Connect with us

Hi, what are you looking for?

သတင်း

‘နန်းထိုက်အောင်စစ်ဆင်ရေး’အဖြစ် ကျောက်တံခါးမြို့နယ်တွင် စစ်ကောင်စီတပ်ကို မိုင်းဆွဲတိုက်ခိုက်

တိုက်ခိုက်မှုများကို ယမန်နေ့ည ၉ နာရီ ၅၅ ခန့်က ကျောက်တံခါးမြို့ ကွင်းမြောက်ရပ်ကွက် ဇရပ်ကုန်း ထရမ်စဖော်မာအနီးတွင် ဖောက်ခွဲမှုတစ်ခုပြုလုပ်ခဲ့ရာ စစ်ဆေးရန် စစ်သားများရောက်လာချိန် ထပ်မံဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း ဖော်ပြသည်။

'နန်းထိုက်အောင်စစ်ဆင်ရေး'အဖြစ် ကျောက်တံခါးမြို့နယ်တွင် စစ်ကောင်စီတပ်ကို မိုင်းဆွဲတိုက်ခိုက်
'နန်းထိုက်အောင်စစ်ဆင်ရေး'အဖြစ် ကျောက်တံခါးမြို့နယ်တွင် စစ်ကောင်စီတပ်ကို မိုင်းဆွဲတိုက်ခိုက်

စစ်သားတစ်ဦးနှင့် ပျူနှစ်ဦးသေ၊ သေနတ်လေးလက်နှင့် ကျည်များရရှိ

‘နန်းထိုက်အောင်စစ်ဆင်ရေး’အဖြစ် ကျောက်တံခါးမြို့ ကွင်းမြောက်ရပ်ကွက်အတွင်း စစ်ကောင်စီတပ်အား မိုင်းနှစ်ဆင့်ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း ပဲခူးခရိုင် PDF တပ်ရင်း (၃၇၀၂)၊ တပ်ခွဲ(၂)က ယနေ့(စက်တင်ဘာ ၂၁)ထုတ်ပြန်သည်။

တိုက်ခိုက်မှုများကို ယမန်နေ့ည ၉ နာရီ ၅၅ ခန့်က ကျောက်တံခါးမြို့ ကွင်းမြောက်ရပ်ကွက် ဇရပ်ကုန်း ထရမ်စဖော်မာအနီးတွင် ဖောက်ခွဲမှုတစ်ခုပြုလုပ်ခဲ့ရာ စစ်ဆေးရန် စစ်သားများရောက်လာချိန် ထပ်မံဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း ဖော်ပြသည်။

“ထိုတိုက်ခိုက်မှုကြောင့် စကစတပ်ဖွဲ့ဝင် (၃)ဦးသေဆုံးခဲ့ပြီး (၁)ဦး ပြင်းထန်ဒဏ်ရာရခဲ့သည်။ ထိုဖြစ်စဉ်တွင် ရန်သူလက်နက်များဖြစ်သည့် MA1 တစ်လက်၊ MA3 တစ်လက်၊ ကာဘိုင် (၂)လက် နှင့် ၎င်းတို့​၏ ကျည်များဖြစ်သည့် MA 3 ကျည် (၁၁၅)တောင့်၊ ကာဘိုင်ကျည် (၁၄၅) တောင့်တို့အား သိမ်းဆည်းခဲ့သည်”ဟု ထုတ်ပြန်သည်။

အလားတူ စက်တင်ဘာ ၁၄ ရက်ကလည်း နန်းထိုက်အောင် စစ်ဆင်ရေးအဖြစ် နေ့လယ် ၁ နာရီခန့်တွင် ညောင်လေးပင်ဘက်မှ ပြန်လာသော စစ်ကောင်စီတပ်ဖွဲ့ဝင်ခုနစ်ဦးပါ ယာဥ်အား ညောင်လေးပင် မဒေါက်လမ်းပေါ် အင်းကပ္ပလိပ်အနီးတွင် ရွှေကျင်(ပကဖ)မှ မိုင်းဆွဲတိုက်ခိုက်ခဲ့သဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ ပြင်းထန်ဒဏ်ရာရခဲ့သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

ထို့ပြင် စက်တင်ဘာ ၁၄ ရက် ညနေ ၆ နာရီခွဲခန့်က ပဲခူးတိုင်းစစ်ဒေသခွဲ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ် မှတ်တိုင်တိုက်နယ် ၊ ရွာသစ်ကြီးအုပ်စု၊ ရှမ်းစပ်ရွာနေ အုပ်ချုပ်ရေးမှူး ဦးဉာဏ်ဝင်းအား ပေါင်းတည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ နန်းထိုက်အောင်စစ် ဆင်ရေးအဖြစ် ရှင်းလင်းခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

နိုင်ငံတကာ

လတ်တလော အီရန်အပေါ် တိုက်ခိုက်မှုတွေဟာ ကျဆုံး အမေရိကန် စစ်သည်တွေကို ဂုဏ်ပြုခြင်းလည်း ဖြစ်တယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) နေပြည်တော်တိုင်းစစ်ဌာနရဲ့ စစ်ဆင်ရေးဖော်ဆောင်မှုတွေကြောင့် ဇွန်လအတွင်းမှာ စစ်တပ်က အရာရှိ ၄ဦး အပါအဝင် ၄၀ဦးကျော် သေဆုံးကာ ရဲစခန်းမှူး အပါအဝင် အများအပြား ထိခိုက်ဒဏ်ရာရခဲ့ကြောင်း နေပြည်တော် PDFက သတင်းထုတ်ပြန်ပါတယ်။