Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ကောင်စီထံ ဆက်ကြေးပေး၍ အရက်၊ ဘီယာနှင့် မူးယစ်ဆေး ရောင်းချနေသူများ ရပ်တန်းကရပ်ဖို့ ရန်ကုန် UG အဖွဲ့များသတိပေး

စက်တက်ဘာ ၁၆ ရက်နေ့ရက်စွဲဖြင့်ထုတ်ပြန်သည့်သတိပေးချက်တွင် အဆိုပါလုပ်ငန်းများသည် စစ်ကောင်စီ သက်ဆိုးရှည်အောင် ဆက်ကြေးပေးလုပ်ကိုင်နေခြင်းကြောင့်စစ်ကောင်စီထောက်တိုင်များ ဖြစ်လာနေသည်ဟု​ဖော်ပြထားသည်။

(မုံရွာမြို့နယ်အတွင်း လူသတ်မှုနှင့် မုဒိမ်းမှုများကျူးလွန်ထားသူတစ်ဦးကို ဒေသကာကွယ်ရေးတပ်ဖွဲ့ PDF များက ဖမ်းဆီးအရေးယူထားစဥ်။ ။ဓါတ်ပုံ-Chindwin Attack Force)
(မုံရွာမြို့နယ်အတွင်း လူသတ်မှုနှင့် မုဒိမ်းမှုများကျူးလွန်ထားသူတစ်ဦးကို ဒေသကာကွယ်ရေးတပ်ဖွဲ့ PDF များက ဖမ်းဆီးအရေးယူထားစဥ်။ ။ဓါတ်ပုံ-Chindwin Attack Force)

ရန်ကုန်မြို့ တောင်ဒဂုံမြို့နယ်နှင့် ဒဂုံဆိပ်ကမ်းမြို့နယ်များတွင် စစ်ကောင်စီထံဆက်ကြေးပေး၍ အရက်၊ ဘီယာနှင့် မူးယစ်ဆေးရောင်းချနေသူများအနေဖြင့် ရပ်တန်းကရပ်ကြရန် တောင်ဒဂုံအခြေစိုက် UG အဖွဲ့များဖြစ်သော SDGF နှင့် DYY တပ်ဖွဲ့တို့က သတိပေးချက်ထုတ်ပြန်လိုက်သည်။

စက်တက်ဘာ ၁၆ ရက်နေ့ရက်စွဲဖြင့်ထုတ်ပြန်သည့်သတိပေးချက်တွင် အဆိုပါလုပ်ငန်းများသည် စစ်ကောင်စီ သက်ဆိုးရှည်အောင် ဆက်ကြေးပေးလုပ်ကိုင်နေခြင်းကြောင့်စစ်ကောင်စီထောက်တိုင်များ ဖြစ်လာနေသည်ဟု​ဖော်ပြထားသည်။

ထို့အပြင် အဖျော်ယမကာနှင့် မူးယစ်ဆေးဝါးများအား အတားအဆီးမရှိ လွယ်လက့်တကူ ရောင်းဝယ်ဖောက် ကားနေခြင်းကြောင့် ခိုးဆိုလုနှိုက်မှုများ၊ လူသတ်၊ မုဒိမ်းမှုများနှင့် အကြမ်းဖက်ဒုစရိုက်မှုများ ပိုမိုထူပြောလာနေသည်ဟု ထုတ်ပြန်ချက်က ဆိုသည်။

အလားတူ နှစ်လုံး၊ သုံးလုံး စသည့်ထီလောင်းကစားလုပ်ငန်းများကြောင့်အခြေခံလူတန်းစားများမှာလောင်းကစားကြောင့် ပိုမိုငတ်မွတ်ဆင်းရဲလာပြီး စီးပွားရေး၊ လူမှုရေးနှင့် စားဝတ်နေရေးပိုမိုကြပ်တည်လာသည်ကြောင်းထောက်ပြသည်။

Public Service Announcement

Public Service Announcement

“အဓိကကတော့ အရက်ဘီယာအရောင်းဆိုင်တွေ၊မူးယစ်ဆေးဝါးရောင်း၀ယ်တာတွေနဲ့ လောင်းကစား ဒိုင်တွေကို အသိပေးချင်တာပါဗျ။ သူတို့က စစ်ကောင်ဆီကို ဆတ်ကြေး လိုင်းကြေးပေးပြီး တရား၀င်လုပ်ကိုင် ခွင့်ရလာပါတယ်။ ဒီလောင်းကစားတွေ၊ မူးယစ်ဆေးဝါးတွေကြောင့်ပဲ စာရိတ္တတွေ ပျက်ပြားလာကြပြီးတော့ နောက်ဆက်တွဲ အနေနဲ့ခိုးဆိုးလုမိူက်မှုတွေဟာ ပိုမို များပြားလာပါတယ်” ဟု SDGF ပြောက်ကျားတပ်ဖွဲ့မှ တော်လှန်ရေးရဲဘော်တစ်ဦးက မှတ်ချက်ပေးသည်။

ထို့ကြောင့် အရက်၊ ဘီယာ၊ မူးယစ်ဆေးနှင့် နှစ်လုံး၊ သုံးလုံး ထီလောင်ကစားလုပ်ငန်းလုပ်ကိုင်နေသူများအနေဖြင့် ယခုသတိပေးချက်ထုတ်ပြန်ချိန်မှ ခုနစ်ရက်အတွင်း ရပ်တန်းကမရပ်ပါကထိုက်သင့်သည့်အပြစ်ပေးအရေးယူမှုများလုပ်ဆောင်သွားမည်ဟု UG တပ်ဖွဲ့များက သတိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။

သတင်း

တော်လှန်ရေးပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)တပ်မှ စစ်ကောင်စီတပ်သားများသည် ပြီးခဲ့သည့် ဧပြီ ၁၀ရက်ညကတည်းက အမှတ်(၂)တံတားသို့ထွက်​ပြေးလာပြီး ခိုလှုံ​နေခြင်းဖြစ်သည်။