Connect with us

Hi, what are you looking for?

သတင်း

ရဟတ်ယာဉ်အမှု စစ်ကောင်စီတရားရုံး သက်သေကုန်အောင် မစစ်တော့

ဒါဟာ အမှုကို မြန်မြန်ဖြတ်ပြီး ထောင် မြန်မြန်ချဖို့လုပ်နေတာဖြစ်တယ်လို့ တရားရုံးနဲ့ နီးစပ်တဲ့အသိုင်းအဝိုင်းက သုံးသပ်ထားကြပါတယ်။

ရဟတ်ယာဉ်အမှု စစ်ကောင်စီတရားရုံး သက်သေကုန်အောင် မစစ်တော့
ရဟတ်ယာဉ်အမှု စစ်ကောင်စီတရားရုံး သက်သေကုန်အောင် မစစ်တော့

ရဟတ်ယာဉ် ဌားရမ်း ၊ဝယ်ယူ မှုနဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို အဂတိ နဲ့စွဲဆိုထားတဲ့ အမှုမှာ စစ်ဆေးရမယ့် သက်သေတွေ ကျန်နေပေမယ့် ဆက်မစစ်တော့ဘဲ စစ်ကောင်စီ တရားရုံးက စွဲချက် တင်တော့မယ်လို့သိရပါတယ်။

အမှုအတွက် စစ်ကောင်စီဘက်က ပြထားတဲ့ တရားလိုပြ သက်သေ ၄ ဦးကျန်ရှိနေတာဖြစ်ပါတယ်။

ဒါပေမယ့် အဲဒီသက်သေတွေကို ဆက်မစစ်တော့ဘဲ လာမယ့် တနလာၤနေ့ရုံးချိန်းမှာ စွဲချက် တင်သင့် မတင်သင့် ၂ ဖက်လျှောက်လဲချက် ပေးဖို့ တရားသူကြီး က ဒီနေ့ တရားခွင်မှာပြောလိုက်တယ်လို့ တရားရုံးအသိုင်းအဝိုင်းက တဆင့် သိရပါတယ်။

ဒါဟာ အမှုကို မြန်မြန်ဖြတ်ပြီး ထောင် မြန်မြန်ချဖို့လုပ်နေတာဖြစ်တယ်လို့ တရားရုံးနဲ့ နီးစပ်တဲ့အသိုင်းအဝိုင်းက သုံးသပ်ထားကြပါတယ်။

Public Service Announcement

Public Service Announcement

NLD အစိုးရလက်ထက် သဘာဝဘေးအန္တရာယ်အရေးတွေမှာ အသုံးပြုဖို့ ရဟတ်ယာဉ်တစ်စီး ဌားရမ်းခဲ့တာရှိသလို နိုင်ငံပိုင် ရဟတ်ယာဉ်တစ်စီး ဝယ်ယူခဲ့ပါတယ်။

ဒီလို ရဟတ်ယာဉ် ဌားရမ်း၊ဝယ်ယူရာမှာ နိုင်ငံဘဏ္ဍာငွေထိခိုက်နစ်နာတာတွေရှိတယ်ဆိုပြီး သမ္မတဦးဝင်းမြင့် ၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ လူကယ်ပြန်ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးတို့ကို အဂတိပုဒ်မနဲ့ စစ်ကောင်စီက တရားစွဲတာပါ။

တရားစွဲရာမှာ ထောင်ဒဏ် ၁၅ နှစ်ထိချလို့ရတဲ့ အဂတိပုဒ်မနဲ့တရားစွဲတာလည်းဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မိခင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် မိခင်ရဲ့ နာမည် ၊ အကြောင်းအရာတွေကို ပြောပြီး ပါဝင်ပေးကြဖို့ သားဖြစ်သူ ကင်မ်အဲရစ်‌(ခ)ကိုထိန်လင်းက တောင်းဆိုထားပါတယ်။

နိုင်ငံတကာ

ဒိန်းမတ် ရဟတ်ယာဉ်ကို ရုရှားစစ်သင်္ဘောက မီးကျည်နဲ့ လှမ်းပစ်ခဲ့တဲ့ လုပ်ရပ်အပေါ် ဥရောပ သမဂ္ဂ (EU)က အပြင်းအထန် ရှုတ်ချခဲ့ပါတယ်။

သတင်း

ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှာ ပြည်ပရောက်မြန်မာတွေ စုပေါင်းပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဥ်းသားတွေ လွတ်မြောက်ရေးနဲ့ မြန်မာစစ်အာဏာရှင်ဆန့်ကျင်ရေး စက်တင်ဘာ ၈ရက်မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

Proof Of Life ကမ်ပိန်းရဲ့ နောက်တစ်ဆင့်အနေနဲ့ မိခင်ဖြစ်သူဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးတောင်းဆိုမယ့် Free Her လှုပ်ရှားမှုမှာ ပြည်သူတွေ ဆက်လက်ပါဝင်ပေးကြဖို့ သားဖြစ်သူ ကင်မ်အဲရစ် (ခ)ကိုထိန်လင်းက တိုက်တွန်းထားပါတယ်။