Connect with us

Hi, what are you looking for?

သတင်း

အဂတိအမှုနဲ့ ဒေါ်အောင်ဆန်းစုကြည် ကိုလာမယ့် အပတ်မှာ စစ်ကောင်စီထောင်ထပ်ချဖို့ရှိနေ

ဦးမောင်ဝိတ်ဆီက လာဘ်ယူတယ်ဆိုတဲ့အမှုမှာ စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ် ၁၅ နှစ်ထိချလို့ရတဲ့အဂတိပုဒ်မနဲ့တရားစွဲထားတာပါ။

အဂတိအမှုနဲ့ ဒေါ်အောင်ဆန်းစုကြည် ကိုလာမယ့် အပတ်မှာ စစ်ကောင်စီထောင်ထပ်ချဖို့ရှိနေ
အဂတိအမှုနဲ့ ဒေါ်အောင်ဆန်းစုကြည် ကိုလာမယ့် အပတ်မှာ စစ်ကောင်စီထောင်ထပ်ချဖို့ရှိနေ

စီးပွားရေးလုပ်ငန်းရှင် မောင်ဝိတ်ဆီက အမေရိကန် ဒေါ်လာ ၅ သိန်းခွဲ လာဘ်ယူတယ်ဆိုပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အဂတိနဲ့ စွဲဆိုခံထားရတဲ့အမှုကို လာမယ့် ဗုဒ္ဓဟူးနေ့ ( အောက်တိုဘာလ ၁၂ ) မှာ အမိန့်ချမယ်လို့သိရပါတယ်။

အဲဒီအမှုကို နေပြည်တော် အချုပ်ထောင် တွင်းတရားရုံးမှာ ဒီနေ့ စစ်ဆေးခဲ့ပြီး အောက်တိုဘာလ ၁၂ ရက်မှာ အမိန့်ချ ဖို့ ရက်ချိန်းပေးခဲ့တာလို့ တရားရုံးနဲ့နီးစပ်တဲ့အသိုင်းအဝိုင်းဆီကသိရပါတယ်။

ဦးမောင်ဝိတ်ဆီက လာဘ်ယူတယ်ဆိုတဲ့အမှုမှာ စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ် ၁၅ နှစ်ထိချလို့ရတဲ့အဂတိပုဒ်မနဲ့တရားစွဲထားတာပါ။

အမှုအတွက် ဦးမောင်ဝိတ် ထွက်ဆိုခဲ့တဲ့ ရုပ်သံဖိုင်ကိုလည်း စစ်ကောင်စီက ဝါဒဖြန့်ဖူးပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီရုပ်သံဖိုင်ထဲမှာ ဒေါ်ခင်ကြည်ဖောင်ဒေးရှင် အတွက် အမေရိကန် ဒေါ်လာ ၅ သိန်းခွဲကို စာအိတ်ထဲ ထည့်ကာ ၄ ကြိမ် ခွဲပေးခဲ့ရတယ်လို့ထွက်ဆိုထားပါတယ်။

တရားခွင်မှာလည်း အဲဒီအတိုင်းထွက်ဆိုခဲ့ပါတယ်။ သက်သေအဖြစ် လာရောက်ထွက်ဆိုတဲ့တရားခွင်မှာ ဦးမောင်ဝိတ်ဟာ ဒေါ်အောင်ဆန်းစုကြည်ကို ထိုင်ရှိခိုးခဲ့ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ လကုန်ပိုင်းကတင် အစိုးရလျှို့ဝှက်အက်ဥပဒေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ် ၃ နှစ် ချထားပါသေးတယ်။

လက်ရှိအချိန်ထိ စစ်ကောင်စီဟာ ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ် ၂၃ နှစ်ချထားပြီး ထောင်ထပ်ချဖို့ တရားစွဲထားတဲ့အမှုတွေလည်းကျန်ရှိနေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မိခင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် မိခင်ရဲ့ နာမည် ၊ အကြောင်းအရာတွေကို ပြောပြီး ပါဝင်ပေးကြဖို့ သားဖြစ်သူ ကင်မ်အဲရစ်‌(ခ)ကိုထိန်လင်းက တောင်းဆိုထားပါတယ်။

သတင်း

ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှာ ပြည်ပရောက်မြန်မာတွေ စုပေါင်းပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဥ်းသားတွေ လွတ်မြောက်ရေးနဲ့ မြန်မာစစ်အာဏာရှင်ဆန့်ကျင်ရေး စက်တင်ဘာ ၈ရက်မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

Proof Of Life ကမ်ပိန်းရဲ့ နောက်တစ်ဆင့်အနေနဲ့ မိခင်ဖြစ်သူဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးတောင်းဆိုမယ့် Free Her လှုပ်ရှားမှုမှာ ပြည်သူတွေ ဆက်လက်ပါဝင်ပေးကြဖို့ သားဖြစ်သူ ကင်မ်အဲရစ် (ခ)ကိုထိန်လင်းက တိုက်တွန်းထားပါတယ်။

သတင်း

သြစ​တြေးလျနဲ့ တောင်ကိုရီးယားနိုင်ငံမှာ ပြည်ပရောက် မြန်မာတွေ စုပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဥ်းသားတွေ လွှတ်ပေးရေးနဲ့ ရေဘေးသင့်ပြည်သူတွေအတွက် ရေဘေးရန်ပုံငွေစျေးရောင်းပွဲတို့ကို ဒီက​နေ့ (သြဂုတ် ၃၀) ပြုလုပ်ခဲ့ပါတယ်။