Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

မြန်မာပြည်သူများ ဆင်းရဲတွင်းမှလွတ်မြောက်နိုင်ရေးမှာ စစ်အာဏာရှင်စနစ်ချုပ်ငြိမ်း၍ ဒီမိုကရေစီ ပြန်လည်ထူထောင်နိုင်မှသာဆောင်ရွက်နိုင်မည်ဟု ကုလ၌ မြန်မာသံအမတ်ကြီးပြော

ကုလသမဂ္ဂစီးပွားရေးနှင့် လူမှုရေးကောင်စီ၊ ဖွံ့ဖြိုးတိုးတက်ရေးမူဝါဒကော်မတီ၏ ၂၀၁၈ မတ်လအစီရင်ခံစာအရ ၁၉၈၇ ခုနှစ်မှစ၍ ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံစာရင်းတွင် ပါဝင်ခဲ့သော မြန်မာနိုင်ငံသည် ယင်းအဆင့်မှ လွတ်မြောက်ရန် စံသတ်မှတ်ချက်သုံးခုစလုံးနှင့် ပထမဆုံးအကြိမ် ပြည့်မီခဲ့သည်။

မြန်မာသံအမတ်ကြီး
မြန်မာသံအမတ်ကြီး

▪️မြန်မာပြည်သူများအပေါ် ထိရောက်သော ပံ့ပိုးကူညီမှုများ တိုးမြှင့်ဆောင်ရွက်ပေးရန် နိုင်ငံတကာကို မေတ္တာရပ်ခံ

မြန်မာပြည်သူလူထုကို ဆင်းရဲတွင်းမှ လွတ်မြောက်နိုင်ရေး ပံ့ပိုးကူညီနိုင်ရန်မှာ စစ်အာဏာရှင်စနစ်ချုပ်ငြိမ်း၍ ဒီမိုကရေစီ ပြန်လည်ထူထောင်ခြင်းဖြင့်သာ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း သံအမတ် ကြီးဦးကျော်မိုးထွန်းက ကုလသမဂ္ဂအထွေထွေညီလာခံသို့ ပြောသည်။

ယမန်နေ့တွင်ကျင်းပခဲ့သော (၇၇) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၏ ဒုတိယကော်မတီအစည်းအဝေး၊ အထွေထွေမူဝါဒရေးရာ မိန့်ခွန်းပြောကြားမှုအစီအစဉ်တွင် ထည့်သွင်း ပြောကြားခြင်းဖြစ်ပြီး စစ်အာဏာရှင်များသည် တိုင်းပြည်၏ စီးပွားရေးနှင့် နိုင်ငံတည်ငြိမ်ရေးတို့အတွက် လုပ်ဆောင်နိုင်သည့် အနေအထားမရှိကြောင်း အသိပေးသည်။

မြန်မာနိုင်ငံတွင် ပြည်သူများ မနှစ်သက်သော စစ်အာဏာရှင်လက်အောက်တွင် ရှိနေသရွေ့ ငြိမ်းချမ်းရေးကို ရရှိနိုင်မည်မဟုတ်သည့်အတွက် ကုလသမဂ္ဂ၏ ၂၀၃၀ အာဂျင်ဒါကို အောင်မြင်စွာ အကောင်အထည်ဖော်ရန် မဖြစ်နိုင်ကြောင်း သံအမတ်ကြီးက ဆိုသည်။

ဆက်လက်ပြီး မြန်မာနိုင်ငံသားအားလုံးသည် စစ်အာဏာရှင်စနစ် ထာဝရချုပ်ငြိမ်းရေးနှင့် ဒီမိုကရေစီပြန်လည်ထူထောင်ရေးတို့အတွက် စည်းလုံးညီညွတ်စွာ တိုက်ပွဲဝင်ရန် သန္နိဋ္ဌာန်ချပြီးဖြစ်ကြောင်းလည်း ကုလသမဂ္ဂသို့ သတင်းစကားပါးသည်။

Public Service Announcement

Public Service Announcement

မြန်မာပြည်သူများ၏ ကြိုးပမ်းအားထုတ်မှုများကို လုပ်ဆောင်နိုင်ရန် နိုင်ငံတကာအသိုက် အဝန်းထံမှ ခိုင်မာပြီး ထိရောက်သောပံ့ပိုးကူညီမှုသည် မရှိမဖြစ်လိုအပ်ကြောင်းနှင့် မြန်မာပြည် ငြိမ်းချမ်းရေးနှင့် မြန်မာပြည်သူများ၏ ကောင်းကျိုးချမ်းသာအတွက် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ပန်းတိုင်များကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေး မြန်မာပြည်သူများအပေါ် ထိရောက်သော ပံ့ပိုးကူညီမှုများ တိုးမြှင့်ဆောင်ရွက်ပေးရန် မေတ္တာရပ်ခံခဲ့သည်။

ကုလသမဂ္ဂစီးပွားရေးနှင့် လူမှုရေးကောင်စီ၊ ဖွံ့ဖြိုးတိုးတက်ရေးမူဝါဒကော်မတီ၏ ၂၀၁၈ မတ်လအစီရင်ခံစာအရ ၁၉၈၇ ခုနှစ်မှစ၍ ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံစာရင်းတွင် ပါဝင်ခဲ့သော မြန်မာနိုင်ငံသည် ယင်းအဆင့်မှ လွတ်မြောက်ရန် စံသတ်မှတ်ချက်သုံးခုစလုံးနှင့် ပထမဆုံးအကြိမ် ပြည့်မီခဲ့သည်။

သို့သော် ထိုသို့ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံစာရင်းမှ လွတ်မြောက်နိုင်မည့် အလားအလာ အပါအဝင် အရပ်သားအစိုးရ၏ ကြိုးပမ်းအားထုတ်မှုများကို ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်တွင် စစ်တပ်၏ တရားမဝင်စစ်အာဏာသိမ်းမှုက အလုံးစုံတားဆီးပိတ်ပင်ခဲ့သည်ဟု သံအမတ်ကြီး ဦးကျော်မိုးထွန်းက အစီရင်ခံသည်။

စစ်တပ်က တရားမဝင်အာဏာသိမ်းပြီး လပေါင်း ၂၀ ကျော်ကာလအတွင်း လူမဆန်စွာ ရက်စက် ကြမ်းကြုတ်မှုများ၊ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများ၊ ရွာများကို မီးရှို့ကာ နေအိမ်များကို ဖျက်ဆီးခြင်း၊ အမျိုးသမီးများ၊ မိန်းကလေးများနှင့် ကလေးသူငယ်များအပါအဝင် အပြစ်မဲ့ပြည်သူများအပေါ် လွန်စွာ ဆိုးရွားသော လူ့အခွင့်အရေးချိုးဖောက်မှုများကို ကျူးလွန်နေကြောင်း ဆက်လက်တင်ပြသည်။

ယင်းသို့လုပ်ဆောင်ချက်များကြောင့် မြန်မာနိုင်ငံသည် စီးပွားရေးအခက်အခဲများအပြင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းများစွာကို ရင်ဆိုင်နေရကြောင်း သံအမတ်ကြီးက ရှင်းပြသည်။

“အထူးသဖြင့် ကုလသမဂ္ဂအထွေထွေညီလာခံမှာဖေဖော်ဝါရီ ၂၆ ရက်က ကျွန်တော်မိန့်ခွန်းပြောပြီးတဲ့(စစ်အာဏာရှင် ဆန့်ကျင်ကြောင်း လက်သုံးချောင်းထောင်ပြီး) နောက်ပိုင်းမှာကတည်းက ပြည်သူ့အသံကို နိုင်ငံတကာက ကြားအောင်ဆိုတဲ့ ဥစ္စာကို ကျွန်တော်တို့ တောက်လျှောက်ဆောင်ရွက်နိုင်ခဲ့တယ်။ နောက်တစ်ခုကျတော့ ဒီလိုမျိုး ကုလသမဂ္ဂ မျက်နှာစာမှာ၊ နိုင်ငံတကာ မျက်နှာစာ မှာ အကြမ်းဖက်စစ်တပ်အနေနဲ့ ကိုယ်စားပြုမှုမရအောင်ပေါ့။ အဲဒါက ကျွန်တော်တို့ရဲ့ အဓိက ရည်မှန်းချက်လည်းဖြစ်တဲ့အတွက် ကိုယ်စားပြုမှုမရအောင်တော့ ကျွန်တော်တို့ တောက်လျှောက်အသံမျိုးစုံနဲ့ထွတ်ပြီး ဆောင်ရွက်ပေးတယ်။ အဲဒီလိုပေးတဲ့အခါမှာလည်း မိန့်ခွန်းတွေ ပြောကြားခြင်းဖြင့်သော်လည်းကောင်း၊ Bilateral ကိုယ်စားလှယ် အဖွဲ့ ၂ ဖွဲ့အကြားတွေ့ ဆုံးခြင်းဖြင့်သော်လည်းကောင်း၊ နောက်ပြီး Weekly Information Update တွေကို အဖွဲ့ရုံးရဲ့ ဖေ့စ်ဘုတ်ကသော်လည်းကောင်း၊ website သော်လည်းကောင်း ထုတ်လွှင့်ပြီးတော့ ကျွန်တော်တို့တတွေ နိုင်ငံတကာအသိုင်းအဝိုင်းက သိရှိအောင် လုပ်နေတာတွေရှိပါတယ်။ ဒါကြောင့် အခုအထိ စကစ အနေနဲ့ ဒီမျက်နှာစာမှာတော့ လုံး၀ကိုယ်စားပြုမှု မရတာကို ကျွန်တော်တို့ပြတ်ပြတ်သားသားပြောလို့ရတယ်။” ​ဟုဦး​ကျော်မိုးထွန်းက စက်တင်ဘာ လလယ်က People’s Spring နှင့်ပြုလုပ်​သော အင်တာဗျူးတွင်​ပြောသည်။

ဆက်လက်၍လည်း “နောက်တစ်ခုကတော့ ဘယ်အတိုင်းအတာတစ်ခုအထိ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ သိရှိတယ်ဆိုတာကတော့ သူတို့အပိုင်း ဖြစ်တယ်။ ကျွန် တော်တို့အပိုင်းကတော့ တတ်နိုင်သမျှ ဒါတွေကို သူတို့ဆီရောက်အောင် နည်းပေါင်းစုံနဲ့ လုပ်ရမယ်ဆိုတာကို ခံယူချက်နဲ့အညီ တတ်နိုင်သမျှ နည်းပေါင်းစုံနဲ့ ရောက်အောင်လုပ်တယ်။ ဒါကြောင့်မို့လို့လည်း ကုလသမဂ္ဂအနေနဲ့သော်လည်းကောင်း၊ အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့သော်လည်းကောင်း အခုအထိ စကစကို အသိအမှတ်ပြုခြင်းမရှိသေးဘူးဆိုတာကိုတော့ ကျွန်တော်တို့ ပြောလို့ရပါတယ်။ ဒါကြောင့် ဒါတွေကို ကျွန်တော်တို့ ဆက်လုပ်သွားပါမယ်။ ဒါကလည်း ဘယ်မှာ အရေးကြီးလဲဆိုတော့ ကျွန်တော်တို့က ပြည်သူ့အသံကို ဆက်ပြီးတော့ convey(ပို့ဆောင်) လုပ်နေရတာ ဖြစ်တဲ့အတွက်ကြောင့် ပြည််သူ့အသံက အရမ်းအရေးကြီးပါတယ်။ ကျွန်တော်တို့လည်း အမြဲပြောနေတာရှိတယ်။ ကုလသမဂ္ဂဆိုတာ ပြည်သူတွေနဲ့ ဖွဲ့စည်းထားတဲ့ အဖွဲ့ အစည်းဖြစ်ဆိုတာကို ကျွန်တော်တို့ အားလုံးသိရှိထားတယ် ခံယူထားတယ်။ ဘာလို့လဲဆိုတော့ ကုလသမဂ္ဂ ပဋိဥာဥ်စာတမ်းရဲ့အစမှာကိုယ်က We are the people of United Nations ဆိုတာနဲ့ စထားတာနဲ့အညီ ကျွန်တော်တို့ရဲ့ ပြည်သူ့အသံ၊ ပြည်သူ့ဆန္ဒတွေကို ထုတ်လွှင့်နိုင်လေလေ၊ ကျွန်တော်တို့မြန်မာပြည်သူတွေရဲ့ တန်ဖိုးကို နိုင်ငံတကာက သိနေမယ်လို့ ကျွန်တော် ပြောလိုပါတယ်”ဟု သံအမတ်ကြီးက​ပြောကြားခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

၁၉၈၉ ခုနှစ် ဧပြီ ၁၇ရက်‌တွင် စတင် တည်ထောင်ခဲ့သော ဝပြည် သွေးစည်း ညီညွတ်ရေးပါတီ (UWSP/UWSA) သည် ယနေ့တွင် (၃၅)နှစ်ပြည့်မြောက်ပြီဖြစ်သည်။

သတင်း

စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ရမ်းဗြဲ၊ ကျောက်ဖြူ၊ အမ်း မြို့နယ်များအတွင်း၌ စစ်ကောင်စီ၏ ခုခံစစ်နှင့် ခွာစစ်များကို တွေ့နေရကြောင်းလည်း AAကအသိ​ပေးသည်။

သတင်း

ယနေ့(နိုဝင်ဘာ ၈ ရက်)ကျရောက်သော ၂၀၂၀ အထွေထွေရွေးကောက်ပွဲ သုံးနှစ်ပြည့်နှစ်ပတ်လည်နေ့တွင် အနိုင်ရပါတီ NLD က တိုင်းရင်းသား ပြည်သူလူထုက အပ်နှင်းလိုက်သော ဆင့်လွှဲတာဝန်ကို ကျေပွန်သည်အထိ ထမ်းဆောင်မည်ဟု ဖော်ပြသည်။

သတင်း

တော်လှန်ရေး ဦးဆောင်မှုအခန်းကဏ္ဍ၌ KIO ၏ မဆုတ်မနစ်ပါဝင်မှုကို များစွာလေးစားဂုဏ်ယူသည်ဟုလည်း ပြောကြားခဲ့သည်။