှင့် ကိုရင်များ ၊က​လေူငယ်များ ၊အမျိုးသမီး အများစုပါဝင်ပြီး သက်ကြီးရွယ်အိုနှင့်အရွယ်စုံအမျိုးသားများလည်းပါဝင်သည်။

သတင်း

ယာယီသမ္မတထံသို့ ဝန်ကြီးဦးရည်မွန်က သွားရောက်တင်ပြခဲ့ပြီး ဒုဝန်ကြီး နိုင်ကောင်းရွက်က ဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းတို့ထံ တင်ပြခဲ့သည်ဟု အသိပေးသည်။