Connect with us

Hi, what are you looking for?

သတင်း

မုံရွာ- မန္တ​လေးလမ်းပိုင်းတွင် မုံရွာခရိုင် စစ်ဆင်ရေးပြင်ဆင်နေစဥ် ပျူအဖွဲ့နှင့်တိုးပြီး တိုက်ပွဲဖြစ်

ယမန်နေ့ (အောက်တိုဘာ ၈ ရက်) ည ၉နာရီခွဲခန့်က မန္တလေး-မုံရွာလမ်းပိုင်းပေါ် မိုင်းသွားတပ်ဆင်နေချိန် တောပုရွာမှ ပျူများနှင့် ထိတွေ့မှုဖြစ်ပြီး အပြန်အလှန် ပစ်ခတ်ခဲ့ကြောင်း ၎င်းကဆက် ​ပြောသည်။

မုံရွာ- မန္တ​လေးလမ်းပိုင်းတွင် မုံရွာခရိုင် PDF စစ်ဆင်ရေးပြင်ဆင်နေစဥ် ပျူအဖွဲ့နှင့်တိုးပြီး တိုက်ပွဲဖြစ်
မုံရွာ- မန္တ​လေးလမ်းပိုင်းတွင် မုံရွာခရိုင် PDF စစ်ဆင်ရေးပြင်ဆင်နေစဥ် ပျူအဖွဲ့နှင့်တိုးပြီး တိုက်ပွဲဖြစ်

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်တွင် စစ်ဆင်ရေးပြင်ဆင်နေစဥ် ပျူစောထီးအဖွဲ့နှင့်တိုးပြီး ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း မုံရွာခရိုင် ပြည်သူ့ကာကွယ်​ရေးတပ်မ​တော်(Chindwin Attack Force)ပြန်ကြား​ရေးတာဝန်ခံက​ ပြောသည်။

ယမန်နေ့ (အောက်တိုဘာ ၈ ရက်) ည ၉နာရီခွဲခန့်က မန္တလေး-မုံရွာလမ်းပိုင်းပေါ် မိုင်းသွားတပ်ဆင်နေချိန် တောပုရွာမှ ပျူများနှင့် ထိတွေ့မှုဖြစ်ပြီး အပြန်အလှန် ပစ်ခတ်ခဲ့ကြောင်း ၎င်းကဆက် ​ပြောသည်။

တိုက်ပွဲချိန်အတွင်း ပျူများအား မိုင်းဆွဲတိုက်ခိုက်မှု၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ပျူအဖွဲ့ဘက်က ထိခိုက်သေဆုံးမှုရှိနိုင်သော်လည်း အတိအကျမသိရသေးကြောင်း အထက်ပါပြန်ကြား​ရေးတာဝန်ခံက ​ပြောသည်။

PDF တပ်ဖွဲ့ဝင်များထိခိုက်မှုမရှိဘဲ ​​ဘေးကင်းရာသို့​ရောက်ရှိပြီဖြစ်​ကြောင်းလည်း ၎င်းက ​ပြောသည်။

Public Service Announcement

Public Service Announcement

မုံရွာခရိုင်ပြည်သူကာကွယ်ရေးတပ်မတော် (Chindwin Attack Force) တပ်ရင်း – ၂ တပ်ရင်း – ၃ တပ်ရင်း – ၄ ၏ တပ်ရင်းတပ်ခွဲတပ်ဖွဲ့များ ထိုးစစ်ဆင်တိုက်ခိုက်မှုများဆက်တိုက်ပြုလုပ်​နေ​ကြောင်းလည်း အသိ​ပေးသည်။

“Chindwin Attack Force ကထိုးစစ်ဆင်နေတာမို့ ပြည်သူ​တွေစစ်​ကောင်စီတပ်​​တွေနဲ့​ဝေးရာမှာ​နေ​ပေးကြပါ ။ ထိုးစစ်ဆင်နေတဲ့အတွက် လက်နက်ခဲယမ်း​ ကျည်​တွေအတွက်လည်းကူညီနိုင်တာကူညီ​ပေးကြပါ”ဟု မုံရွာခရိုင်ပြည်သူ့ကာကွယ်​ရေးတပ်မ​တော်(Chindwin Attack Force) ပြန်ကြား​ရေးတာဝန်ခံက​ဆက်ပြောသည်။

ထို့အပြင် NUG အ​နေဖြင့်လည်း လက်နက်ခဲယမ်း​များပိုမိုဖြည့်ဆည်း​ပေးရန် တင်ပြလို​ကြောင်းလည်း ၎င်းက ပြောသည်။

အဆိုပါ စစ်ဆင်ရေးအား မုံရွာခရိုင်ပြည်သူကာကွယ်ရေးတပ်မတော် (Chindwin Attack Force) တပ်ရင်း – ၂၊ တပ်ခွဲ – ၂ Monywa Special ဒိတ်ဒိတ်ကြဲ PDFတို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်သားတွေ ကိုယ့်အသက်ဘေးကာကွယ်ဖို့ တော်လှန်ရေးတပ်တွေထံ ဘက်ပြောင်းခိုလှုံ ကြဖို့ KNU ထပ်မံတိုက်တွန်း

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ ဒီကနေ့ ဩဂုတ် ၂ရက် ညနေပိုင်းက ကားဆီတန်းပြန်လာတဲ့ လူငယ် အပါအဝင် ၁၃ ဦးထက်မနည်းကို စစ်တပ်က ရိုက်နှက်ပေါ်တာဆွဲသွားကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ခေါင်လန်ဖူးဒေသခံတွေ ပူတာအိုဘက် စစ်ရှောင်ရဟု KIA ပြော

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်က သစ်ညိုပင်ကျေးရွာဘုန်းကြီးကျောင်းကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ကလေးငယ်တွေအပါအဝင် ပြည်သူ ၁၂ ဦး ဒဏ်ရာရပြီး ဘုန်းကြီးကျောင်းအပါအဝင် ပျက်စီးမှုတွေ ရှိခဲ့ကြောင်း မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။