Connect with us

Hi, what are you looking for?

သတင်း

သာကေတမြို့နယ်တွင် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတစ်ဦး ပစ်ခတ်ရှင်းလင်းခံရ

ယမန်နေ့ စက်တင်ဘာ ၂၀ ရက်နေ့ည ၇ နာရီ ၂၀ ခန့်ကသာကေတ ၄/မြောက်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဝင်းဗိုလ်အား အောင်ဇေယျလမ်းဆုံ ရိုးရိုးလေး လက်ဖက် ရည်ဆိုင်တွင် ပစ်ခတ်ရှင်းလင်းရေးလုပ်ဆောင်ခဲ့ကြောင်းဖော်ပြသည်။

(သာ​ကေတမြို့နယ်တွင် စက်တင်ဘာလဒုတိယပါတ်ကပစ်​ခတ်မှုဖြစ်ပွားပြီး​နောက် စစ်​ကောင်စီရဲများ​ရောက်လာစဥ်။ ဓါတ်ပုံ-CJ)
(သာ​ကေတမြို့နယ်တွင် စက်တင်ဘာလဒုတိယပါတ်ကပစ်​ခတ်မှုဖြစ်ပွားပြီး​နောက် စစ်​ကောင်စီရဲများ​ရောက်လာစဥ်။ ဓါတ်ပုံ-CJ)

သာကေတမြို့နယ်ရှိ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးတစ်ဦးကို ပစ်ခတ်ရှင်းလင်းလိုက်ကြောင်း Soul Takers- Yangon Underground Force က ယနေ့ (စက်တင်ဘာ ၂၁)တွင်ထုတ်ပြန်သည်။

ယမန်နေ့ စက်တင်ဘာ ၂၀ ရက်နေ့ည ၇ နာရီ ၂၀ ခန့်ကသာကေတ ၄/မြောက်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဝင်းဗိုလ်အား အောင်ဇေယျလမ်းဆုံ ရိုးရိုးလေး လက်ဖက် ရည်ဆိုင်တွင် ပစ်ခတ်ရှင်းလင်းရေးလုပ်ဆောင်ခဲ့ကြောင်းဖော်ပြသည်။

“၎င်းသည် မီးသတ်ဗိုလ်မှ ရပ်ကွက်ဥက္ကဌဖြစ်လာသူဖြစ်ပြီး တော်လှန်ရေး အင်အားစုများ၊ အနီးပတ်ဝန်းကျင်ရှိ UG အဖွဲ့များအား စုံစမ်းကာ စစ်ကောင်စီသို့ သတင်းပေးခြင်း ၊ကိုယ်တိုင် လိုက်လံညွှန်ပြ ဖမ်းဆီးစေခြင်း ဝင်ရောက်စီးနင်းမှုများအား ကူညီပေးခြင်းများ ကို ဦးဆောင်ကာ အင်တိုက်အားတိုက်လုပ်ကိုင်နေသူဖြစ်ပြီး ဖမ်းဆီးပြီးပါကလည်း နှိပ်စက်ခြင်း စစ်မေးခြင်းများကိုပါ လုပ်ဆောင်နေသော အကြမ်းဖက်စစ်တပ်၏အားထားရသော အုပ်ချုပ်ရေးမှူးဖြစ်ပါသည်”ဟု​ဖော်ပြထားသည်။

ဦးဝင်းဗိုလ်၏အိတ်ထဲမှ နံပါတ်တုတ်များ၊ဝေါ်ကီစကားပြောစက်၊ စာရွက်စာတမ်းများနှင့် စစ်တပ်သုံး ဖုန်းတစ် လုံးပါ သိမ်းဆည်း ရမိခဲ့ပြီး ၎င်းအား သေနတ်ဖြင့် ကိုးချက်ပစ်ခတ်ခဲ့ရာ သေဆုံးသွားပြီဖြစ်ကြောင်း အသိပေးသည်။

Public Service Announcement

Public Service Announcement

Soul Takers မှ ရဲဘော်များ ယခုအချိန်တွင် အထိခိုက်မရှိ ပြန်လည်ဆုတ်ခွါနိုင်ခဲ့ပြီဖြစ်ပြီး ဆက်လက်၍ စစ်ကောင်စီမှ အားထားရသော ရာအိမ်မှူး ၊ဆယ်အိမ်မှူး၊ ဒလန်များ သတင်းပေးများအားလည်း ဆက်လက်တိုက်ခိုက် တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့၊ သာကေတမြို့နယ်က မြင်တော်သာလမ်းမှာ စက်ဘီးနဲ့ ကျောင်းသွားတဲ့ ကိုးတန်းကျောင်းသားလေး ၁ဦးကို လူတစ်စုက ဖမ်းဆီးဖို့ကြိုးစားချိန် ထွက်ပြေးလွတ်မြောက်လာခဲ့ပါတယ်။

သတင်း

စစ်တပ်ခန့်အုပ်ချုပ်​ရေးမှူးကဦး​ဆောင်ပျူအဖွဲ့ ဖွဲ့ထားချိန်ယခုဖြစ်စဥ်ဖြစ်ခဲ့ဟုဒေသခံအချို့​ပြော

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်