ရဟတ်ယာဉ် ဌားရမ်း ၊ဝယ်ယူ မှုနဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို အဂတိ နဲ့စွဲဆိုထားတဲ့ အမှုမှာ စစ်ဆေးရမယ့် သက်သေတွေ ကျန်နေပေမယ့် ဆက်မစစ်တော့ဘဲ စစ်ကောင်စီ တရားရုံးက စွဲချက် တင်တော့မယ်လို့သိရပါတယ်။
အမှုအတွက် စစ်ကောင်စီဘက်က ပြထားတဲ့ တရားလိုပြ သက်သေ ၄ ဦးကျန်ရှိနေတာဖြစ်ပါတယ်။
ဒါပေမယ့် အဲဒီသက်သေတွေကို ဆက်မစစ်တော့ဘဲ လာမယ့် တနလာၤနေ့ရုံးချိန်းမှာ စွဲချက် တင်သင့် မတင်သင့် ၂ ဖက်လျှောက်လဲချက် ပေးဖို့ တရားသူကြီး က ဒီနေ့ တရားခွင်မှာပြောလိုက်တယ်လို့ တရားရုံးအသိုင်းအဝိုင်းက တဆင့် သိရပါတယ်။
ဒါဟာ အမှုကို မြန်မြန်ဖြတ်ပြီး ထောင် မြန်မြန်ချဖို့လုပ်နေတာဖြစ်တယ်လို့ တရားရုံးနဲ့ နီးစပ်တဲ့အသိုင်းအဝိုင်းက သုံးသပ်ထားကြပါတယ်။

Public Service Announcement
NLD အစိုးရလက်ထက် သဘာဝဘေးအန္တရာယ်အရေးတွေမှာ အသုံးပြုဖို့ ရဟတ်ယာဉ်တစ်စီး ဌားရမ်းခဲ့တာရှိသလို နိုင်ငံပိုင် ရဟတ်ယာဉ်တစ်စီး ဝယ်ယူခဲ့ပါတယ်။
ဒီလို ရဟတ်ယာဉ် ဌားရမ်း၊ဝယ်ယူရာမှာ နိုင်ငံဘဏ္ဍာငွေထိခိုက်နစ်နာတာတွေရှိတယ်ဆိုပြီး သမ္မတဦးဝင်းမြင့် ၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ လူကယ်ပြန်ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးတို့ကို အဂတိပုဒ်မနဲ့ စစ်ကောင်စီက တရားစွဲတာပါ။
တရားစွဲရာမှာ ထောင်ဒဏ် ၁၅ နှစ်ထိချလို့ရတဲ့ အဂတိပုဒ်မနဲ့တရားစွဲတာလည်းဖြစ်ပါတယ်။
