Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

တမူးတွင် စစ်ကောင်စီယာဉ်တန်းကို ဒေသခံကာကွယ်ရေးတပ်များတိုက်ခိုက်အများအပြား ထိခိုက်ဒဏ်ရာရ

အဆိုပါတိုက်ခိုက်မှုကို ABSDF နှင့် ပူးပေါင်း မဟာမိတ် KNA(Burma)နှင့် PDF-CEU တပ်ဖွဲ့များကပူး​ပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အခြား PDFများကလည်း ထပ်မံတိုက်ခိုက်ခဲ့​ကြောင်းလည်း ထုတ်ပြန်ထားသည်။

(PDF-CEU တပ်ဖွဲ့ဝင်များ ။ ဓါတ်ပုံ-CEU)
(PDF-CEU တပ်ဖွဲ့ဝင်များ ။ ဓါတ်ပုံ-CEU)

တမူးမြို့ကို စစ်ကြောင်းထိုးပြန်လာသည့် စစ်ကောင်စီတပ်ကားတန်းကို ဒေသခံကာကွယ်ရေးတပ်များက စောင့်ကြိုတိုက်ခိုက်လို့ စစ်ကား နှစ်စီးပျက်စီး အနည်းဆုံး ၁၅ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း PDF(Combat Engineer Unit)က ယနေ့သတင်းထုတ်ပြန်သည်။

တမူးမြို့နယ်၊ အောင်ဇေယျရွာ မှ တမူးမြို့ ကို စစ်ကောင်စီတပ်သားများနှင့် ၎င်းတို့ လက်ပါးစေ ပျူစောထီးတို့ပါဝင်သည့် အင်အား ၁၀၀ ခန့်က စစ်ကား ၅စီးဖြင့်ပြန်လာစဉ် ယနေ့နေ့လယ် ၂ နာရီခန့်က စောင့်ကြိုတိုက်ခိုက်ခြင်းဖြစ်​ကြောင်းPDF-CEU အဖွဲ့ပြန်ကြားရေးတာဝန်ခံကပြောသည်။

(PDF-CEU တပ်ဖွဲ့ဝင်များ ။ ဓါတ်ပုံ-CEU)
(PDF-CEU တပ်ဖွဲ့ဝင်များ ။ ဓါတ်ပုံ-CEU)

“(သူတို့ကို) တစ်ရက်နဲ့တစ်ညစောင့်ပါတယ်။ မိုင်းဆွဲတာက ဂျန်ဘာမိလို့ မကွဲဘူးဗျ၊ အဲ့ဒါနဲ့ လက်နက်ငယ်နဲ့ ထွက်ပြီး ပစ်တာ၊ ၄၀ MM ၅ လုံးမှာ ၂ လုံးက ကောင်းကောင်းထိတယ်”ဟု အဆိုပါပြန်ကြားရေးတာဝန်ခံကပြောသည်။

ပစ်ခတ်တိုက်ခိုက်မှုကြောင့် ကားငါး စီးတွင် နှစ်စီးအားထိပြီး တစ်စီးမှာ ကားနောက်ခန်းနှင့် တစ်စီးမှာ ခေါင်းပိုင်းထိခိုက်ခဲ့သည်။ ထိသည့် ကားတစ်စီးကို အခြားကားတစ်စီးဖြင့် ဆွဲသွားရသည်ဟု ပြန်ကြားရေးတာဝန်ခံကပြောသည်။

Public Service Announcement

Public Service Announcement

ထိခိုက်ဒဏ်ရာရရှိပြီးလဲကျ​နေသောစစ်ကောင်စီတပ်သား ၁၅ ဦးခန့်ကိုကားပေါ်ကို ဆွဲတင်သွားသည်ဟုလည်းCEUကအသိ​ပေးသည်။

“အင်အား ၁၀၀လောက်ခန့်မှန်းပါတယ်၊ အထက်ပိုင်းရွာတွေက ပျူစောထီးတွေ အပါပေါ့၊ စခ(စစ်သား)၊ ရခ(ရဲသား) က အဲ့လောက်မများလောက်ဘူး။ ပျူစောထီး ပိုများမယ်”ဟု ပြန်ကြားရေးတာဝန်ခံကဆက်​ပြောသည်။

အဆိုပါတိုက်ခိုက်မှုကို ABSDF နှင့် ပူးပေါင်း မဟာမိတ် KNA(Burma)နှင့် PDF-CEU တပ်ဖွဲ့များကပူး​ပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အခြား PDFများကလည်း ထပ်မံတိုက်ခိုက်ခဲ့​ကြောင်းလည်း ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။