Connect with us

Hi, what are you looking for?

သတင်း

အင်းတော်မြို့နယ်ရှိ နဘားတန်ပိုဂိတ်အား ဝင်ရောက်စီးနင်းဖျက်ဆီး

ဒေသတွင်းစစ်ရေးအရ အင်းတော်-ဗန်းမောက်ကားလမ်းအား ယနေ့ (သြဂုတ် ၁၆ ရက်)ကစ၍ ယာယီပိတ်ပင်ကြောင်း Indaw Revolution က ထုတ်ပြန် ထားသည်။

နဘားတန်ပိုဂိတ်အား ဝင်ရောက်စီးနင်းနေသော KIAနှင့် PDFပူးပေါင်း တပ်သား များအားတွေ့ရစဥ်၊ ဓာတ်ပုံ - Indaw Revolution
နဘားတန်ပိုဂိတ်အား ဝင်ရောက်စီးနင်းနေသော KIAနှင့် PDFပူးပေါင်း တပ်သား များအားတွေ့ရစဥ်၊ ဓာတ်ပုံ - Indaw Revolution

စစ်ကိုင်းတိုင်းအထက်ပိုင်း အင်းတော်မြို့နယ်ရှိ စစ်ကောင်စီလက်အောက်ခံ နဘားတန်ပိုဂိတ်အား ဝင်ရောက်စီးနင်းဖျက်ဆီးခဲ့ကြောင်း Indaw Revolution က ထုတ်ပြန်သည်။

ယနေ့(သြဂုတ် ၁၆ ရက်) နံနက် ၁၀နာရီတွင် စစ်ကောင်စီထံသို့ဝင်ငွေစီးဆင်းနေ သည့် ဆောက်လုပ်ရေးဝန်ကြီးဌာနပိုင်သည့် နဘားတန်ပိုဂိတ်ကို ကချင်လွတ်မြောက်ရေးတပ်မတော်(KIA) နှင့် PDFပူးပေါင်း ဝင်ရောက်စီးနင်း ခဲ့ခြင်းဟု ဆိုသည်။

ဝင်ရောက်စီးနင်းစဥ်အတွင်းအင်းတော်မြို့ ရိက္ခာကုန်းဘက်ရှိ စစ်ကောင်စီတပ် ဘက်မှ နဘားရွာ ဘက်သို့ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သော်လည်း လူထိခိုက်မှုမရှိခဲ့ပေ။

နဘားတန်ပိုဂိတ်အား ဝင်ရောက်စီးနင်းနေသော KIAနှင့် PDFပူးပေါင်း တပ်သား များအားတွေ့ရစဥ်၊ ဓာတ်ပုံ - Indaw Revolution
နဘားတန်ပိုဂိတ်အား ဝင်ရောက်စီးနင်းနေသော KIAနှင့် PDFပူးပေါင်း တပ်သား များအားတွေ့ရစဥ်၊ ဓာတ်ပုံ – Indaw Revolution

“ဂိတ်ဝန်ထမ်းလေးဦးမိတယ်။ လောလောဆယ် ထိန်းသိမ်းထားပြီး ပြန်လွှတ်ပေး မယ်လို့သိရ တယ်” ဟု Indaw Revolution တာဝန်ရှိသူက People’s Spring သို့ ပြောသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

ဝင်ရောက်စီးနင်းခဲ့သော နဘားတန်ပိုဂိတ်ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်းလည်း သိရသည်။

ဒေသတွင်းစစ်ရေးအရ အင်းတော်-ဗန်းမောက်ကားလမ်းအား ယနေ့ (သြဂုတ် ၁၆ ရက်)ကစ၍ ယာယီပိတ်ပင်ကြောင်း Indaw Revolution က ထုတ်ပြန် ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊အင်းတော်မြို့နယ်အနောက်ခြမ်းမှာ ကချင်လွတ်လပ်ရေးတပ်မတော် (KIA)အပါအဝင် PDF ပူးပေါင်းတပ်တွေနဲ့ စစ်တပ်တို့ နေ့စဉ်တိုက်ပွဲတွေပြင်းထန်နေပြီး စစ်တပ်က အကျဆုံးများကာ အရာရှိတွေလည်း ဒဏ်ရာပြင်းပြင်းထန်ထန်ရထားတယ်လို့ တော်လှန်ရေးတပ်တွေက ပြောပါတယ်။

သတင်း

မန္တလေး-မြစ်ကြီးနားလမ်းပေါ်ရှိ စစ်တပ် စခန်းတစ်ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က သိမ်းပိုက်ခဲ့သလို စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ် အင်းတော်မြို့နဲ့ မော်လူးမြို့တို့ကိုလည်း တိုက်ခိုက်ထိုးစစ်ဆင်နေတယ်လို့ ကချင်ဒေသ စစ်ရေး သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ အင်းတော်နဲ့ မော်လူးမြို့အနီးမှာ တိုက်ပွဲတွေပြင်းထန်နေလို့ ကျေးရွာတွေမှာ ကျန်ရှိနေတဲ့ အရပ်သားပြည်သူတွေ ဘေးလွတ်ရာတိမ်းရှောင်ကြဖို့ တော်လှန်ရေးရဲဘော်တွေက ထပ်မံသတိပေးပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့အနီးမှာ တိုက်ပွဲပြင်းထန်နေပြီး တော်လှန်ရေးတပ်တွေရဲ့ စစ်သုံ့ပန်းတွေထားတဲ့ အချုပ်ခန်းနေရာကို စစ်တပ်က မေလ ၂၀ရက်ညပိုင်းမှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ သုံ့ပန်း ၅ဦး သေဆုံးသွားခဲ့ပါတယ်။