Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

အင်းတော်မြို့နယ်ရှိ နဘားတန်ပိုဂိတ်အား ဝင်ရောက်စီးနင်းဖျက်ဆီး

ဒေသတွင်းစစ်ရေးအရ အင်းတော်-ဗန်းမောက်ကားလမ်းအား ယနေ့ (သြဂုတ် ၁၆ ရက်)ကစ၍ ယာယီပိတ်ပင်ကြောင်း Indaw Revolution က ထုတ်ပြန် ထားသည်။

နဘားတန်ပိုဂိတ်အား ဝင်ရောက်စီးနင်းနေသော KIAနှင့် PDFပူးပေါင်း တပ်သား များအားတွေ့ရစဥ်၊ ဓာတ်ပုံ - Indaw Revolution
နဘားတန်ပိုဂိတ်အား ဝင်ရောက်စီးနင်းနေသော KIAနှင့် PDFပူးပေါင်း တပ်သား များအားတွေ့ရစဥ်၊ ဓာတ်ပုံ - Indaw Revolution

စစ်ကိုင်းတိုင်းအထက်ပိုင်း အင်းတော်မြို့နယ်ရှိ စစ်ကောင်စီလက်အောက်ခံ နဘားတန်ပိုဂိတ်အား ဝင်ရောက်စီးနင်းဖျက်ဆီးခဲ့ကြောင်း Indaw Revolution က ထုတ်ပြန်သည်။

ယနေ့(သြဂုတ် ၁၆ ရက်) နံနက် ၁၀နာရီတွင် စစ်ကောင်စီထံသို့ဝင်ငွေစီးဆင်းနေ သည့် ဆောက်လုပ်ရေးဝန်ကြီးဌာနပိုင်သည့် နဘားတန်ပိုဂိတ်ကို ကချင်လွတ်မြောက်ရေးတပ်မတော်(KIA) နှင့် PDFပူးပေါင်း ဝင်ရောက်စီးနင်း ခဲ့ခြင်းဟု ဆိုသည်။

ဝင်ရောက်စီးနင်းစဥ်အတွင်းအင်းတော်မြို့ ရိက္ခာကုန်းဘက်ရှိ စစ်ကောင်စီတပ် ဘက်မှ နဘားရွာ ဘက်သို့ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သော်လည်း လူထိခိုက်မှုမရှိခဲ့ပေ။

နဘားတန်ပိုဂိတ်အား ဝင်ရောက်စီးနင်းနေသော KIAနှင့် PDFပူးပေါင်း တပ်သား များအားတွေ့ရစဥ်၊ ဓာတ်ပုံ - Indaw Revolution
နဘားတန်ပိုဂိတ်အား ဝင်ရောက်စီးနင်းနေသော KIAနှင့် PDFပူးပေါင်း တပ်သား များအားတွေ့ရစဥ်၊ ဓာတ်ပုံ – Indaw Revolution

“ဂိတ်ဝန်ထမ်းလေးဦးမိတယ်။ လောလောဆယ် ထိန်းသိမ်းထားပြီး ပြန်လွှတ်ပေး မယ်လို့သိရ တယ်” ဟု Indaw Revolution တာဝန်ရှိသူက People’s Spring သို့ ပြောသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

ဝင်ရောက်စီးနင်းခဲ့သော နဘားတန်ပိုဂိတ်ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်းလည်း သိရသည်။

ဒေသတွင်းစစ်ရေးအရ အင်းတော်-ဗန်းမောက်ကားလမ်းအား ယနေ့ (သြဂုတ် ၁၆ ရက်)ကစ၍ ယာယီပိတ်ပင်ကြောင်း Indaw Revolution က ထုတ်ပြန် ထားသည်။

ဆက်စပ်သတင်းများ

သတင်း

Non-CDM ဝန်ထမ်းများ အလင်းဝင်ခြင်းဆိုင်ရာ ကြေညာချက်ကို အင်းတော်မြို့နယ်ပြည်သူ့ချုပ်ရေးအဖွဲ့က ပြီးခဲ့သည့် နိဝင်ဘာ၂၄ရက်က ကြေညာခဲ့ခြင်းဖြစ်သည်။

သတင်း

ထီးချိုင့်မြို့တွင် စစ်ကောင်စီတပ်က နိုဝင်ဘာလ ၆ရက်ညမှစ၍ လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်နေပြီး ယမန်နေ့ညက ထီးချိုင့်မြို့ဘောလုံးကွင်းအနီး လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့သည်။လက်နက်ကြီးကျ​ရောက်မှု​ကြောင့်ထိခိုက်မှုရှိ ၊မရှိကိုမူ မသိရသေးပေ။

သတင်း

အမရာ/People’s Spring စစ်ကိုင်းတိုင်း၊ အင်းတော်မြို့ အောင်ဇေယျရပ်ကွက်မှ မောင်နှမသုံးဦးကို PDF ထောက်ပံ့သည်ဟုစွပ်စွဲဆိုကာ စစ်ကောင်စီက အကြမ်းဖက်ဖမ်းဆီးသွားကြောင်း မြို့ခံများက ပြောသည်။ အသက်(၃၀)မှ(၄၀)နှစ်ကြား မောင်နှမသုံးဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက အောက်တိုဘာ ၄ရက် ညတွင် ဖမ်းဆီးသွားခြင်းဟု ဆိုသည်။ ” အမျိုးသမီးတစ်ယောက်၊ အမျိုးသားနှစ်ယောက်ပါတယ်။ မောင်နှမအရင်းတွေကြီးပဲ။...

သတင်း

စက်တင်ဘာ ၁၉ရက်ကလည်း အင်းတော်မြို့နယ် နဘားလမ်းဆုံအနီးတွင် KIA/KPDF ပူးပေါင်းတပ်နှင့်စစ်ကောင်စီတို့ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု Indaw Revolutionက အသိပေးထားသည်။