Connect with us

Hi, what are you looking for?

သတင်း

တမူးတွင် စစ်ကောင်စီယာဉ်တန်းကို ဒေသခံကာကွယ်ရေးတပ်များတိုက်ခိုက်အများအပြား ထိခိုက်ဒဏ်ရာရ

အဆိုပါတိုက်ခိုက်မှုကို ABSDF နှင့် ပူးပေါင်း မဟာမိတ် KNA(Burma)နှင့် PDF-CEU တပ်ဖွဲ့များကပူး​ပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အခြား PDFများကလည်း ထပ်မံတိုက်ခိုက်ခဲ့​ကြောင်းလည်း ထုတ်ပြန်ထားသည်။

(PDF-CEU တပ်ဖွဲ့ဝင်များ ။ ဓါတ်ပုံ-CEU)
(PDF-CEU တပ်ဖွဲ့ဝင်များ ။ ဓါတ်ပုံ-CEU)

တမူးမြို့ကို စစ်ကြောင်းထိုးပြန်လာသည့် စစ်ကောင်စီတပ်ကားတန်းကို ဒေသခံကာကွယ်ရေးတပ်များက စောင့်ကြိုတိုက်ခိုက်လို့ စစ်ကား နှစ်စီးပျက်စီး အနည်းဆုံး ၁၅ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း PDF(Combat Engineer Unit)က ယနေ့သတင်းထုတ်ပြန်သည်။

တမူးမြို့နယ်၊ အောင်ဇေယျရွာ မှ တမူးမြို့ ကို စစ်ကောင်စီတပ်သားများနှင့် ၎င်းတို့ လက်ပါးစေ ပျူစောထီးတို့ပါဝင်သည့် အင်အား ၁၀၀ ခန့်က စစ်ကား ၅စီးဖြင့်ပြန်လာစဉ် ယနေ့နေ့လယ် ၂ နာရီခန့်က စောင့်ကြိုတိုက်ခိုက်ခြင်းဖြစ်​ကြောင်းPDF-CEU အဖွဲ့ပြန်ကြားရေးတာဝန်ခံကပြောသည်။

(PDF-CEU တပ်ဖွဲ့ဝင်များ ။ ဓါတ်ပုံ-CEU)
(PDF-CEU တပ်ဖွဲ့ဝင်များ ။ ဓါတ်ပုံ-CEU)

“(သူတို့ကို) တစ်ရက်နဲ့တစ်ညစောင့်ပါတယ်။ မိုင်းဆွဲတာက ဂျန်ဘာမိလို့ မကွဲဘူးဗျ၊ အဲ့ဒါနဲ့ လက်နက်ငယ်နဲ့ ထွက်ပြီး ပစ်တာ၊ ၄၀ MM ၅ လုံးမှာ ၂ လုံးက ကောင်းကောင်းထိတယ်”ဟု အဆိုပါပြန်ကြားရေးတာဝန်ခံကပြောသည်။

ပစ်ခတ်တိုက်ခိုက်မှုကြောင့် ကားငါး စီးတွင် နှစ်စီးအားထိပြီး တစ်စီးမှာ ကားနောက်ခန်းနှင့် တစ်စီးမှာ ခေါင်းပိုင်းထိခိုက်ခဲ့သည်။ ထိသည့် ကားတစ်စီးကို အခြားကားတစ်စီးဖြင့် ဆွဲသွားရသည်ဟု ပြန်ကြားရေးတာဝန်ခံကပြောသည်။

Public Service Announcement

Public Service Announcement

ထိခိုက်ဒဏ်ရာရရှိပြီးလဲကျ​နေသောစစ်ကောင်စီတပ်သား ၁၅ ဦးခန့်ကိုကားပေါ်ကို ဆွဲတင်သွားသည်ဟုလည်းCEUကအသိ​ပေးသည်။

“အင်အား ၁၀၀လောက်ခန့်မှန်းပါတယ်၊ အထက်ပိုင်းရွာတွေက ပျူစောထီးတွေ အပါပေါ့၊ စခ(စစ်သား)၊ ရခ(ရဲသား) က အဲ့လောက်မများလောက်ဘူး။ ပျူစောထီး ပိုများမယ်”ဟု ပြန်ကြားရေးတာဝန်ခံကဆက်​ပြောသည်။

အဆိုပါတိုက်ခိုက်မှုကို ABSDF နှင့် ပူးပေါင်း မဟာမိတ် KNA(Burma)နှင့် PDF-CEU တပ်ဖွဲ့များကပူး​ပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အခြား PDFများကလည်း ထပ်မံတိုက်ခိုက်ခဲ့​ကြောင်းလည်း ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။