Connect with us

Hi, what are you looking for?

သတင်း

ဗကသများအဖွဲ့ချုပ် ဒုဥက္ကဌ ကိုဝေယံဖြိုးမိုးအား ထောင်ဒဏ် ၂နှစ် ထပ်မံချမှတ်ခံရ

ထို့အပြင် ကိုဝေယံဖြိုးမိုး ရောက်ရှိနေသည့် အင်းစိန် ထောင်တွင်း မတရားချုပ်နှောင်ခံထားရချိန် တစ်လျှောက်လုံးတွင်လည်း ထောင်တွင်းညှဉ်းပမ်းနှိပ်စက်မှုများ အကြိမ်ကြိမ်ခံခဲ့ရကြောင်းလည်း ABFSUက ဖော်ပြခဲ့သည်။

ဓာတ်ပုံ - ABFSU
ဓာတ်ပုံ - ABFSU

ဗကသများအဖွဲ့ချုပ်၏ ဒုတိယဥက္ကဌ ကိုဝေယံဖြိုးမိုးအား ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ်တရားရုံးမှ မတရား စွဲဆိုထားသော ၅၀၅ (ခ) ပုဒ်မဖြင့် ယနေ့ (စက်တင်ဘာ ၂၈)တွင် အင်းစိန်ထောင်တွင်း တရားရုံး၌ အပြီးသတ်အမိန့်ချရာ ထောင်ဒဏ် ၂ နှစ်ထပ်မံအမိန့်ချလိုက်ကြောင်း ဗကသများအဖွဲ့ချုပ် (ABFSU)က ထုတ်ပြန်သည်။

ကိုဝေယံဖြိုးမိုးသည် ကျောက်တံတား၊ ကမာရွတ်၊ မရမ်းကုန်း တရားရုံးများမှ မတရားစွဲဆိုထားသော ပုဒ်မ ၅၀၅(က) အမှု ၂ ခု၊ ငြိမ်းစုစီပုဒ်မ အမှု ၂ ခုနှင့် ၅၀၅ (ခ) ပုဒ်မတို့ဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၅ နှစ်နှင့် ၃ လ ချမှတ်ခံထားရပြီး ဖြစ်သည့်အတွက် ယနေ့တွင် ထောင်ဒဏ် ၂နှစ် ထပ်မံချမှတ်ခဲ့ရာ စုစုပေါင်း ထောင်ဒဏ် ၇ နှစ်နှင့် ၃လ မတရားအမိန့်ချမှတ်ခြင်း ခံထားရသည်။

ကိုဝေယံဖြိုးမိုးသည် ပြီးခဲ့သည့် ၂၀၂၁ မတ်လ ၃ ရက်တွင် GSC(ပူးပေါင်း) သပိတ်စစ်ကြောင်းအား စစ်ကောင်စီက အကြမ်းဖက်ပစ်ခတ် ဖြိုခွင်းခံရချိန် တွင် ရိုက်နှက်ဖမ်းဆီးခြင်းခံခဲ့ရခြင်း ဖြစ်ကြောင်း ABFSUက ဆိုသည်။

ထို့အပြင် ကိုဝေယံဖြိုးမိုး ရောက်ရှိနေသည့် အင်းစိန် ထောင်တွင်း မတရားချုပ်နှောင်ခံထားရချိန် တစ်လျှောက်လုံးတွင်လည်း ထောင်တွင်းညှဉ်းပမ်းနှိပ်စက်မှုများ အကြိမ်ကြိမ်ခံခဲ့ရကြောင်းလည်း ABFSUက ဖော်ပြခဲ့သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုရဲ့ သမီးဖြစ်သူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ လူငယ်တာဝန်ခံ မမိုး ဆန်းစုကြည်ကို အာဏာသိမ်းစစ်တပ်က အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ၅၂(က)နဲ့ ထပ်မံတရားစွဲဆိုပြီး ထောင်ဒဏ်ငါးနှစ်ချမှတ်လိုက်တယ်လို့ မိသားစုဝင်တွေက ပြောကြပါတယ်။

သတင်း

စစ်ကိုင်းနဲ့ မကွေးတိုင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံတော်လှန်ပြည်သူတွေဟာ နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်နေကြောင်း သက်သေပြသပေးဖို့နဲ့ ဗကသများအဖွဲ့ချုပ် နှစ် (၉၀)ပြည့် လူထုလှုပ်ရှားမှုတွေကို ဒီကနေ့ (မေ ၉) မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်အနေနဲ့ မိတ်ဆွေတွေကြားက ပဋိပက္ခတွေ၊ အဆင်မပြေတာတွေကို ဆက်လက်သယ်ဆောင်မသွားဘဲ ရန်သူကို နိုင်အောင်တိုက်မယ့် တိုက်ပွဲဝင်စိတ်နဲ့ ရှေ့ဆက်သွားမယ်လို့ မေ ၈ ရက်မှာ ကျရောက်တဲ့ နှစ် (၉၀) ပြည့်အထိမ်းအမှတ်မှာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

တောင်ကြီးမြို့သို့ရောက်ရှိနေသည့် လားရှိုးမြို့မှစစ်ဘေးရှောင်တဦးအား ရွေးကောက်ပွဲပျက်ပြားစေရန် လှုံ့ဆော်သည်ဟုစွပ်စွဲကာ စစ်ကောင်စီကဖမ်းဆီးပြီး ထောင် ၇နှစ်ချလိုက်သည့်လုပ်ရပ်သည် လူထုကို ခြိမ်းခြောက်ခြင်းဟု တောင်ကြီးနှင့်လားရှိုးမြို့မှဒေသခံများကပြောသည်။