Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ခြေဥပါအချက်အချို့ ပြင်မည်ဟုစစ်ကောင်စီပြောကြားချက်ကို KNU တုန့်ပြန်

ယနေ့ အောက်တိုဘာလ(၁၅)ရက်တွင်ကျရောက်သော တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA) လက်မှတ်ရေးထိုးခြင်း (၇)နှစ်ပြည့်နေ့တွင် စစ်ခေါင်းဆောင်က တိုင်းရင်းသားအရေးအတွက်ဆိုပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင့်သင့်တာပြင်ဆင်ရမည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

ခြေဥပါအချက်အချို့ ပြင်မည်ဟုစစ်ကောင်စီပြောကြားချက်ကို KNU တုန့်ပြန်
ခြေဥပါအချက်အချို့ ပြင်မည်ဟုစစ်ကောင်စီပြောကြားချက်ကို KNU တုန့်ပြန်

လက်ရှိအချိန်ကာလတွင် ဒီမိုကရေစီနှင့် ဖက်ဒရယ်၏ ရန်သူသည် စစ်ကောင်စီသာဖြစ်သည်ဟု ကေအဲန်ယူပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက တုံ့ပြန်ပြောကြားလိုက်ပါသည်။

တိုင်းရင်းသားအားလုံး ဒီမိုကရေစီ အပြည့်အ၀ခံစားနိုင်ရေးအတွက်ဆိုပြီး ဖွဲ့စည်းပုံအခြေခံဥပဒေပါ အချို့အချက်များကို ပြင်သင့်တာပြင်ဆင်ရမည်ဟု စစ်ခေါင်းဆောင်၏ပြောဆိုချက်များကို တုန့်ပြန်ပြောကြားလိုက်ခြင်းဖြစ်သည်။

ခြေဥပါအချက်အချို့ ပြင်မည်ဟုစစ်ကောင်စီပြောကြားချက်ကို KNU တုန့်ပြန်
ခြေဥပါအချက်အချို့ ပြင်မည်ဟုစစ်ကောင်စီပြောကြားချက်ကို KNU တုန့်ပြန်

” စစ်အာဏာသိမ်း​ပြီးကတည်းက ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်ဆီးလိုက်တာပဲလေ။ အခုမှပဲ ၂၀၀၈(ဖွဲ့စည်းပုံဥပဒေ)ကို ဟိုလိုဒီလိုပြင်မယ့်ဆိုတဲ့ဟာမျိုးကျတော့ ရူးသလိုကြောင်သလိုနဲ့ လျှောက်လုပ်နေတဲ့ကိစ္စပဲဖြစ်တယ်။ အာဏာသိမ်းတာတောင်မှ အာဏာထိမ်းသလိုလို ဟိုလိုလိုဒီလိုလိုနဲ့ (၂၀၀၈) က ရှိနေသေးတယ်ဆိုတာ ဘယ်လိုမှလက်ခံနိုင်စရာအကြောင်းမရှိဘူး” ဟု ပဒိုစောတောနီးက ပြောကြားသည်။

ယနေ့ အောက်တိုဘာလ(၁၅)ရက်တွင်ကျရောက်သော တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA) လက်မှတ်ရေးထိုးခြင်း (၇)နှစ်ပြည့်နေ့တွင် စစ်ခေါင်းဆောင်က တိုင်းရင်းသားအရေးအတွက်ဆိုပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင့်သင့်တာပြင်ဆင်ရမည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

Public Service Announcement

Public Service Announcement

ထို့အပြင် တိုင်းရင်းများအနေဖြင့် စစ်ကောင်စီနှင့်လက်တွဲပြီး ဒီမိုကရေစီစနစ်ကိုကာကွယ်စောင့်ရှောက်ကြဖို့၊ ငြိမ်းချမ်းရေးကို လျှောက်လှမ်းကြဖို့ စစ်ခေါင်းဆောင်က တိုက်တွန်းပြောဆိုထားပြီး ယခုလိုစစ်ခေါင်းဆောင်၏ တိုက်တွန်းပြောဆိုချက်အပေါ် ပဒိုစောတောနီးက ယခုလိုပြန်လည်တုံ့ပြန်ပြောကြားခဲ့သည်။

” သူကိုယ်တိုင်က တရားမဝင်တော့ဘူးလေ။ ကျွန်တော်တို့နယ်မြေမှာ တိုက်ပွဲကအကြိမ်(၅၀၀) (၆၀၀)​လောက်ဖြစ်နေတဲ့ကိစ္စကြီးက ဘယ်လိုလုပ်ပြီးတော့ ဒီမိုကရေစီနဲ့ သူနဲ့သွားတွဲလုပ်တော့ရတော့မလဲ။ အခုလက်ရှိမှာရှင်းနေတာပဲ၊ ဒီမိုကရေစီရဲ့ရန်သူ ဖက်ဒရယ်ရဲ့ရန်သူက ဒီစစ်ကောင်စီပဲဆိုတာ ရှင်းရှင်းလင်းလင်းပြသနေတဲ့အခါမှာတော့ ကျွန်တော်တို့ဘာမှမူဝါဒပြောင်းလဲစရာမရှိဘူး” ဟု ပဒိုစောတောနီးက တုံ့ပြန်ပြောကြားသည်။

လက်ရှိအချိန်ကာလတွင်လည်း ကရင်အမျိုးသားအစည်းအရုံး(KNU) ကော်သူးလေအုပ်ချုပ်နယ်မြေအတွင်း စစ်ကောင်စီတပ်၏ ထိုးစစ်ဆင်မှုကြောင့် စစ်ဘေးရှောင်နေရသည့် ပြည်သူလူထုဦးရေသည် (၄၀၀၀၀၀)ဝန်းကျင်အထိရှိပြီး တစ်နိုင်ငံလုံးအနေဖြင့် စစ်ရှောင်ဦးရေသန်းချီအထိ ရှိလာခဲ့သည်။

ကရင်အမျိုးသားအစည်းအရုံးအနေဖြင့် (၂၀၁၅)ခုနှစ်တွင် NCA လက်မှတ်ထိုးပြီးသည့်နောက်ပိုင်းတွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအပေါ် တစိုက်မတ်မတ်တောက်လျှောက်လုပ်လာခဲ့ပေမယ့် ငြိမ်းချမ်းရေးသဘောတူညီချက်များအားလုံးအပေါ် စစ်တပ်က ဖျက်လိုဖျက်ဆီးလုပ်ဆောင်ပြီး အာဏာသိမ်းပြီးနောက်ပိုင်းတွင်လည်း ပြည်သူလူထုအပေါ်ပစ်မှတ်ထားကာ စစ်တပ်က သတ်ဖြတ်မှုများလုပ်ဆောင်ခဲ့သည်ဟု ပဒိုစောတောနီးက ပြောသည်။

” ကျွန်တော်ပြောချင်တာက လူထုက ဘာမှတွေဝေစရာမဖြစ်နဲ့။ ဒီနှစ်ဒီချိန်ကာလဟာ စစ်ကောင်စီဖြုတ်ချရေးပဲ ကျွန်တော်တို့တစိုက်မတ်မတ်ပဲ လုပ်သွားဖို့ပဲရှိတယ်။ ကျွန်တော်တို့မြင်တာကတော့ လူထုကတော့ ဒီဘက်ပိုင်းမှာ လုံး၀သံသယမရှိဘူး။ သူတို့(လူထု)ကလုပ်စရာရှိတာ သူတို့လုပ်သွားမယ်။ သူတို့ရှိတဲ့အင်အားနဲ့ ဖြစ်ညစ်ပြီးတော့လုပ်သွားမယ်ဆိုတာ ကျွန်တော်တို့ယုံကြည်တယ်။ ကျွန်တော်တို့ဘက်ကလည်း ခေါင်းဆောင်မှုပီပီသသနဲ့ တည်တည်ငြိမ်ငြိမ် ဆက်လက်တစိုက်မတ်မတ်လုပ်သွားမယ်ဆိုတာ ဒါဘာမှသံသယမရှိပါဘူး” ဟု ပဒိုစောတောနီးက ပြောကြားခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

စစ်မြေပြင်၌ ခွဲခြားရန်ခက်ခဲသော်လည်း အရှင်ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများထဲမှ အဓမ္မ စစ်မှုထမ်းရသူများအရေးကို စိစစ်ဆောင်ရွက် ပေးလို့ရကြောင်း ၎င်းက ပြောသည်။