Connect with us

Hi, what are you looking for?

သတင်း

ဒေါ်အောင်ဆန်းစုကြည်ကို အမှု ၁၄ မှုနဲ့ ထောင်ဒဏ် ၂၆ နှစ် ချထား

ဒီအမှုဟာ အာဏာသိမ်းပြီးနောက် စစ်ဆေးခံရတဲ့ မောင်ဝိတ်ရဲ့ ထွက်ဆိုချက်ပေါ်မူတည်ကာ စစ်ကောင်စီက တရားစွဲတာဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို အမှု ၁၄ မှုနဲ့ ထောင်ဒဏ် ၂၆ နှစ် ချထား
ဒေါ်အောင်ဆန်းစုကြည်ကို အမှု ၁၄ မှုနဲ့ ထောင်ဒဏ် ၂၆ နှစ် ချထား

အမေရိကန် ဒေါ်လာ ၅ သိန်းခွဲ လာဘ်ယူတယ်ဆိုပြီး နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက ဒီနေ့မှာ ထောင်ဒဏ် ၃ နှစ် ထပ်ချလိုက်ပါတယ်။

စီးပွားရေးလုပ်ငန်းရှင် မောင်ဝိတ်ဆီက အမေရိကန် ဒေါ်လာ ၅ သိန်းခွဲ လာဘ်ယူတယ်ဆိုပြီး စစ်ကောင်စီဟာ ဒေါ်အောင်ဆန်းစုကြည်ကို အဂတိပုဒ်မ ၂ မှုနဲ့တရားစွဲထားတာပါ။

အဲဒီအမှု ၂ မှုကို နေပြည်တော်အချုပ်ထောင် စစ်ကောင်စီ တရားရုံးက ဒီနေ့အမိန့်ချရာ ထောင်ဒဏ် ၃ နှစ်စီ စုစုပေါင်း ၆ နှစ်ချခဲ့ပေမယ့် တစ်ပေါင်းတည်းကျခံဖို့အတွက် ဆုံးဖြတ်ခဲ့တယ်လို့ တရားရုံးအသိုင်းအဝိုင်းကနေသိရပါတယ်။

ဒီအမှုဟာ အာဏာသိမ်းပြီးနောက် စစ်ဆေးခံရတဲ့ မောင်ဝိတ်ရဲ့ ထွက်ဆိုချက်ပေါ်မူတည်ကာ စစ်ကောင်စီက တရားစွဲတာဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

မောင်ဝိတ်ရဲ့ ထွက်ဆိုချက်မှာ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းအတွက် အမေရိကန်ဒေါ်လာ ၅ သိန်းခွဲ လှူခဲ့တယ်လို့ပါရှိပါတယ်။

ဒါကိုအကြောင်းပြပြီး စစ်ကောင်စီဟာ ဒေါ်အောင်ဆန်းစုကြည်ကို အဂတိနဲ့တရားစွဲတာပါ။

ဒီနေ့ ချလိုက်တဲ့ ထောင်ဒဏ် ပါ ပါရင် ဒေါ်အောင်ဆန်းစုကြည်ကို စုစုပေါင်းထောင်ဒဏ် ၂၆ နှစ်ထိ ချထားပြီးဖြစ်ပါတယ်။

ဒါပေမယ့် အဂတိအမှုအပါအဝင် နောက်ထပ် ၅ မှုကို ဒေါ်အောင်ဆန်းစုကြည်. ရင်ဆိုင်ရဖို့ ရှိနေပါသေးတယ်။

မောင်ဝိတ်ကတော့ သက်သေလာထွက်ဆိုတဲ့ ရုံးချိန်းမှာ ဒေါ်အောင်ဆန်းစုကြည်ကို ထိုင်ကန်တော့သွားတယ်လို့သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) သွားရောက်တွေ့ဆုံခဲ့မှုအပေါ် လှိုက်လှဲစွာကြိုဆိုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ဒီကနေ့ ဩဂုတ် ၄ရက်မှာ ထုတ်ပြန်ပါတယ်။

ဆောင်းပါး

“နိုင်ငံတစ်နိုင်ငံရဲ့ အမှန်တကယ်အခြေအနေကို သိချင်ရင် အဲဒီနိုင်ငံရဲ့ ထောင်တွေထဲကို ဝင်ကြည့်ရမယ်”

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ(ICRC)ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်တို့ ဩဂုတ် ၃ရက် တွေ့ဆုံမှုကို ကြိုဆိုကြောင်းနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားအားလုံး ခြွင်းချက်မရှိ အပြည့်အ၀ ပြန်လွှတ်ပေးရန် တောင်းဆိုချက်ကို ထပ်လောင်းအတည်ပြုတယ်လို့ ဥရောပသမဂ္ဂက ထုတ်ပြန်ပါတယ်။

သတင်း

​ဒေါ်​အောင်ဆန်းစုကြည် နဲ့ ICRC ​တွေ့ဆုံမှုဟာသူမအသက်ရှင်လျက်ရှိ​ကြောင်းအတည်ပြုနိုင်တဲ့သက်​သေအ​ထောက်အထား​ဖြစ်​ပေမယ့် ထိုလုပ်ရပ်တစ်ခုတည်းဖြင့်မလုံ​လောက်ဘဲ ​ဒေါ်​အောင်ဆန်းစုကြည်အပါအဝင် မတရား ဖမ်းဆီးခံထားရသူ​တွေအားလုံးကို ချက်ချင်းပြန်လွှတ်​ပေးရန် ဗြိတိန် အစိုးရကဒီက​​နေ့ ထပ်မံ​တောင်းဆိုလိုက်ပါတယ် ။