Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ဗကသများအဖွဲ့ချုပ် ဒုဥက္ကဌ ကိုဝေယံဖြိုးမိုးအား ထောင်ဒဏ် ၂နှစ် ထပ်မံချမှတ်ခံရ

ထို့အပြင် ကိုဝေယံဖြိုးမိုး ရောက်ရှိနေသည့် အင်းစိန် ထောင်တွင်း မတရားချုပ်နှောင်ခံထားရချိန် တစ်လျှောက်လုံးတွင်လည်း ထောင်တွင်းညှဉ်းပမ်းနှိပ်စက်မှုများ အကြိမ်ကြိမ်ခံခဲ့ရကြောင်းလည်း ABFSUက ဖော်ပြခဲ့သည်။

ဓာတ်ပုံ - ABFSU
ဓာတ်ပုံ - ABFSU

ဗကသများအဖွဲ့ချုပ်၏ ဒုတိယဥက္ကဌ ကိုဝေယံဖြိုးမိုးအား ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ်တရားရုံးမှ မတရား စွဲဆိုထားသော ၅၀၅ (ခ) ပုဒ်မဖြင့် ယနေ့ (စက်တင်ဘာ ၂၈)တွင် အင်းစိန်ထောင်တွင်း တရားရုံး၌ အပြီးသတ်အမိန့်ချရာ ထောင်ဒဏ် ၂ နှစ်ထပ်မံအမိန့်ချလိုက်ကြောင်း ဗကသများအဖွဲ့ချုပ် (ABFSU)က ထုတ်ပြန်သည်။

ကိုဝေယံဖြိုးမိုးသည် ကျောက်တံတား၊ ကမာရွတ်၊ မရမ်းကုန်း တရားရုံးများမှ မတရားစွဲဆိုထားသော ပုဒ်မ ၅၀၅(က) အမှု ၂ ခု၊ ငြိမ်းစုစီပုဒ်မ အမှု ၂ ခုနှင့် ၅၀၅ (ခ) ပုဒ်မတို့ဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၅ နှစ်နှင့် ၃ လ ချမှတ်ခံထားရပြီး ဖြစ်သည့်အတွက် ယနေ့တွင် ထောင်ဒဏ် ၂နှစ် ထပ်မံချမှတ်ခဲ့ရာ စုစုပေါင်း ထောင်ဒဏ် ၇ နှစ်နှင့် ၃လ မတရားအမိန့်ချမှတ်ခြင်း ခံထားရသည်။

ကိုဝေယံဖြိုးမိုးသည် ပြီးခဲ့သည့် ၂၀၂၁ မတ်လ ၃ ရက်တွင် GSC(ပူးပေါင်း) သပိတ်စစ်ကြောင်းအား စစ်ကောင်စီက အကြမ်းဖက်ပစ်ခတ် ဖြိုခွင်းခံရချိန် တွင် ရိုက်နှက်ဖမ်းဆီးခြင်းခံခဲ့ရခြင်း ဖြစ်ကြောင်း ABFSUက ဆိုသည်။

ထို့အပြင် ကိုဝေယံဖြိုးမိုး ရောက်ရှိနေသည့် အင်းစိန် ထောင်တွင်း မတရားချုပ်နှောင်ခံထားရချိန် တစ်လျှောက်လုံးတွင်လည်း ထောင်တွင်းညှဉ်းပမ်းနှိပ်စက်မှုများ အကြိမ်ကြိမ်ခံခဲ့ရကြောင်းလည်း ABFSUက ဖော်ပြခဲ့သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

မေလ ၂၃ ရက်ညက ဗျူဟာသည် လျှပ်စစ်မီးမမှန်သည့်အပေါ် Live လွှင့်၍ ‌ဝေဖန်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီခေါင်းဆောင်နှင့် လျှပ်စစ်ဝန်ကြီးကို ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့သည်ဟုဆိုကာ မေလ ၂၅ရက်တွင် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

နိုင်ငံတကာ

ထောင်ကို ရောက်ပြီး ဆေးစစ်မှုတွေ လုပ်ဆောင်ခဲ့တဲ့အခါ အသက် ၇၄ နှစ်အရွယ် သက်ဆင်ဟာ အသက်အရွယ်ကြောင့်ရော၊ အရင်က နာတာရှည် ဝေဒနာတွေကြောင့်ပါ ကျန်းမာရေး အခြေအနေ အကောင်းဆုံး မဟုတ်တဲ့အတွက် ထောင်ရဲ့ ကုသဆောင်ဆီ ပို့ဆောင်ထားခဲ့ပါတယ်။

သတင်း

စစ်ကောင်စီအာဏာသိမ်းပြီးနောက် ဗကသများအဖွဲ့ချုပ်၏ ရဲဘော် ၁၇ဦးအထိကျဆုံးခဲ့ရသော်လည်း ဒီမိုကရေစီတော်လှန်ရေးကို ဆုံးခန်းတိုင်သည်အထိ ဆက်လက်တိုက်ပွဲဝင်သွားမည်ဟု ၎င်းက ပြောသည်။

သတင်း

ဒီနေ့ ဇူလိုင်လ ၂၇ ရက်ဟာ ဒိုက်ဦးထောင်ကနေ နိုင်ငံရေးအကျဉ်းသား ၃၇ဦး ထောင်ပြောင်းရွှေ့မယ်ဆိုပြီး ခေါ်ထုတ်ခံရတာ တစ်လပြည့်တဲ့နေ့လည်းဖြစ်ပါတယ်။