Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီထံ ဆက်ကြေးပေး၍ အရက်၊ ဘီယာနှင့် မူးယစ်ဆေး ရောင်းချနေသူများ ရပ်တန်းကရပ်ဖို့ ရန်ကုန် UG အဖွဲ့များသတိပေး

စက်တက်ဘာ ၁၆ ရက်နေ့ရက်စွဲဖြင့်ထုတ်ပြန်သည့်သတိပေးချက်တွင် အဆိုပါလုပ်ငန်းများသည် စစ်ကောင်စီ သက်ဆိုးရှည်အောင် ဆက်ကြေးပေးလုပ်ကိုင်နေခြင်းကြောင့်စစ်ကောင်စီထောက်တိုင်များ ဖြစ်လာနေသည်ဟု​ဖော်ပြထားသည်။

(မုံရွာမြို့နယ်အတွင်း လူသတ်မှုနှင့် မုဒိမ်းမှုများကျူးလွန်ထားသူတစ်ဦးကို ဒေသကာကွယ်ရေးတပ်ဖွဲ့ PDF များက ဖမ်းဆီးအရေးယူထားစဥ်။ ။ဓါတ်ပုံ-Chindwin Attack Force)
(မုံရွာမြို့နယ်အတွင်း လူသတ်မှုနှင့် မုဒိမ်းမှုများကျူးလွန်ထားသူတစ်ဦးကို ဒေသကာကွယ်ရေးတပ်ဖွဲ့ PDF များက ဖမ်းဆီးအရေးယူထားစဥ်။ ။ဓါတ်ပုံ-Chindwin Attack Force)

ရန်ကုန်မြို့ တောင်ဒဂုံမြို့နယ်နှင့် ဒဂုံဆိပ်ကမ်းမြို့နယ်များတွင် စစ်ကောင်စီထံဆက်ကြေးပေး၍ အရက်၊ ဘီယာနှင့် မူးယစ်ဆေးရောင်းချနေသူများအနေဖြင့် ရပ်တန်းကရပ်ကြရန် တောင်ဒဂုံအခြေစိုက် UG အဖွဲ့များဖြစ်သော SDGF နှင့် DYY တပ်ဖွဲ့တို့က သတိပေးချက်ထုတ်ပြန်လိုက်သည်။

စက်တက်ဘာ ၁၆ ရက်နေ့ရက်စွဲဖြင့်ထုတ်ပြန်သည့်သတိပေးချက်တွင် အဆိုပါလုပ်ငန်းများသည် စစ်ကောင်စီ သက်ဆိုးရှည်အောင် ဆက်ကြေးပေးလုပ်ကိုင်နေခြင်းကြောင့်စစ်ကောင်စီထောက်တိုင်များ ဖြစ်လာနေသည်ဟု​ဖော်ပြထားသည်။

ထို့အပြင် အဖျော်ယမကာနှင့် မူးယစ်ဆေးဝါးများအား အတားအဆီးမရှိ လွယ်လက့်တကူ ရောင်းဝယ်ဖောက် ကားနေခြင်းကြောင့် ခိုးဆိုလုနှိုက်မှုများ၊ လူသတ်၊ မုဒိမ်းမှုများနှင့် အကြမ်းဖက်ဒုစရိုက်မှုများ ပိုမိုထူပြောလာနေသည်ဟု ထုတ်ပြန်ချက်က ဆိုသည်။

အလားတူ နှစ်လုံး၊ သုံးလုံး စသည့်ထီလောင်းကစားလုပ်ငန်းများကြောင့်အခြေခံလူတန်းစားများမှာလောင်းကစားကြောင့် ပိုမိုငတ်မွတ်ဆင်းရဲလာပြီး စီးပွားရေး၊ လူမှုရေးနှင့် စားဝတ်နေရေးပိုမိုကြပ်တည်လာသည်ကြောင်းထောက်ပြသည်။

Public Service Announcement

Public Service Announcement

“အဓိကကတော့ အရက်ဘီယာအရောင်းဆိုင်တွေ၊မူးယစ်ဆေးဝါးရောင်း၀ယ်တာတွေနဲ့ လောင်းကစား ဒိုင်တွေကို အသိပေးချင်တာပါဗျ။ သူတို့က စစ်ကောင်ဆီကို ဆတ်ကြေး လိုင်းကြေးပေးပြီး တရား၀င်လုပ်ကိုင် ခွင့်ရလာပါတယ်။ ဒီလောင်းကစားတွေ၊ မူးယစ်ဆေးဝါးတွေကြောင့်ပဲ စာရိတ္တတွေ ပျက်ပြားလာကြပြီးတော့ နောက်ဆက်တွဲ အနေနဲ့ခိုးဆိုးလုမိူက်မှုတွေဟာ ပိုမို များပြားလာပါတယ်” ဟု SDGF ပြောက်ကျားတပ်ဖွဲ့မှ တော်လှန်ရေးရဲဘော်တစ်ဦးက မှတ်ချက်ပေးသည်။

ထို့ကြောင့် အရက်၊ ဘီယာ၊ မူးယစ်ဆေးနှင့် နှစ်လုံး၊ သုံးလုံး ထီလောင်ကစားလုပ်ငန်းလုပ်ကိုင်နေသူများအနေဖြင့် ယခုသတိပေးချက်ထုတ်ပြန်ချိန်မှ ခုနစ်ရက်အတွင်း ရပ်တန်းကမရပ်ပါကထိုက်သင့်သည့်အပြစ်ပေးအရေးယူမှုများလုပ်ဆောင်သွားမည်ဟု UG တပ်ဖွဲ့များက သတိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့မှာ စားအုန်းဆီဈေးတွေ သတ်မှတ်ဈေးထက် ၂ဆလောက် မြင့်တက်နေပြီး ရပ်ကွက်တွေမှာလည်း စာအုန်းဆီ ခွဲတမ်းဝယ်ယူရတာ ပိုခက်ခဲလာတယ်လို့ ဒေသခံတွေက‌ ပြောပါတယ်။

သတင်း

ရန်ကုန်မြို့ရဲ့ မြို့နယ်တွေမှာ စက်တင်ဘာ ၂ပတ်အတွင်း မတရားဖမ်းဆီးပေါ်တာဆွဲခံရသူ ၉၀ ကျော် ရှိတယ်လို့ မြေပြင်ကင်းထောက်အဖွဲ့တွေနဲ့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့မှာ ဒီနေ့(စက်တင်ဘာ၁၄) နေ့လည်ပိုင်းက လေပြင်းတိုက်ခတ်မှုကြောင့် မြို့နယ်လေးခုမှာသစ်ပင်လဲကျတဲ့ ဖြစ်စဉ်တွေဖြစ်ခဲ့ပြီး လမ်းပိတ်မှုတွေဖြစ်ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

သတင်း

ရန်ကုန်မြို့မှာဝမ်းရောဂါကူးစက်မှုဖြစ်ပွားနေချိန် ပူဇွန်တောင်မြို့နယ်မှာ အမည်မသိလူတစ်စုက ကားနဲ့လာပြီး မစင်ထုပ်တွေကို ပစ်ချသွားတယ်လို့ ဒေသခံတွေကပြောပါတယ်။