Connect with us

Hi, what are you looking for?

သတင်း

မြန်မာခရိုနီ လက်နက်ပွဲစားဟုဆိုသူ ဒေါက်တာထွန်းမင်းလတ်နှင့်အဖွဲ့ မူးယစ်ဆေးဝါးအပါအဝင် ငွေကြေးခဝါချမှုစွဲချက်များဖြင့် ထိုင်းမှာ ဖမ်းဆီး

ဒါ့အပြင် ထွန်းမင်းလတ်ဟာ Allure နဲ့ Star Sapphire Group ကနေတဆင့် သတ္တုတူးဖော်ရေး၊ စွမ်းအင်နဲ့ ခရီးသွားလုပ်ငန်းတွေမှာလည်း မြန်မာ့စစ်တပ်နဲ့ နက်နက်ရှိုင်းရှိုင်း ချိတ်ဆက်လုပ်ကိုင်နေသူဖြစ်တယ်လို့ ထောက်ပြပါတယ်။

စစ်​ကောင်စီအတွက်လက်နက်များတင်သင်း​ပေး​နေ​သောလက်နက်ပွဲစားထွန်းမင်းလတ်။ဓါတ်ပုံ-JFM
စစ်​ကောင်စီအတွက်လက်နက်များတင်သင်း​ပေး​နေ​သောလက်နက်ပွဲစားထွန်းမင်းလတ်။ဓါတ်ပုံ-JFM

မြန်မာခရိုနီ လက်နက်ပွဲစားဒေါက်တာထွန်းမင်းလတ်နှင့်အဖွဲ့ဟာ မူးယစ်ဆေးဝါးအပါအဝင် ငွေကြေးခဝါချမှုစွဲချက်တွေနဲ့ ထိုင်းနိုင်ငံမှာ ဖမ်းဆီးခံလိုက်ရတယ်လို့ Justic For Myanmar က ထုတ်ပြန်ပါတယ်။

ထွန်းမင်းလတ်ဟာ လက်ရှိထိုင်းအထက်လွှတ်တော်အ မတ်ဖြစ်တဲ့ Upakit Pachariyangkun နဲ့ သူ့ရဲ့ ထိုင်းလုပ်ဖော်ကိုင်ဖက်တွေနဲ့ ထိုင်းနဲ့မြန်မာမှာ တည် ထောင်ထားတဲ့ စီးပွားရေးကွန်ရက်တစ်ခုဖြစ်တဲ့ Allure Group ကတဆင့် ငွေကြေးခဝါချမှုကျူးလွန်တယ်လို့ သတ်မှတ်ခံထားရတာလို့ ဆိုပါတယ်။

JFM က ထွန်းမင်းလတ်၏ စစ်​ကောင်စီနှင့်ဆက်စပ်ပုံ​ဖော်ပြထားမှု ။ကိုးကား-JFM
JFM က ထွန်းမင်းလတ်၏ စစ်​ကောင်စီနှင့်ဆက်စပ်ပုံ​ဖော်ပြထားမှု ။ကိုးကား-JFM

Allure ကုမ္ပဏီက ထိုင်းကနေတာချီလိတ်ကိုလျှပ်စစ်ဓာတ်အား ရောင်းချပေးနေတာပြီး တာချီလိတ်မြို့ နယ်မှာရှိတဲ့ မြန်မာစစ်ကောင်စီရဲ့ စစ်ထောက်ချုပ်ရုံးက ငှားရမ်းထားတဲ့ မြေပေါ်မှာ ကာစီနိုလောင်းကစားရုံတစ်ခုကို ဖွင့်လှစ်ထားတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ထွန်းမင်းလတ်ဟာ အာဏာသိမ်းစစ်​ခေါင်း​ဆောင်မင်းအောင်လှိုင်ရဲ့သမီး ခင်သီရိသက်မွန်နဲ့ လုပ်ဖော်ကိုင်ဘက် ဖြစ်ပြီး မောင်းသူမဲ့လေယာဉ် UAV အပါအဝင် အစ္စရေးနဲ့ တရုတ်နိုင်ငံတွေကလက်နက်တွေ ၀ယ်ယူပေးနေတဲ့ မြန်မာစစ်တပ်ရဲ့ လက်နက်ပွဲစားတစ်ဦး ဖြစ်တယ်လို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် ထွန်းမင်းလတ်ဟာ Allure နဲ့ Star Sapphire Group ကနေတဆင့် သတ္တုတူးဖော်ရေး၊ စွမ်းအင်နဲ့ ခရီးသွားလုပ်ငန်းတွေမှာလည်း မြန်မာ့စစ်တပ်နဲ့ နက်နက်ရှိုင်းရှိုင်း ချိတ်ဆက်လုပ်ကိုင်နေသူဖြစ်တယ်လို့ ထောက်ပြပါတယ်။

အလားတူ ထွန်းမင်းလတ်ဟာ ဟောင်ကောင်စတော့အိတ်ချိန်းစာရင်းဝင်ကုမ္ပဏီ VPower Group နဲ့ ပူးပေါင်းပြီး ရန်ကုန်တိုင်းဒေသကြီးက LNG စီမံကိန်း နှစ်ခုမှာ ပြည်တွင်းလုပ်ဖော်ကိုင်ဖက်ဖြစ်ပြီး အဲဒီစီမံကိန်းက စက် ရုံတစ်ရုံရဲ့ မြေနေရာဟာ စစ်တပ်လုပ်ငန်းစုကြီးဖြစ်တဲ့ မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်က ငှားရမ်းထားတာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့ကြောင့် စစ်အုပ်စုနဲ့နီးနီးကပ်ကပ်ရှိတဲ့ ထွန်းမင်းလတ်ကို သြဂုတ် ၂၄ ရက်နေ့မှာ ဗြိတိန်ကက Star Sapphire Group ကို မြန်မာစစ်တပ်အတွက် လက်နက်ရောင်းဝယ်ရေးတွေမှာ ကြားခံပွဲစားအဖြစ် လုပ်ပေးတာနဲ့ ရိုဟင်ဂျာ လူမျိုးတုံးသတ်ဖြတ်မှုကို အ ထောက်အကူဖြစ်စေတဲ့ ငွေကြေးပံ့ပိုးမှုတွေ လုပ်တာကြောင့် အမေရိကန်အစိုးရက ဒဏ်ခတ်ပိတ်ဆို့အရေးယူခဲ့ပါသေးတယ်။

ထွန်းမင်းလတ်ဟာ အငြိမ်းစား ဒုဗိုလ်မှူးကြီး ခင်​မောင်လတ်ရဲ့သားလည်းဖြစ်တယ်လို့ လည်းစစ်​ကောင်စီတပ်ရဲ့ လက်နက်ပွဲစညး​တွေ ၊စစ်​ကောင်စီနဲ့ဆက်စပ်လုပ်ငန်း​တွေကို​ဖော်ထုတ်​ပေး​နေတဲ့JFM က​ဖော်ပြပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်မှာ လိုင်စင်မဲ့ ဖွင့်လှစ်ထားတဲ့ အရက်ဆိုင် တစ်ခုကို စီးနင်းရှာဖွေခဲ့ပြီး ဆယ်ကျော်သက် လူငယ်တစ်ဦး အပါအဝင် မြန်မာ ၁၁ ဦးကို ဖမ်းမိခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က ကြေညာပါတယ်။

ရသစာတမ်းငယ်

ကျုပ်နာမည် အုတ်ခုံ။ အပြည့်အစုံလား။ လမ်းဘေးအုတ်ခုံတဲ့။ ဂုဏ်တင်ပြီးခေါ်ရင်တော့ လမ်းဘေးထိုင်ခုံပေါ့ဗျာ။ ကျုပ် ဒီရောက်နေတာလား ဆယ်နှစ်လောက်ပေါ့။ ဒီလောက်ပဲရှိပါသေးတယ်။ လွန်ခဲ့တဲ့ ဆယ်နှစ်က ဒီနားမှာ မြောင်းတွေဖေါ်မှ ကျုပ်ရောက်

သတင်း

စစ်ကောင်စီတပ်သားတွေ ကိုယ့်အသက်ဘေးကာကွယ်ဖို့ တော်လှန်ရေးတပ်တွေထံ ဘက်ပြောင်းခိုလှုံ ကြဖို့ KNU ထပ်မံတိုက်တွန်း

နိုင်ငံတကာ

ရုရှား မောင်နှမနှစ်ဦး အသတ်ခံရတဲ့ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး နစ်နာသူ မိသားစုကို ထိုင်းဝန်ကြီးချုပ်က စာနာဝမ်းနည်းကြောင်း ပြောကြားခဲ့သလို ရုရှားပြည်သူတွေနဲ့ ရုရှား ကမ္ဘာလှည့် ခရီးသည်တွေကို ရည်စူးပြီး တောင်းပန်စကားလည်း ဆိုခဲ့ပါတယ်။