Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီထုတ်ကုန် ဘီယာဖာ ၁,၀၀၀ကို KIA/PDF ပူးပေါင်းတပ် ဖျက်ဆီး

အဆိုပါ ဘီယာဖာများကို အများပြည်သူရှေ့တွင် ဖျက်ဆီးခဲ့ပြီး နောက်နောင်တွင်လည်း စစ်ကောင်စီ ထုတ်ကုန်ပစ္စည်းများ ဖမ်းဆီးရမိပါက ဖျက်ဆီးသွားမည်ဖြစ်ကြောင်း အသိပေးထားသည်။

ဓာတ်ပုံ - Indaw Revolution
ဓာတ်ပုံ - Indaw Revolution

အာဏာသိမ်းစစ်ကောင်စီထုတ်ကုန်ဖြစ်သည့် ဘီယာအဖာပေါင်း ၁,၀၀၀ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် ပြည်သူ့ကာကွယ်ရေးတပ်(PDF) ပူးပေါင်းတပ်ဖွဲ့က ဖမ်းဆီးပြီး အများပြည်သူရှေ့၌ ဖျက်ဆီးခဲ့သည်ဟု Indaw Revolution က ဖော်ပြ သည်။

ယမန်နေ့(စက်တင်ဘာ ၂၂ရက်)က မန္တလေးမှ မြစ်ကြီးနားမြို့ဘက်သို့ သယ်ဆောင်လာသည့် စစ်ကောင်စီထုတ်ကုန် Myanmar Beer နှင့် Andaman Gold Beer အဖာရေ ၁,၀၀၀ကို အင်းတော်မြို့နယ် လမ်းပိုင်းတွင် ပူးပေါင်းတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့သည်ဟု ဆိုသည်။

အဆိုပါ ဘီယာဖာများကို အများပြည်သူရှေ့တွင် ဖျက်ဆီးခဲ့ပြီး နောက်နောင်တွင်လည်း စစ်ကောင်စီ ထုတ်ကုန်ပစ္စည်းများ ဖမ်းဆီးရမိပါက ဖျက်ဆီးသွားမည်ဖြစ်ကြောင်း အသိပေးထားသည်။

KIA အပါအဝင် တော်လှန်ရေးအင်အားစုများအနေ ဖြင့် စစ်ကောင်စီ ထုတ်ကုန်ပစ္စည်းများကို ဖမ်းဆီးမှုများ ဆက်တိုက်လုပ်ဆောင်နေသည်။ ပြည်သူလူထုများကိုလည်း စစ်ကောင်စီထုတ်ကုန်များ သယ်ယူရောင်းချခြင်း သုံးစွဲခြင်းမပြုရန် တိုက်တွန်းအသိပေးထားသည်။ ဒေသအချို့တွင် စစ်ကောင်စီ ထုတ်ကုန် များ ရောင်းဝယ်ပါက အရေးယူမှုပြုလုပ်ခြင်းများလည်းရှိသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ် မြန်မာ-တရုတ်နယ်စပ် နယ်ခြားမှတ်တိုင် ၃၀ အမတ်ပေါ် ဒေသက စစ်တပ်ရဲ့ ဗျူဟာစခန်း ၁ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က စက်တင်ဘာ ၁၈ရက်မှာ သိမ်းပိုက်ရရှိခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က အသိပေးပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ကာမိုင်းဒေသမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ဒုတပ်ရင်းမှူး ၁ဦးကို စစ်တပ် လက်အောက်ခံ ရှမ်းနီတပ် SNA ရဲ့ ဖမ်းဆီးခြင်းခံရမှုမဟုတ်ဘဲ သတင်းအမှားသာဖြစ်ကြောင်း KIA စစ်ဘက်တာဝန်ရှိသူက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။