Puma စွမ်းအင်ကုမ္ပဏီသည် Puma Energy Asia Sun(PEAS) နှင့် National Energy Puma Avation Services(NEPAS) တို့ရှိ အစုရှယ်ယာများကို ရောင်းချကာ မြန်မာပြည်မှထွက်ခွာကြောင်း ယနေ့ထုတ်ပြန်ကြေညာလိုက်သည်။
Justice For Myanmar ၏ ဖော်ပြချက်အရ NEPAS သည် မြန်မာစစ်ကောင်စီထိန်းချုပ်ထားသော မြန်မာ့ရေနံထွက်ကုန်လုပ်ငန်း(MPPE)နှင့်အကျိုးတူပူးပေါင်းထားသည်။ MPPE သည် မြန်မာစစ်တပ်အတွက် လေယာဥ်ဆီ တင်သွင်းဖြန့်ဖြူးပေးနေသည်။
မြန်မာပြည်မှ Puma ထွက်ခွာကြောင်းထုတ်ပြန်ချက်သည် လေယာဥ်ဆီ ပိတ်ဆို့ရေး အရပ်ဘက်အဖွဲ့အစည်းများ၏ တောင်းဆိုလှုပ်ရှားမှုနှင့် မြန်မာနိုင်ငံ၏ တရားဝင်အစိုးရ NUG ၏ ဖိအားပေးမှုများကြားတွင် ထွက်ပေါ်လာခြင်းဖြစ်သည်။
စစ်ရာဇ၀တ်မှုများနှင့် လူသားမျိုးနွယ်ကို ဆန့်ကျင်သော ရာဇ၀တ်မှုများ ကျူးလွန်သည့် စစ်ကောင်စီ၏ မဆင်ခြင်သော လေကြောင်းတိုက်ခိုက်မှုများကို အထောက်အပံ့ဖြစ်စေနိုင်သောလေယာဥ်ဆီရရှိရေး တားမြစ်ခြင်းအပါအဝင် Puma အနေဖြင့် စစ်အုပ်စုနှင့် ညှိနှိုင်းဆောင်ရွက်ခြင်းမပြုရန် JFM က တောင်းဆိုသည်။
![Public Service Announcement](https://i0.wp.com/www.ludunwayoo.com/wp-content/uploads/2024/04/Safer-practices_inside_psa_ads.jpg?resize=880%2C138&ssl=1)
Public Service Announcement
Puma ၏ ယခုထွက်ခွာမှုတွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ အရပ်ဘက်အဖွဲ့အစည်းများနှင့် ညှိနှိုင်းဆောင်ရွက်ရမည်ဟု JFM က တိုက်တွန်းသည်။
ထို့အပြင် Puma Energy သည် NEPAS အစုရှယ်ယာများကို ပြည်တွင်းကုမ္ပဏီသို့ရောင်းချမှုတွင် ယင်းကုမ္ပဏီ၏ အမည်ကို ကြေညာခြင်းမရှိဘဲ အမြန်ဆုံး ထုတ်ပြန်ကြေညာရမည်ဟု JFM က တောင်းဆိုသည်။
နိုင်ငံတကာအစိုးရများအနေဖြင့်လည်း လေယာဥ်ဆီပိတ်ဆို့ဒဏ်ခတ်ခြင်းဖြင့် မြန်မာစစ်တပ်၏ မဆင်ခြင်သော လေကြောင်းတိုက်ခိုက်မှုများကို ရပ်တန့်ရန် ချက်ချင်းအရေးယူလုပ်ဆောင်ရမည်ဟု JFM က တိုက်တွန်းသည်။
![](https://www.ludunwayoo.com/wp-content/uploads/2024/08/banner-logo1-50px.png)