Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ပအိုဝ်းပြည်သူ့စစ် PNOက ဖမ်းဆီးသတ်ဖြတ်ခဲ့သည့် ပအိုဝ်း PNLO ရဲဘော် ၅ဦး၏ အလောင်းများ ပြန်မရ၍ ဓာတ်ပုံများဖြင့်သာ နာရေးကျင်းပခဲ့ရ

PNLA ရဲဘော်များ နေရပ်သို့ ခေတ္တအလည်ပြန်စဉ် ပင်လောင်းမြို့နယ် ဝါးပြုံးကျေးရွာ၌ အဖမ်းခံရပြီး သတ်ဖြတ်ခံခဲ့ရကြောင်း PNLA တပ်မှူးတစ်ဦးက ပြောကြားထားသည်။

နာရေးပြုလုပ်နေသည်ကို တွေ့ရစဉ်၊ ဓာတ်ပုံ - ခမ်းထီရေဒီယို
နာရေးပြုလုပ်နေသည်ကို တွေ့ရစဉ်၊ ဓာတ်ပုံ - ခမ်းထီရေဒီယို

စစ်ကောင်စီလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ်အဖွဲ့(PNO) တပ်ဖွဲ့ဝင်များက ဖမ်းဆီးသတ်ဖြတ်ခဲ့သည့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLO) ရဲဘော် ၅ဦး၏အလောင်းများ ပြန်မပေး၍ ၎င်းတို့၏ ဓာတ်ပုံများဖြင့်သာ နာရေးအခမ်းအနား ကျင်းပခဲ့ရသည်ဟု နာရေးတွင် ကူညီနေသူများကို ကိုးကားပြီး ခမ်းထီရေဒီယိုက ဖော်ပြသည်။

“PNOက အလောင်းလည်း ပြန်မပေးဘူး။ တောင်းလည်း မတောင်းပန်ဘူး။သူငယ်ချင်းအတွက် စိတ်နာတာပေါ့ဗျာ။ ဒါကြောင့်ရှိတဲ့ ဓာတ်ပုံတွေနဲ့ပဲ ဆွမ်းကပ် ကုသိုလ်ပြုပြီး ကုသိုလ်ဝေပေးရတယ်”ဟု နာရေးကူညီသူက ပြောပြကြောင်း ဖော်ပြထားသည်။

နာရေးပြုလုပ်နေသည်ကို တွေ့ရစဉ်၊ ဓာတ်ပုံ - ခမ်းထီရေဒီယို
နာရေးပြုလုပ်နေသည်ကို တွေ့ရစဉ်၊ ဓာတ်ပုံ – ခမ်းထီရေဒီယို

PNLO လက်အောက်ခံ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA) ဒုစုမှူး ခွန်ထွန်းဦး အပါအဝင် တပ်ဖွဲ့ဝင် ၅ဦးကို PNO ပြည်သူ့စစ်တပ်ဖွဲ့က စက်တင်ဘာ ၁၄ရက်တွင် ဖမ်းဆီးပြီး သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်ဟု PNLOက ထုတ်ပြန်ထားသည်။

PNLA ရဲဘော်များ နေရပ်သို့ ခေတ္တအလည်ပြန်စဉ် ပင်လောင်းမြို့နယ် ဝါးပြုံးကျေးရွာ၌ အဖမ်းခံရပြီး သတ်ဖြတ်ခံခဲ့ရကြောင်း PNLA တပ်မှူးတစ်ဦးက ပြောကြားထားသည်။

Public Service Announcement

Public Service Announcement

အဆိုပါ သတ်ဖြတ်ခံရမှု ဖြစ်စဉ်အပေါ် ပြင်းထန်စွာ ကန့်ကွက်ရှုံ့ချကြောင်း PNLOက ထုတ်ပြန်ခဲ့ပြီး ပြဿနာကို ငြိမ်းချမ်းသောနည်းဖြင့် ဖြေရှင်းမည်ဟု ကြေညာထားသည်။

PNOသည် စစ်ကောင်စီတပ်နှင့် ပူးပေါင်းပြီး ရှမ်းပြည်နယ်တောင်ပိုင်းဒေသအချို့နှင့် ကရင်နီဒေသ၌ စစ်ရေးလှုပ်ရှားမှုတွင် ပါဝင်နေသည့် ပြည်သူ့စစ်တပ်ဖွဲ့ဖြစ်သည်။ PNLOသည် NCA လက်မှတ်ထိုးထားသည့် တပ်ဖွဲ့ဖြစ်ပြီး စစ်ကောင်စီနှင့် ဆွေးနွေးမှု ပြုလုပ်နေသည့်အဖွဲ့ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ဆီဆိုင်မြို့ကို PNLAက သိမ်းပိုက်ထိန်းချုပ်ထားသည့် အခြေအနေတွင် စစ်ကောင်စီက မြို့ကို ပြန်ဝင်ရောက်နေရာယူရန် ထိုးစစ်ဆင်နေခြင်းဖြစ်သည်။

သတင်း

အဝေး က သဘောထား ကြေညာခဲ့ရာ ယင်းကြေညာမှု ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO/PNLA)၏ သဘောထား မပါဝင်ကြောင်း PNLO ဥက္ကဋ္ဌ ခွန်သူရိန်က ပြောကြားလိုက်သည်။

သတင်း

PNO ပြည်သူ့စစ် နှင့် စစ်ကောင်စီ စခန်းများ သိမ်းပိုက်ရရှိမှု အ​ခြေအ​နေကိုပြည့်ပြည့်စုံစုံသိရှိနိုင်ရန် တော်လှန်ရေးအင်အားစုများထံမှ အတည်ပြုချက်ရယူရန် လူထုနွေဦးကဆက်သွယ်မေးမြန်းဆဲ​နေဖြစ်သည်။

သတင်း

ဒီဇင်ဘာ ၃၀ ရက် ညကလည်း ရှမ်းမြောင်းရွာက ကျောက်မှုန့်စက်ရုံပိုင်ရှင်၏ မိခင်ဖြစ်သူ၊ စက်ရုံရှိ အမျိုးသမီးအလုပ်သမား တစ်ဦးနှင့် အမျိုးသားအလုပ်သမား ၅ ဦး စုစုပေါင်း ပြည်သူ ၇ဦးအား ပစ်သတ်သွားခဲ့သည်။