Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ဆွီဒင် စွမ်းအင်ကုမ္ပဏီ AFRYက မြန်မာ့ ရေအားလျှပ်စစ်စီမံကိန်းများမှ နှုတ်ထွက်

AFRYက မြန်မာနိုင်ငံတွင်း ၎င်းတို့ တည်ရှိနေခြင်းသည် အာဏာသိမ်းစစ်ကောင်စီကို တိုက်ရိုက် ဖြစ်စေ၊ သွယ်ဝိုက်ဖြစ်စေ​ထောက်ပံ့မှု ဖြစ် ၊မဖြစ်ဆန်းစစ်ပြီးခဲ့ နောက်လူ့အခွင့်အရေးချိူးဖောက်မှုများကို လက်မခံနိုင်ခြင်းပြုနိုင်ခြင်းကြောင့် မြန်မာနိုင်ငံမှ နှုတ်ထွက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

(ဆွိဒင်မှ AFRY ကုမ္ပဏီ အ​ဆောက်အအုံ။ဓါတ်ပုံ-AFRY)
(ဆွိဒင်မှ AFRY ကုမ္ပဏီ အ​ဆောက်အအုံ။ဓါတ်ပုံ-AFRY)

ဆွီဒင်စွမ်အင်းကုမ္ပဏီတစ်ခုဖြစ်သည့် AFRY သည် မြန်မာနိုင်ငံရှိ ရေအားလျှပ်စစ် စီမံကိန်းများတွင် ပါဝင်မှုကို ရပ်ဆိုင်းရန် ဆုံးဖြတ်ခဲ့ကြောင်း ထုတ်ပြန်ကြေညာသည်။

စစ်တပ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံတွင်လူ့အခွင့်အရေးချိုးဖောက်မှုများ ပိုမိုဆိုးဝါးလာခြင်းကြောင့် ယခုလို ရပ်ဆိုင်းရခြင်းဖြစ်သည်ဟု ကုမ္ပဏီကဆိုသည်။

AFRYသည် မြန်မာနိုင်ငံရှိ ရေအားလျှပ်စစ်စီမံကိန်းများကို အကြံပေးကုမ္ပဏီအဖြစ် နှစ်ပေါင်း ၂၀ ကျော်လုပ်ကိုင်ခဲ့ခြင်းဖြစ်သည်။ AFRY သည် လက်ရှိတွင် မြန်မာနိုင်ငံရှိ ရေအားလျှပ်စစ်စီမံကိန်း သုံးခုတွင်ပါဝင်ဆောင်ရွက်နေပြီး စီမံကိန်းတစ်ခုသည် လက်ရှိလုပ်ကိုင်နေဆဲဖြစ်သည်။

ထိုစီမံကိန်းစာချုပ်များကို ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ စစ်အာဏာသိမ်းမှုမတိုင်မီ လက်မှတ်ရေးထိုးခဲ့ပြီး AFRY သည် စစ်တပ်အာဏာသိမ်းပြီးနောက် စာချုပ်များထပ်မံလက်မှတ်ရေးထိုးခြင်းမရှိဟုလည်းဆိုသည်။

Public Service Announcement

Public Service Announcement

AFRYက မြန်မာနိုင်ငံတွင်း ၎င်းတို့ တည်ရှိနေခြင်းသည် အာဏာသိမ်းစစ်ကောင်စီကို တိုက်ရိုက် ဖြစ်စေ၊ သွယ်ဝိုက်ဖြစ်စေ​ထောက်ပံ့မှု ဖြစ် ၊မဖြစ်ဆန်းစစ်ပြီးခဲ့ နောက်လူ့အခွင့်အရေးချိူးဖောက်မှုများကို လက်မခံနိုင်ခြင်းပြုနိုင်ခြင်းကြောင့် မြန်မာနိုင်ငံမှ နှုတ်ထွက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

လုပ်ငန်းများလက်စသတ်၍ယခုနှစ်ကုန်တွင် မြန်မာနိုင်ငံက အပြီးသတ်နှုတ်ထွက်မည်ဟုလည်းဆိုသည်။

AFRY၏ ကုမ္ပဏီခွဲတွင် မြန်မာနိုင်ငံရှိ အထက်ရဲရွာနှင့် အလယ်ပေါင်းလောင်းရေးအားလျှပ်စစ်စီမံကိန်းများအတွက် အကြံပေးကုမ္ပဏီအဖြစ်ဆောင်ရွက်ခဲ့ပြီး စစ်တပ်အာဏာသိမ်းပြီးနောက် အကြံပေးအတိုင်ပင်ခံကုမ္ပဏီအဖြစ်ဒေါ်လာ၄ ဒသမ ၆၈ သန်းရရှိခဲ့သည်ဟုJustice For Myanmar က စုံစမ်းထုတ်​ဖော်ခဲ့သည်။

AFRYက မြန်မာနိုင်ငံအတွင်း ရေအားလျှပ်စစ်စီမံကိန်း ၁၃ခုအတွက် အတိုင်ပင်ခံကုမ္ပဏီအဖြစ်ဆောင်ရွက်ခဲ့ပြီး ထိုထဲတွင် ရွှေလီ-၃၊ ရဲရွာ၊ အထက်ပေါင်းလောင်း၊ အထက်ကျိုင်းတောင်းနှင့် ထမံသီရေးအားလျှပ်စစ်စီမံကိန်းများပါဝင်သည်ဟု ကုမ္ပဏီက၎င်းတို့ ဝက်ဆိုဒ်ထုတ်ပြန်ထားသည်။

စစ်အုပ်စုအာဏာသိမ်းပြီး​နောက် ပြင်သစ်​ရေနံကုမ္ပဏီ Total ၊ အ​​မေရီကန် စွမ်းအင်ကုမ္ပဏီ ရှက်ဗရွန် ၊မ​လေးရှားစွမ်းအင်ကုမ္ပဏီ ပီထရိုနာစ် စ​သောကုမ္ပဏီများကမြန်မာနိုင်ငံမှ အသီးသီးထွက်ခွာခဲ့ကြသည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

ပုံမှန်ဆိုရင် ည ၉ နာရီကနေ မနက် ၅ နာရီက မီးလုံးဝမဖြတ်တဲ့ အချိန်ဖြစ်ပေမယ့် အခုနောက်ပိုင်းမှာတော့ ညည့်နက်ရင် တိုက်ခန်းတွေကိုမီးဖြတ်ပစ်လေ့ရှိတယ်လို့ လှိုင်မြို့နယ်မှာနေထိုင်တဲ့ အမျိုးသားတစ်ဦးကပြောပါတယ်။

နိုင်ငံတကာ

တခြား စမတ်ဖုန်း ကုမ္ပဏီ တစ်ခုဖြစ်တဲ့ တရုတ်ရဲ့ Xiaomiကတော့ စျေးကွက်ထဲ တင်ပို့ရောင်းချမယ့် ကုမ္ပဏီရဲ့ ပထမဆုံး လျှပ်စစ်ကား SU7ကို မကြာသေးခင်က တရားဝင် ထုတ်ပြန် ပြသခဲ့ပါတယ်။

သတင်း

KNU တပ်မဟာ(၅)နယ်မြေတွင် စစ်ကောင်စီတပ်များကို တိုက်ခိုက်မှုများလည်း နေ့စဉ်နီးပါးလုပ်ဆောင်လျက်ရှိရာ ပြီးခဲ့သည့် ဇူလိုင်အတွင်း တိုက်ပွဲပေါင်း ၁၈၉ ကြိမ် ရှိခဲ့ပြီး စစ်ကောင်စီတပ်မှ ၁၀၉ ဦးသေဆုံးကာ ၈၂ဦး ဒဏ်ရာရခဲ့ကြောင်း တပ်မဟာ(၅)က အသိပေးထားသည်။

သတင်း

ကျောက်မဲမြို့၊ မြို့နယ်စည်ပင်သာယာ​ရေး​ကော်မတီ၊ဦးစီးမှူးနှင့် နမ္မတူမြို့မှ လျှပ်စစ်ဌာန အရာရှိတစ်ဦးသည် ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်အတူ လက်ဖက်ရည်ဆိုင်ထိုင်နေစဉ် လူနှစ်ဦးက သေနတ်ဖြင့် ပစ်ခတ်သွားခြင်းဟု သိရသည်။