Connect with us

Hi, what are you looking for?

သတင်း

ရွှေကူတွင် စစ်ကောင်စီတပ် ဝင်ရောက်စီးနင်း၍ ကျေးရွာအများအပြားမှ ဒေသခံများ ရှောင်တိမ်းနေရ

ရုတ်တရက် ထွက်ပြေးတိမ်းရှောင်ကြရခြင်းဖြစ်၍ နေထိုင်ရေးနှင့် စားနပ်ရိက္ခာအခက်အခဲ ကြုံကြရကြောင်း ဒေသခံက ပြောသည်။

ရွှေကူမြို့ဘုန်းကြီးကျောင်းထံသို့ ရောက်ရှိလာသော စစ်ဘေးရှောင်များအား တွေ့ရစဉ်၊ ဓာတ်ပုံ - Kachinwaves
ရွှေကူမြို့ဘုန်းကြီးကျောင်းထံသို့ ရောက်ရှိလာသော စစ်ဘေးရှောင်များအား တွေ့ရစဉ်၊ ဓာတ်ပုံ - Kachinwaves

ကချင်ပြည်နယ် ရွှေကူမြို့နယ်တွင် စစ်ကောင်စီတပ်က အင်အားအလုံးအရင်းဖြင့် ဝင်ရောက်စီးနင်းခြင်း၊ လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်ခြင်းတို့ကြောင့် ကျေးရွာ ၁၀ရွာထက်မနည်းရှိ ဒေသခံပြည်သူများ ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု ရွှေကူဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်သည် ယမန်နေ့(အောက်တိုဘာ ၁၁ရက်) ညပိုင်းမှစ၍ ရွှေကူမြို့နယ်သို့ စစ်ကြောင်းထိုးဝင်ရောက်လာ၍ ဒေသခံ ပြည်သူ့ကာကွယ် ရေးတပ်နှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဆိုသည်။ ထို့ပြင် ယနေ့ နေ့လည်ပိုင်း၌လည်း ကချင် လွတ်လပ် ရေးတပ်မတော်(KIA)နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဒေသခံက ပြောသည်။

စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ် ထိုးစစ်ဆင်လာ၍ နတ်လှန်၊ နောင် လတ်ကြီး၊ စီမူကြီး၊ စီမူလေး၊ မံဝိန်း၊ စီသာနီင့် မံနား စသည့် ကျေးရွာများအပါအဝင် ဒေသတွင်းရှိ ကျေးရွာ ၁၀ရွာထက်မနည်း ထွက်ပြေးတိမ်းရှောင်နေရကြောင်း ၎င်းက ဆိုသည်။

Public Service Announcement
Public Service Announcement

“အသံတော့ တိတ်သွားပြီ စံသာ-မံနားနှစ်ရွာလည်း စကစ ဘက်က ရသွားပြီ။ တစ်အိတ်တက်ဆင်း လိုက်ရှာမွှေနေတယ်တဲ့လေ။ ဒေသခံတွေက ရှောင်နေကြတာပေါ့။ သူတို့က လက်နက်ကြီးနဲ့ ပစ်မှတော့ ဘယ်သူက နေရဲတော့မှာလဲ။ ကျန်တဲ့လူဆိုရင်လည်း မပြေးနိုင်တဲ့ ဒုက္ခိတနဲ့ သက်ကြီးရွယ်အိုတွေပေါ့။ အခုလက်ရှိကတော့ ရွာ၁၀ရွာတောင် မကတော့ဘူး ပြေးနေကြတာ။ မြို့ဘက် ပြေးတဲ့လူနဲ့၊ တောဘက်ပြေးတဲ့သူနဲ့။ ကျွန်တော်လည်း တိမ်းရှောင်နေရတာပေါ့”ဟု ရွှေကူဒေသခံက ပြောသည်။

Public Service Announcement

Public Service Announcement

ရုတ်တရက် ထွက်ပြေးတိမ်းရှောင်ကြရခြင်းဖြစ်၍ နေထိုင်ရေးနှင့် စားနပ်ရိက္ခာအခက်အခဲ ကြုံကြရကြောင်း ဒေသခံက ပြောသည်။

” သူတို့က ပြည်သူကို ရန်သူထင်နေတော့ တိမ်းရမှာပေါ့။ မတွေ့အောင်တော့ အတက်နိုင်ဆုံး။ ကျွန်တော်တို့မှာ လက်နက်မရှိလို့ပါ့။ ရှိရင်ချချင်တာ။သေရမှာ မကြောက်တော့ဘူး။ စပါးတွေက ရိတ်သိမ်းရတော့မယ်။ အခုလိုတွေဖြစ်နေတော့ ပိုဆိုးတာပေါ့ဗျာ”ဟု ရွှေကူ ဒေသခံက ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာလကတည်း ရွှေကူမြို့နယ်၌ တိုက်ပွဲဖြစ်ပွားခဲ့၍ မိုးစစ်၊ ရေလဲ နှင့် ဆင်တပ် ကျေးရွာများမှ ဒေသခံပြည်သူ ၄၀၀ကျော် မြို့ပေါ် ဘုန်းကြီးကျောင်းများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ဒေသတွင်း သတင်းဌာန Kachinwavesက ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။