Connect with us

Hi, what are you looking for?

သတင်း

ပအိုဝ်းပြည်သူ့စစ် PNOက ဖမ်းဆီးသတ်ဖြတ်ခဲ့သည့် ပအိုဝ်း PNLO ရဲဘော် ၅ဦး၏ အလောင်းများ ပြန်မရ၍ ဓာတ်ပုံများဖြင့်သာ နာရေးကျင်းပခဲ့ရ

PNLA ရဲဘော်များ နေရပ်သို့ ခေတ္တအလည်ပြန်စဉ် ပင်လောင်းမြို့နယ် ဝါးပြုံးကျေးရွာ၌ အဖမ်းခံရပြီး သတ်ဖြတ်ခံခဲ့ရကြောင်း PNLA တပ်မှူးတစ်ဦးက ပြောကြားထားသည်။

နာရေးပြုလုပ်နေသည်ကို တွေ့ရစဉ်၊ ဓာတ်ပုံ - ခမ်းထီရေဒီယို
နာရေးပြုလုပ်နေသည်ကို တွေ့ရစဉ်၊ ဓာတ်ပုံ - ခမ်းထီရေဒီယို

စစ်ကောင်စီလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ်အဖွဲ့(PNO) တပ်ဖွဲ့ဝင်များက ဖမ်းဆီးသတ်ဖြတ်ခဲ့သည့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLO) ရဲဘော် ၅ဦး၏အလောင်းများ ပြန်မပေး၍ ၎င်းတို့၏ ဓာတ်ပုံများဖြင့်သာ နာရေးအခမ်းအနား ကျင်းပခဲ့ရသည်ဟု နာရေးတွင် ကူညီနေသူများကို ကိုးကားပြီး ခမ်းထီရေဒီယိုက ဖော်ပြသည်။

“PNOက အလောင်းလည်း ပြန်မပေးဘူး။ တောင်းလည်း မတောင်းပန်ဘူး။သူငယ်ချင်းအတွက် စိတ်နာတာပေါ့ဗျာ။ ဒါကြောင့်ရှိတဲ့ ဓာတ်ပုံတွေနဲ့ပဲ ဆွမ်းကပ် ကုသိုလ်ပြုပြီး ကုသိုလ်ဝေပေးရတယ်”ဟု နာရေးကူညီသူက ပြောပြကြောင်း ဖော်ပြထားသည်။

နာရေးပြုလုပ်နေသည်ကို တွေ့ရစဉ်၊ ဓာတ်ပုံ - ခမ်းထီရေဒီယို
နာရေးပြုလုပ်နေသည်ကို တွေ့ရစဉ်၊ ဓာတ်ပုံ – ခမ်းထီရေဒီယို

PNLO လက်အောက်ခံ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA) ဒုစုမှူး ခွန်ထွန်းဦး အပါအဝင် တပ်ဖွဲ့ဝင် ၅ဦးကို PNO ပြည်သူ့စစ်တပ်ဖွဲ့က စက်တင်ဘာ ၁၄ရက်တွင် ဖမ်းဆီးပြီး သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်ဟု PNLOက ထုတ်ပြန်ထားသည်။

PNLA ရဲဘော်များ နေရပ်သို့ ခေတ္တအလည်ပြန်စဉ် ပင်လောင်းမြို့နယ် ဝါးပြုံးကျေးရွာ၌ အဖမ်းခံရပြီး သတ်ဖြတ်ခံခဲ့ရကြောင်း PNLA တပ်မှူးတစ်ဦးက ပြောကြားထားသည်။

Public Service Announcement

Public Service Announcement

အဆိုပါ သတ်ဖြတ်ခံရမှု ဖြစ်စဉ်အပေါ် ပြင်းထန်စွာ ကန့်ကွက်ရှုံ့ချကြောင်း PNLOက ထုတ်ပြန်ခဲ့ပြီး ပြဿနာကို ငြိမ်းချမ်းသောနည်းဖြင့် ဖြေရှင်းမည်ဟု ကြေညာထားသည်။

PNOသည် စစ်ကောင်စီတပ်နှင့် ပူးပေါင်းပြီး ရှမ်းပြည်နယ်တောင်ပိုင်းဒေသအချို့နှင့် ကရင်နီဒေသ၌ စစ်ရေးလှုပ်ရှားမှုတွင် ပါဝင်နေသည့် ပြည်သူ့စစ်တပ်ဖွဲ့ဖြစ်သည်။ PNLOသည် NCA လက်မှတ်ထိုးထားသည့် တပ်ဖွဲ့ဖြစ်ပြီး စစ်ကောင်စီနှင့် ဆွေးနွေးမှု ပြုလုပ်နေသည့်အဖွဲ့ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်နယ်၊ အင်းလေးဒေသကို စစ်တပ်လက် အောက်ခံ ပအိုဝ်းပြည်သူ့စစ်(PNO)က ရယူမယ့်လျှို့ဝှက်စာ ထွက်ပေါ်လာပါတယ်။

သတင်း

စစ်အာဏာရှင်စနစ်ဆိုးကို ဆန့်ကျင်ကြောင်းနဲ့ တော်လှန်ရေးတရပ်လုံးကိုယ်စားပြုနိုင်တဲ့ ခိုင်မာကျယ်ပြန့်အားကောင်းတဲ့ ဦးဆောင်မှု ဖြစ်ပေါ်ရေး တက်ကြွစွာ ပူးပေါင်းဆောင်ရွက်မယ်လို့ ပအိုဝ်းမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO/PNLA)ရဲ့ ဗဟိုကော်မတီမျက်နှာစုံညီအစည်းအဝေးက ထုတ်ပြန်ကြေညာပါတယ်။

ဆောင်းပါး

ဧပြီလဆန်းလေပြီ။မကြာခင်သင်္ကြန်ကာလရောက်တော့မည်မို့ ရပ်ဝေးက သားတွေသမီးတွေ အလုပ်တွေနားလို့ မိဘအိမ် ပြန်လာကြလေပြီ။ ဖားကန့်မြို့နယ်၊ကျေးရွာတစ်ရွာက ဒေါ်စိုး(အမည်လွှဲ)တစ်ယောက်လည်း သူ့သားလေး ပြန်အလာကို မျှော်လေပြီ။

သတင်း

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က အာဏာသိမ်းမှု ၅နှစ်အကြာမှာ ရွေးကောက်ပွဲလုပ် သမ္မတ ရာထူးရယူခဲ့တဲ့အပေါ် ၀လက်နက်ကိုင်တပ်(UWSA)က ဝမ်းမြောက်ဂုဏ်ယူကြောင်း သဝဏ်လွှာ ပေးခဲ့ပါတယ်။