စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်တွင် ကျေးရွာများအား ဖျက်ဆီးနေသော စစ်ကောင်စီတပ်အား နှစ်ရက်ဆက်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားတစ်ဦးသေဆုံးကြောင်း Myaung Special People’ Defense Force-MSPDF က သတင်းထုတ်ပြန်သည်။
ပြီးခဲ့သည့် ဇူလိုင် ၁၅ရက် နံနက်၈နာရီခန့်က ပရိမ္မကျေး ရွာတွင် အကြမ်းဖက်ဝင်ရောက်ဖျက်ဆီးမွှေနောက်၍ ထွက်ခွာလာသော စစ်ကောင်စီတပ်သားများကို ပရိမ္မကျေးရွာနှင့် မြစံကျေးရွာကြားသို့ ရောက်ရှိလာခဲ့သည်။
ထိုနှစ်ရွာကြား အရောက်တွင် အသင့်ချထားသော ခြေလျင်ကုန်းကြောင်းဖျက်မိုင်းများဖြင့် စစ်ကိုင်းခရိုင်တပ်ရင်း အမှတ်(၄)- MSPDFက ဦးဆောင်၍ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့မှ နောက်ချန်တပ်သား သုံးဦးခန့် ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု MSPDF၏ ထုတ်ပြန်ချက်တွင်ဖော် ပြသည်။

ဇူလိုင်လ ၁၆ရက်ကလည်း ဇရပ်ကုန်းကျေးရွာတွင် အကြမ်းဖက် ဝင်ရောက်စီးနင်းပြီး ထွက်ခွာလာသော စစ်ကောင်စီတပ်သားများအား ညီနောင်မဟာမိတ်များနှင့်လိုက်လံ၍ စနိုက်ပါဖြင့် ပစ်ခတ်ခဲ့ရာ စစ်ကောင်စီတပ်သားတစ်ဦးမှာ နေရာတွင်လဲကျသေဆုံးသွားကြောင်း MSPDFက အသိပေးသည်။

Public Service Announcement
ထိုစစ်ဆင်ရေးများတွင် စစ်ကိုင်းခရိုင်တပ်ရင်းအမှတ် (၄)-MSPDF နှင့်အတူ Natogyi Regional Defence Force-NRDF၊ Burmese Guerrilla Force-BGF၊ ဓာတ်ကြီးလေးပါး-Four Elementes၊ စည်တော်ကြီးဒေသ ကာကွယ်ရေးပျောက်ကြားတပ်ဖွဲ့၊ Thway Thauk Revolution Force၊ တောင်သာ PDF၊ Chaung U People Defence Force-CHU PDF၊ မြင်းခြံခရိုင်တပ်ရင်းအမှတ်(၁)၊ မြင်းခြံခရိုင်တပ်ရင်းအမှတ်(၃) စသည့် မဟာမိတ်ညီနောင်များက ပူးပေါင်းဆောင်ရွက်ခဲ့သည်။
အထက်ပါဖြစ်စဥ်နှင့် ပတ်သက်၍ MSPDFအဖွဲ့ထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်းမရှိသေးပေ။ စစ်ကောင်စီတပ်၏ ထိခိုက်သေဆုံးမှုအခြေ အနေနှင့် ပတ်သက်ပြီးထပ်မံအတည်ပြုနိုင်ခြင်း မရှိသေးပေ။
















































