စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့ရှိ မြို့တော်ခန်းမအနီး ပျူစောထီးသင်တန်းပေးနေစဥ် ဒရုန်းဖြင့်ဗုံးချတိုက် ခိုက်ခဲ့ကြောင်း Armed Revolutionary Force ARF- KU အဖွဲ့က သတင်းထုတ်ပြန်သည်။
ယမန်နေ့ (စက်တင်ဘာ ၁၆ ရက်) မွန်းလွဲ ၁၂ နာရီခွဲခန့်က ခင်ဦးမြို့ မြို့တော်ခန်းမအနီး၌ ပျူသင် တန်းပေးနေစဥ် ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ထိခိုက်ပျက်စီးမှုများရှိကြောင်း Armed Revolutionary Force အဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
ပေါက်ကွဲသံ အချို့ကြားပြီးချိန်တွင် စခန်းအတွင်းမှ သေနတ်သံများ အဆက်မပြတ်ကြားခဲ့ရပြီး သင်တန်းလည်း ရပ်နားသွားသည်ဟု သိရကြောင်း Armed Revolutionary Force အဖွဲ့က အသိပေးသည်။

အဆိုပါ စစ်ဆင်ရေးအား Armed Revolutionary Focce ARF- KU၊ Future Hero၊ Thunderstom (လျှပ်စီးမိုးကြိုး) အဖွဲ့များက ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

Public Service Announcement

ဖြစ်စဥ်နှင့်ပတ်သက်ပြီး Armed Revolutionary Focce ARF- KU အဖွဲ့ထံ မေးမြန်းထားပြီး ပြန်လည် ဖြေကြားခြင်းမရှိသေးပေ။
စစ်ကိုင်းတိုင်း ခင်ဦး – ရေဦးလမ်းပိုင်းတွင် စစ်ကောင်စီတပ်များ ခြေရှုပ်နေ၍ ယနေ့နံနက်ပိုင်းမှစတင်ကာ ဖြတ်သန်းသွားလာခြင်းမပြုရန် ဒေသတွင်းပြည်သူ့ကာကွယ်ရေးအဖွဲ့များက တားမြစ်ထားသည်။


















































