Connect with us

Hi, what are you looking for?

News

မြန်မာလေတပ်နှင့် လက်နက်ပွဲစားများကို ပစ်မှတ်ထားသည့် ပိတ်ဆို့ဒဏ်ခတ်မှုများကို အမေရိကန်၊ ဗြိတိန်၊ ကနေဒါတို့ကြေညာ

အသစ်ခန့်အပ်ထားသည့် လေတပ်ချုပ်နှင့် လက်နက်ကုန်သွယ်မှုတွင် ဆက်စပ်နေသူများအပါအဝင် စစ်တပ်အရာရှိများကို ပစ်မှတ်ထားသည့် စုပေါင်းပိတ်ဆို့ဒဏ်ခတ်မှုများကို အမေရိကန်၊ ဗြိတိန်နှင့် ကနေဒါတို့က ချမှတ်လိုက်သည်။

မြန်မာလက်နက်ပွဲစား သုံးဦးနှင့် ၎င်းတို့နှင့် ဆက်နွှယ်သည့် ကုမ္ပဏီများ၊ ပိတ်ဆို့ ဒဏ်ခတ်ထားပြီးဖြစ်သည့် လက်နက်ပွဲစားတေဇ၏ စီးပွားရေးလုပ်ငန်းနှစ်ခုကို အမေရိကန်က အရေးယူပိတ်ဆို့သည်။လက်နက်ပွဲစားသုံးဦးမှာ နိုင်ထွဋ်​အောင် ၊​အောင်လှိုင်ဦး ၊စစ်တိုင်း​အောင် တို့ဖြစ်ပြီး နိုင်ထွဋ်​အောင် ပိုင်ဆိုင်​သောInternational Gateways Groups of Company Limited (IGG) ၊ ​အောင်လှိုင်ဦးအဓိက ပိုင်ဆိုင်​သော Myanmar Chemical & Machinery Company Limited (MC&M)တို့ကိုလည်းပိတ်ဆိုဒဏ်ခတ်အ​ရေးယူခဲ့သည်။

ယခင်နှစ် ခရစ္စမတ်အကြိုညတွင် ကယားပြည်နယ်၌ လူပေါင်း ၃၀ ခန့်ကို ကားပေါ်မီးတင်ရှို့ခဲ့မှု အတွက် ခြေမြန်တပ်မ ၆၆ ကိုလည်း အမေရိကန်က အရေးယူပိတ်ဆို့ခဲ့သည်။

“စစ်ကောင်စီဆက်လက်ကျူးလွန်နေတဲ့အကြမ်းဖက်မှုတွေကို တုန့်ပြန်တဲ့အနေနဲ့ ဒီအရေးယူ လုပ်ဆောင်မှုကို ဒီကနေ ကြေညာခဲ့တာဖြစ်ပါတယ်။ ဒါဟာ မြန်မာပြည်သူတွေကို ကျွန်တော်တို့ ရဲ့ ခိုင်မာတဲ့အားပေးထောက်ခံမှုကို ပြသဖို့၊ စစ်ကောင်စီကျူးလွန်တဲ့အကြမ်းဖက်မှုတွေနဲ့ အာဏာသိမ်းမှုနဲ့ပတ်သက်ဆက်နွှယ်သူတွေကို တာဝန်ခံမှု တိုးမြှင့်ဖို့ ဖြစ်ပါတယ်” ဟု အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်က ထုတ်ပြန်သည်။

ဆက်လက်ပြီး “အကြမ်းဖက်မှုတွေ မရပ်တန့်မချင်း၊ မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လည်မရောက်မချင်း စစ်ကောင်စီအပေါ် အရေးယူပိတ်ဆို့မှုတွေကို ကျွန်တော်တို့ ဆက်လက်လုပ်ဆောင်မှာဖြစ်ပါတယ်” ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက ပြောသည်။

Public Service Announcement

Public Service Announcement

ဗြိတိန်ကလည်း အရပ်သားကျေးရွာအပေါ် ဗုံးကြဲတိုက်ခိုက်ခြင်း၊ သောင်းနှင့်ချီကာ အတင်းအကြပ်​ အိုးအိမ်စွန့်ခွာခြင်းများ ဖြစ်ပေါ်စေခဲ့သည့် လက်နက်ပွဲစားများနှင့် လေတပ်ကို လက်နက်နှင့် ရင်းမြစ်များ ပံ့ပိုးပေးနေသည့် ကုမ္ပဏီများကို အရေးယူမှုလုပ်ဆောင်ခဲ့သည်။ဒေါက်တာ​အောင်မိုး
မြင့် ၊​အောင်လှိုင်ဦးနှင့် ၎င်းတို့ပိုင်ကုမ္ပဏီ ၃ ခုဖြစ်​သော Dynasty International Company Ltd ၊ Myanmar Chemical and Machinery Company Ltd နှင့် Miya Win International Ltdတို့ကိုလည်း ဒဏ်ခတ်အ​ရေးယူလိုက်သည်။

စစ်တပ်၏ ထင်ရှားသော စီးပွားရေးလုပ်ငန်း MEHL ဒါရိုက်တာ၊ လေတပ်ချုပ် ဗိုလ်ချုပ်ကြီး ထွန်း အောင်ကိုဗြိတိန်က ပိတ်ဆို့ဒဏ်ခတ်ခဲ့သည်။

“ဒီမိုကရေစီအရေး ဆက်လက်တိုက်ပွဲဝင်နေတဲ့ မြန်မာပြည်သူတွေအပေါ် လူမဆန်တဲ့ အကြမ်းဖက်မှုတွေကို ရပ်တန့်ဖို့ မြန်မာစစ်တပ်က အရိပ်အယောင်မပြသေးပါဘူး။ ဒီအရေးယူပိတ်ဆို့မှု တွေက နိုင်ငံတဝန်း နှိပ်စက်ညှင်းပန်းမှုတွေ ဖြစ်ပေါ်စေတဲ့ စစ်တပ်ကို လက်နက်အကူအညီပေး နေသူတွေကို ပစ်မှတ်ထားပါတယ်။ သဘောထားခြင်းတူညီတဲ့နိုင်ငံတွေနဲ့အတူ ဗြိတိန်ဟာ လွတ်လပ်ခွင့်၊ ဒီမိုကရေစီ၊ တရားဥပဒေစိုးမိုးရေးတို့ကို အမြဲကာကွယ်သွားမှာပါ။ နောက်ပြီး ဒီ ဖိနှိပ်တဲ့၊ လူမဆန်တဲ့စစ်ကောင်စီကို တာဝန်ခံမှုရှိစေရေး လုပ်ဆောင်မှာဖြစ်ပါတယ်” ဟု ဗြိတိန် အာရှရေးရာဝန်ကြီး အမန်ဒါမီလ်လင်းက ပြောသည်။

တချိန်တည်းတွင် ကနေဒါကလည်း လေတပ်ချုပ်ထွန်းအောင်အပါအဝင် လူပုဂ္ဂိုလ်လေးဦးကို ထပ်မံ အရေးယူပိတ်ဆို့ခဲ့ပြီး ကုမ္ပဏီနှစ်ခုကို အမည်ပျက်စာရင်းသွင်းခဲ့သည်။

အထက်ပါ အရေးယူပိတ်ဆို့မှုအသစ်များသည် ၂၀၁၇ က ရိုဟင်ဂျာများအပေါ်ကျူးလွန်ခဲ့မှုများကို လူမျိုးသုဉ်းသတ်ဖြတ်မှု ဂျီနိုဆိုက်အဖြစ် အမေရိကန်က သတ်မှတ်ကြေညာခဲ့အပြီး တစ်ပတ် တည်း ထွက်ပေါ်လာခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ပါရှန်း ပင်လယ်ကွေ့မှာ အီရန်ရေယာဉ်တွေကို တားဆီးဖို့ ဖြန့်ကျက်ထားတဲ့ အမေရိကန် ရေတပ် ပိတ်ဆို့မှုကို ရုပ်သိမ်းလိုက်ပြီလို့ အမေရိကန် စစ်တပ်က အတည်ပြု ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်မှာ လမ်းပေါ် ပျက်ကျလာတဲ့ လေယာဉ်ထဲက ခရီးသည်တွေကို လမ်းသွားလမ်းလာတွေက ကြိုးကြိုးစားစား ကယ်ထုတ်ပေးခဲ့ကြပါတယ်။

နိုင်ငံတကာ

မြောက်ကိုရီးယား နိုင်ငံနဲ့ တင်းမာမှုတွေကို လျှော့ချဖို့အတွက် ဦးဆောင် ညှိနှိုင်းပေးဖို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကို တောင်ကိုရီးယား သမ္မတက တောင်းဆိုခဲ့ပါတယ်။

နိုင်ငံတကာ

စစ်ပြေငြိမ်းရေး သဘောတူညီမှုရဖို့ အမေရိကန်က အီရန်မှာ ဒေါ်လာ ၃၀၀ ဘီလီယံ ရင်းနှီးမြှုပ်နှံပေးရမယ်ဆိုတာ မဟုတ်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။