Connect with us

Hi, what are you looking for?

သတင်း

ငဖဲမြို့နယ်အတွင်း ချင်းအမျိုးသမီးငယ် ၂ ဦးသတ်ဖြတ်ခံရ

ငဖဲမြို့နယ် ၊ ဘုံးဘောကျေးရွာ က အသက် ၁၇ နှစ်အရွယ် မိုင်နှောင်ပါလှ နဲ့ အသက် ၂၁ နှစ်အရွယ် မိုင်ရွှေစင်ရဲ တို့ဟာ အောက်တိုဘာလ ၆ ရက်က ဂုတ်ကြီးရွာကိုသွားရောက်စဉ်မှာပျောက်ဆုံးသွားတာပါ။

ငဖဲမြို့နယ်အတွင်း ချင်းအမျိုးသမီးငယ် ၂ ဦးသတ်ဖြတ်ခံရ
ငဖဲမြို့နယ်အတွင်း ချင်းအမျိုးသမီးငယ် ၂ ဦးသတ်ဖြတ်ခံရ

မကွေးတိုင်း၊ ငဖဲမြို့နယ် အတွင်း ပျောက်ဆုံးနေတဲ့ ချင်းအမျိုးသမီးငယ် ၂ ဦး ရဲ့ သတ်ဖြတ်ခံထားရတဲ့ ရုပ်အလောင်းတွေကိုရှာတွေ့ပြီလို့ ကြားကာလ ချင်းအမျိုးသား အတိုင်ပင်ခံကောင်စီ က ဒီနေ့မှာထုတ်ပြန်ပါတယ်။

ငဖဲမြို့နယ် ၊ ဘုံးဘောကျေးရွာ က အသက် ၁၇ နှစ်အရွယ် မိုင်နှောင်ပါလှ နဲ့ အသက် ၂၁ နှစ်အရွယ် မိုင်ရွှေစင်ရဲ တို့ဟာ အောက်တိုဘာလ ၆ ရက်က ဂုတ်ကြီးရွာကိုသွားရောက်စဉ်မှာပျောက်ဆုံးသွားတာပါ။

ငဖဲမြို့နယ်အတွင်း ချင်းအမျိုးသမီးငယ် ၂ ဦးသတ်ဖြတ်ခံရ
ငဖဲမြို့နယ်အတွင်း ချင်းအမျိုးသမီးငယ် ၂ ဦးသတ်ဖြတ်ခံရ

၃ ရက်အကြာ အောက်တိုဘာလ ၉ ရက်မှာတော့ ဘုံးဘောရွာ ရဲ့ အရှေ့မြောက်ဘက် ၅ မိုင်ခန့်အကွာ မြေလတ်ရွာအနီး လည်ပင်းနဲ့ ရင်ဘတ်မှာ ဓားဒဏ်ရာအများအပြားနဲ့တွေ့ခဲ့ရတယ်လို့ သိရပါတယ်။

Public Service Announcement
Public Service Announcement

ချင်းအမျိုးသမီးငယ် ၂ ဦး ရက်ရက်စက်စက် သတ်ဖြတ်ခံရတဲ့အပေါ် ကျုးလွန်သူတွေကို ဖမ်းဆီးဖို့ ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေကို လိုအပ်သလို ကူညီပံ့ပိုးပေးသွားမယ်လို့ ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီက အသိပေးထားပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

နိုင်ငံတကာက မြန်မာနဲ့ သံတမန်ရေး ထိတွေ့မှုတွေကို မြှင့်တင်ဖို့ ခြေလှမ်းပြင်လာချိန်မှာပဲ အာဏာသိမ်း စစ်တပ်ကမြန်မာပြည်သူတွေအပေါ် သတ်ဖြတ်မှုတွေလျော့ပါးမသွားတဲ့အပြင်ပိုပြီးတောင်ဆိုးရွားလာနေတယ်လို့ နိုင်ငံတကာ လေ့လာစောင့်ကြည့်မှု အဖွဲ့တစ်ခုက ထောက်ပြခဲ့ပါတယ်။

သတင်း

ကျူးလွန်သူကိုထိထိရောက်ရောက်အရေးယူ၊ အပြစ်ပေးဖို့အရပ်ဖက်အဖွဲ့တွေနဲ့ ပြည်သူတွေတောင်းဆို

သတင်း

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်၊ ကုက္ကိုစုပျူစောထီးရွာမှာ တော်လှန်ရေး ရဲဘော် ၂ ဦးအပါအဝင် ၉ ဦးကို စစ်တပ်က နှိပ်စက်သတ်ဖြတ်ခဲ့ကြောင်း မကွေးတိုင်းပကဖက ထုတ်ပြန်ပါတယ်။

သတင်း

ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့တော်မှာမြန်မာအမျိုးသမီးတစ်ဦးသတ်ဖြတ်ခံရပြီးရုပ်အလောင်းကိုအပိုင်းပိုင်းခုတ်ထစ်ဖြတ်တောက်ခံထားရတဲ့ဖြစ်စဉ်နဲ့ ပတ်သက်လို့သံသယရှိခံရသူခင်ပွန်းဖြစ်သူကိုရဲတွေကအပူတပြင်းလိုက်ရှာနေပါတယ်။