Connect with us

Hi, what are you looking for?

သတင်း

မိုင်းဆွဲခံရပြီးနောက် စစ်တပ်က ရွာထဲကိုသေနတ်နဲ့ပစ်လို့ အမျိုးသမီးနှစိဦးဒဏ်ရာရ

ဒီလို KNLA တပ်ရင်း(၂)ပူးပေါင်းတပ်ဖွဲ့တွေရဲ့ မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်က နှစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

မိုင်းဆွဲခံရပြီးနောက် စစ်တပ်က ရွာထဲကိုသေနတ်နဲ့ပစ်လို့ အမျိုးသမီးနှစိဦးဒဏ်ရာရ
မိုင်းဆွဲခံရပြီးနောက် စစ်တပ်က ရွာထဲကိုသေနတ်နဲ့ပစ်လို့ အမျိုးသမီးနှစိဦးဒဏ်ရာရ

သထုံခရိုင် တပ်မဟာ(၁) နယ်မြေထဲမှာ မိုင်းဆွဲတိုက်ခိုက်ခံရတဲ့ စစ်တပ်ဟာ ကျေးရွာထဲကို သေနတ်နဲ့ပြန်ပစ်ခတ်ခဲ့လို့ ဒေသခံအမျိုးသမီးနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကေအဲန်ယူက သတင်းထုတ်ပြန်ပါတယ်။

စက်တင်ဘာ(၁၆)ရက် မနက်သုံးနာရီဝန်းကျင်က အင်အား(၈၀)ခန့်ရှိတဲ့ စစ်ကောင်စီတပ်မ(၄၄)လက် အောက်ခံ (၄၁၀)တပ်ရင်းဟာ ကေအဲန်ယူ-သထုံခရိုင်၊ သထုံမြို့နယ်၊ ပိန္နဲတောစခန်းကနေ ဝီယော်စခန်းကို အပြန်လမ်းမှာ KNLA တပ်ရင်း(၂)ပူးပေါင်းတပ်ဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့ပါတယ်။

Public Service Announcement
Public Service Announcement

ဒီလို KNLA တပ်ရင်း(၂)ပူးပေါင်းတပ်ဖွဲ့တွေရဲ့ မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်က နှစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

အဆိုပါမိုင်းဆွဲတိုက်ခိုက်မှုမှာ စစ်ကောင်စီတပ်ဘက်က အထိနာတဲ့အတွက် ကျေးရွာတွေထဲကို သေနတ်တွေနဲ့ ပစ်ခတ်ခဲ့ရာ သထုံမြို့နယ် ဝမ်းဘဲအင်း(နိုထိုဒေ)ကျေးရွာက သားအမိနှစ်ဦးဟာ သေနတ်ထိမှန်ဒဏ်ရာရရှိခဲ့တဲ့အပြင် အိမ်အတွင်းရှိ ကားတစ်စီးနဲ့ ဘီဒိုနှစ်လုံးလည်း ထိမှန်ပျက်စီးမှုတွေရှိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

ရွှေဝါရောင်တော်လှန်ရေးမှာ သံဃာတော်တွေနဲ့ ပြည်သူတွေကို စစ်အာဏာရှင်က ရက်ရက်စက်စက် နှိက်စက်သတ်ဖြတ်ခဲ့တာကို မမေ့ကြဖို့နဲ့ စစ်အာဏာရှင်တွေကဘုံရန်သူပျောက်အောင် သွေးခွဲလေ့ရှိတာကိုသတိထားကြဖို့ရွှေဝါရောင်ဆရာတော် ဆရာတော် မင်းသုညက မိန့်ကြားလိုက်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ် မြန်မာ-တရုတ်နယ်စပ် နယ်ခြားမှတ်တိုင် ၃၀ အမတ်ပေါ် ဒေသက စစ်တပ်ရဲ့ ဗျူဟာစခန်း ၁ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က စက်တင်ဘာ ၁၈ရက်မှာ သိမ်းပိုက်ရရှိခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က အသိပေးပါတယ်။

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်က ကာကင်းစခန်းနဲ့ ခြေကုတ်နေရာအချို့သိမ်းပိုက်ခံရပြီး​တော့ အာဏာသိမ်းစစ်တပ်က ဒီနေ့မှာစစ်တွေ၊ ပုဏ္ဏားကျွန်း၊ ပေါက်တောနဲ့ သံတွဲမြို့နယ်တို့ ကို လေယာဉ်အုပ်လိုက်နဲ့ ဗုံးပတ်ကြဲနေတယ်လို့ဒေသခံတွေကပြောပါတယ်။