Connect with us

Hi, what are you looking for?

သတင်း

သာကေတမြို့နယ် လျှပ်စစ်မီတာရုံးတွင်တပ်စွဲထားသောစစ်ကောင်စီတပ်ကိုမြို့ပြ​ပြောက်ကျားအဖွဲ့က ဗုံးဖြင့်တိုက်ခိုက်

“စခများအလိုကျ ငွေတောင်းခံခြင်း၊ မီးဖျက်ခြင်းနှင့် CDM မလုပ်သော ဝန်ထမ်းများကို ထပ်မံသုတ်သင်ရှင်းလင်းသွားမည် ဖြစ်ပါသည်”ဟု ဒေါင်းစစ်သည်အဖွဲ့က ​ဖော်ပြထားထားသည်။

(စစ်​ကောင်စီတပ်အ​ပေါ် နိုင်ငံတစ်ဝန်း ခုခံ​တော်လှန်တိုက်ခိုက်မှုများပိုများလာသည်။ ဓါတ်ပုံ-ရိုက်တာ)
(စစ်​ကောင်စီတပ်အ​ပေါ် နိုင်ငံတစ်ဝန်း ခုခံ​တော်လှန်တိုက်ခိုက်မှုများပိုများလာသည်။ ဓါတ်ပုံ-ရိုက်တာ)

သာကေတမြို့နယ် လျှပ်စစ်မီတာရုံးတွင် တပ်စွဲထားသော စစ်ကောင်စီတပ်ကို ဗုံးနှစ်လုံးဖြင့် ဖောက်ခွဲတိုက် ခိုက်ခဲ့ကြောင်း ဒေါင်းစစ်သည် ပြောက်ကျားတပ်ဖွဲ့က သြဂုတ် ၂၆ရက်တွင် ထုတ်ပြန်သည်။

ယမန်နေ့ည ၈ နာရီကျော်က သာကေတမြို့နယ် လျှပ်စစ်မီတာရုံး၌ တပ်စွဲထားသော စစ်ကောင်စီတပ်အား ဗုံးနှစ်လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ရန် ပြင်ဆက်ဖောက်ခွဲခဲ့ရာ တစ်လုံးမှာ ချို့ယွင်းချက်ဖြစ်ပြီး ကျန်တစ်လုံးသာပေါက်ကွဲခဲ့ကြောင်း ဖော်ပြသည်။

အထက်ပါ သာကေတမြို့နယ်လျှပ်စစ်ရုံးပေါက်ကွဲမှုနှင့် စပ်လျဥ်းပြီး ယနေ့ည ၈ နာရီကျော်က ပေါက်ကွဲသံတစ်ချက် ကြားရသော်လည်း လျှပ်စစ်မီတာရုံးအတွင်း ထိ ခိုက်ပျက်ဆီးမှုရှိမရှိဆိုသည်ကို မသိရကြောင်း သာကေတတွင် နေထိုင်သူတစ်ဦးက ပြောသည်။

“စခများအလိုကျ ငွေတောင်းခံခြင်း၊ မီးဖျက်ခြင်းနှင့် CDM မလုပ်သော ဝန်ထမ်းများကို ထပ်မံသုတ်သင်ရှင်းလင်းသွားမည် ဖြစ်ပါသည်”ဟု ဒေါင်းစစ်သည်အဖွဲ့က ​ဖော်ပြထားထားသည်။

Public Service Announcement

Public Service Announcement

တိုက်ခိုက်မှုတွင်ပါဝင်သော ရဲဘော်များ ဘေးကင်းရာသို့ရောက်ရှိပြီဖြစ်ကြောင်း အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့၊ သာကေတမြို့နယ်က မြင်တော်သာလမ်းမှာ စက်ဘီးနဲ့ ကျောင်းသွားတဲ့ ကိုးတန်းကျောင်းသားလေး ၁ဦးကို လူတစ်စုက ဖမ်းဆီးဖို့ကြိုးစားချိန် ထွက်ပြေးလွတ်မြောက်လာခဲ့ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

Facebook