Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ရွှေကူတွင် စစ်ကောင်စီတပ် ဝင်ရောက်စီးနင်း၍ ကျေးရွာအများအပြားမှ ဒေသခံများ ရှောင်တိမ်းနေရ

ရုတ်တရက် ထွက်ပြေးတိမ်းရှောင်ကြရခြင်းဖြစ်၍ နေထိုင်ရေးနှင့် စားနပ်ရိက္ခာအခက်အခဲ ကြုံကြရကြောင်း ဒေသခံက ပြောသည်။

ရွှေကူမြို့ဘုန်းကြီးကျောင်းထံသို့ ရောက်ရှိလာသော စစ်ဘေးရှောင်များအား တွေ့ရစဉ်၊ ဓာတ်ပုံ - Kachinwaves
ရွှေကူမြို့ဘုန်းကြီးကျောင်းထံသို့ ရောက်ရှိလာသော စစ်ဘေးရှောင်များအား တွေ့ရစဉ်၊ ဓာတ်ပုံ - Kachinwaves

ကချင်ပြည်နယ် ရွှေကူမြို့နယ်တွင် စစ်ကောင်စီတပ်က အင်အားအလုံးအရင်းဖြင့် ဝင်ရောက်စီးနင်းခြင်း၊ လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်ခြင်းတို့ကြောင့် ကျေးရွာ ၁၀ရွာထက်မနည်းရှိ ဒေသခံပြည်သူများ ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု ရွှေကူဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်သည် ယမန်နေ့(အောက်တိုဘာ ၁၁ရက်) ညပိုင်းမှစ၍ ရွှေကူမြို့နယ်သို့ စစ်ကြောင်းထိုးဝင်ရောက်လာ၍ ဒေသခံ ပြည်သူ့ကာကွယ် ရေးတပ်နှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဆိုသည်။ ထို့ပြင် ယနေ့ နေ့လည်ပိုင်း၌လည်း ကချင် လွတ်လပ် ရေးတပ်မတော်(KIA)နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဒေသခံက ပြောသည်။

စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ် ထိုးစစ်ဆင်လာ၍ နတ်လှန်၊ နောင် လတ်ကြီး၊ စီမူကြီး၊ စီမူလေး၊ မံဝိန်း၊ စီသာနီင့် မံနား စသည့် ကျေးရွာများအပါအဝင် ဒေသတွင်းရှိ ကျေးရွာ ၁၀ရွာထက်မနည်း ထွက်ပြေးတိမ်းရှောင်နေရကြောင်း ၎င်းက ဆိုသည်။

Public Service Announcement
Public Service Announcement

“အသံတော့ တိတ်သွားပြီ စံသာ-မံနားနှစ်ရွာလည်း စကစ ဘက်က ရသွားပြီ။ တစ်အိတ်တက်ဆင်း လိုက်ရှာမွှေနေတယ်တဲ့လေ။ ဒေသခံတွေက ရှောင်နေကြတာပေါ့။ သူတို့က လက်နက်ကြီးနဲ့ ပစ်မှတော့ ဘယ်သူက နေရဲတော့မှာလဲ။ ကျန်တဲ့လူဆိုရင်လည်း မပြေးနိုင်တဲ့ ဒုက္ခိတနဲ့ သက်ကြီးရွယ်အိုတွေပေါ့။ အခုလက်ရှိကတော့ ရွာ၁၀ရွာတောင် မကတော့ဘူး ပြေးနေကြတာ။ မြို့ဘက် ပြေးတဲ့လူနဲ့၊ တောဘက်ပြေးတဲ့သူနဲ့။ ကျွန်တော်လည်း တိမ်းရှောင်နေရတာပေါ့”ဟု ရွှေကူဒေသခံက ပြောသည်။

Public Service Announcement

Public Service Announcement

ရုတ်တရက် ထွက်ပြေးတိမ်းရှောင်ကြရခြင်းဖြစ်၍ နေထိုင်ရေးနှင့် စားနပ်ရိက္ခာအခက်အခဲ ကြုံကြရကြောင်း ဒေသခံက ပြောသည်။

” သူတို့က ပြည်သူကို ရန်သူထင်နေတော့ တိမ်းရမှာပေါ့။ မတွေ့အောင်တော့ အတက်နိုင်ဆုံး။ ကျွန်တော်တို့မှာ လက်နက်မရှိလို့ပါ့။ ရှိရင်ချချင်တာ။သေရမှာ မကြောက်တော့ဘူး။ စပါးတွေက ရိတ်သိမ်းရတော့မယ်။ အခုလိုတွေဖြစ်နေတော့ ပိုဆိုးတာပေါ့ဗျာ”ဟု ရွှေကူ ဒေသခံက ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာလကတည်း ရွှေကူမြို့နယ်၌ တိုက်ပွဲဖြစ်ပွားခဲ့၍ မိုးစစ်၊ ရေလဲ နှင့် ဆင်တပ် ကျေးရွာများမှ ဒေသခံပြည်သူ ၄၀၀ကျော် မြို့ပေါ် ဘုန်းကြီးကျောင်းများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ဒေသတွင်း သတင်းဌာန Kachinwavesက ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ၊ ARSAနှင့် ARA တို့သည် အကျိုးစီးပွား အတွက် ယာယီ ပေါင်းစည်းကြခြင်းဖြစ်ကြောင်း ဦးခိုင်သုခကပြောသည်။

သတင်း

စစ်ကောင်စီတပ်ကမူ မြဝတီမြို့ပြင်ရှိ KNU၏ KNLA ဦးဆောင်သည့် ပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)ကို ဧပြီ ၁၁ ရက်နောက်ပိုင်း လေကြောင်းမှ တိုက်လေယာဥ်ဖြင့် ပေါင် ၅၀၀ ဗုံးများချကာ အနည်းဆုံး နှစ်ကြိမ် တိုက်ခိုက်ခဲ့သည်။

သတင်း

လှိုင်သာယာနှင့် အင်းစိန်မြို့နယ်တို့တွင် ယနေ့ ပေါက်ကွဲမှုများဖြစ်ခဲ့၍ စစ်ဆေးခြင်းဟုလည်း ဒေသခံအချို့က ပြောသည်။

သတင်း

စစ်ကောင်စီတပ်က လေကြောင်းမှ အဆိပ်ငွေ့ဗုံးများ၊ မီးလောင်ဗုံးများအသုံးပြုတိုက်ခိုက်လာကောင်းလည်း ဗိုလ်မှူးက ပြောသည်။ ကျားဖြူစစ်ကြောင်းမှ ရဲဘော်လေးဦးလည်း မစိုးရိမ်ရ ဒဏ်ရာရရှိကြောင်းလည်း ၎င်းက ဆက်ပြောသည်။