Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်အာဏာသိမ်းရန် အကြံပေးရာတွင်ပါဝင်သည်ဆိုသည့် အငြိမ်းစား ဗိုလ်ချုပ်အုန်းသွင် ရန်ကုန်မြို့နေအိမ်တွင် ရှင်းလင်းခံရ

ယနေ့(စက်တင်ဘာ ၂၄ ရက်) ညနေ ၃နာရီခန့်က အငြိမ်းစားဗိုလ်ချုပ်အုန်းသွင်ကို ရန်ကုန်မြို့လှိုင်မြို့နယ် (၁၂)ရပ်ကွက်အတွင်းရှိ ၎င်း၏နေအိမ်အတွင်း ဝင်ရောက်ပစ်ခတ်ရှင်းလင်းခဲ့ခြင်းဟု ဆိုသည်။

စစ်တပ်အာဏာသိမ်းရန် အကြံပေးရာတွင်ပါဝင်သည်ဆိုသည့် အငြိမ်းစား ဗိုလ်ချုပ်အုန်းသွင် ရန်ကုန်မြို့နေအိမ်တွင် ရှင်းလင်းခံရ
စစ်တပ်အာဏာသိမ်းရန် အကြံပေးရာတွင်ပါဝင်သည်ဆိုသည့် အငြိမ်းစား ဗိုလ်ချုပ်အုန်းသွင် ရန်ကုန်မြို့နေအိမ်တွင် ရှင်းလင်းခံရ

စစ်တပ်အာဏာသိမ်းရန် အကြံပေးရာတွင်ပါဝင်သည်ဆိုသည့် အငြိမ်းစား ဗိုလ်ချုပ်အုန်းသွင်အား ရန်ကုန်မြို့ နေအိမ်၌ ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း Inya Urban Force အဖွဲ့က ထုတ်ပြန်သည်။

ယနေ့(စက်တင်ဘာ ၂၄ ရက်) ညနေ ၃နာရီခန့်က အငြိမ်းစားဗိုလ်ချုပ်အုန်းသွင်ကို ရန်ကုန်မြို့လှိုင်မြို့နယ် (၁၂)ရပ်ကွက်အတွင်းရှိ ၎င်း၏နေအိမ်အတွင်း ဝင်ရောက်ပစ်ခတ်ရှင်းလင်းခဲ့ခြင်းဟု ဆိုသည်။

“ယနေ့ Mission အောင်မြင်ခဲ့ပြီ။အငြိမ်းစား ယူထားသော်ငြားလည်း ပြည်သူလူထုအပေါ်ရက် စက်ကြမ်းကြုတ်သောလုပ်ရပ်များ လုပ်ကိုင်ရန် အားပေးအားမြှောက်ပြုလုပ်သူ၊ စစ်အာဏာ သိမ်းရန် တိုက်တွန်းအကြံပေးသူ၊ စစ်မိစ္ဆာများနှင့် ပူးပေါင်းပြီး အကျိုးမြတ်များရရှိနေသူ၊ တော် လှန်ရေးရဲဘော်များအား အကြမ်းဖက်နှိမ်နှင်းရန်​တိုက်တွန်းစေခိုင်းသူအစရှိသူတို့အား ကျွန်ုပ်တို့ မေ့လျော့ထားမည်မဟုတ်ပါ”ဟု IUF က ပြောသည်။

“ရဲဘော်တွေဘေးကင်းရာရောက်ပါပြီ”ဟု Inya Urban Forceက ပြောသည်။

Public Service Announcement

Public Service Announcement

ယခု ရှင်းလင်းနိုင်ခဲ့သော ဗိုလ်ချုပ်အုန်းသွင်သည် DSA 15 ဆင်းဖြစ်ပြီး ဒုတိယကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးစိုးဝင်း၏ ဆရာရင်း ဖြစ်သည်ဟု ဆိုသည်။

၎င်းသည် ဗိုလ်မှူးချုပ်/ဗိုလ်ချုပ် ဘဝဖြင့်စစ်တပ်မှ အငြိမ်းစားယူကာ မြန်မာနိုင်ငံဆိုင်ရာ သီရိလကာနိုင်ငံ သံအမတ် ၊ ဘဂ်လားဒေ့ရှ်သံ အမတ်၊ မော်လ်ဒိုက်သံအမတ် နှင့်တောင်အာဖရိကသံအမတ် အဖြစ်တာဝန်ယူခဲ့သူလည်း ဖြစ်သည်ဟု အသိပေးထားသည်။

ထို့အပြင် စစ်တပ်အာဏာမသိမ်းမီ တစ်နှစ်ခန့်အလိုက ၂၀၀၈ခြေဥအတွင်းမှပင် အာဏာသိမ်းစရာမလိုဘဲ အာဏာထိန်း၍ရကြောင်း စာတမ်းတစ်ခုရေးသားကာ အကြမ်းဖက်စစ်တပ်ဒုခေါင်းဆောင် စိုးဝင်းထံပေးပို့ခဲ့ကြောင်း သိရသည်ဟုလည်း ဖော်ပြထားသည်။

၎င်း၏သားဖြစ်သူမှာ လက်ရှိရခိုင်ပြည်နယ်တွင် တာဝန်ကျနေသည့်ဗိုလ်မှူး ကျော်ဇင်စိုးဖြစ်ကြောင်းလည်း Inya Urban Forceက ဖော်ပြသည်။

၎င်းတွင် သားသမီး သုံးဦးရှိပြီး အကြီးဆုံးမှာ ကျော်ဇေစိုး၊ အလတ်မှာ ဗိုလ်မှူးကျော်ဇင်စိုး ဖြစ်ပြီး သမီးအငယ်ဆုံးမှာ လင်းနန္ဒာသွင်ဖြစ်သည်။ လင်းနန္ဒာသွင်၏ ခင်ပွန်းမှာ စစ်တပ်မှ ဗိုလ်ကြီး ရဲတေဇဖြစ်ပြီး အာဏာမသိမ်းခင်က အငြိမ်းစားယူထားသူဖြစ်သည်ဟု ထပ်မံအသိပေးထားသည်။

၎င်းမှာ ဒေါ်အောင်ဆန်းစုကြည်ကို လူသိရှင်ကြားမကြာခဏ ဆဲဆိုလေ့ရှိသူဖြစ်ပြီး ဖေဖော်ဝါရီ ၁ ရက် နောက်ပိုင်း ဆန္ဒပြလူငယ်များ သတ်ဖြတ်ခံရချိန် လူမှုကွန်ရက်တွင် အောင်ပွဲခံခဲ့သူဖြစ်သည်ဟု ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ရွှေကူ၊ ဗန်းမော်နဲ့ ရှမ်းမြောက်က မိုးမိတ်-မဘိမ်းအစပ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဖြစ်ပွားနေပြီး စစ်တပ်က လေကြောင်းပစ်ကူပေး တိုက်ခိုက်တာတွေ နေ့စဉ် ပြုလုပ်နေတယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှာ အာဏာသိမ်းစစ်တ​ပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ လူငယ် ၁ဦး သေဆုံးပြီး (၅)နှစ်သားကလေး ၁ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး(အာဆီယံ)က မြန်မာနိုင်ငံအတွက် အထူးကိုယ်စားလှယ်အသစ် ခန့်အပ်ဖို့ မလိုတော့ကြောင်း အာဏာသိမ်း မြန်မာစစ်တပ်ရဲ့ ပြောကြားမှုကို အာဆီယံ လူ့အခွင့်အရေးဆိုင်ရာ လွှတ်တော်အမတ်များအဖွဲ့ (APHR)က ပယ်ချခဲ့ပါတယ်။

ဆောင်းပါး

မိုးသည်းထန်စွာ ရွာသွန်းမှုတွေနဲ့အတူ ရေကြီးရေလျှံမှုတွေကို ရင်ဆိုင်နေရတဲ့ ရန်ကုန်မြို့ကြီးမှာ သာမန် ဝမ်းပျက်ဝမ်းလျောသာ မဟုတ်တဲ့ စိုးရိမ်စရာ ပြင်းထန်တဲ့ဝမ်းပျက်ဝမ်းလျောရောဂါ (သိုမဟုတ်) ကာလဝမ်းရောဂါ ကူးစက်ပျံ့နှံ့မှုနဲ့ ရင်ဆိုင်နေရပါတယ်။