Connect with us

Hi, what are you looking for?

သတင်း

ဝက်လက်နယ် လေကြောင်းတိုက်ခိုက်ခံရမှုတွင် တောဆင်ရိုင်းပြောက်ကျားတပ်ဖွဲ့ တပ်စခန်းလည်း တိုက်ခိုက်ခံရ

ပြီးခဲ့သည့် အောက်တိုဘာ ၈ရက် နေ့လည် ၁၂နာရီဝန်းကျင်ခန့်က ဝက်လက်မြို့နယ် အရှေ့ခြမ်း NCO သင်တန်းကွင်းအနီး စစ်ကောင်စီတပ်က ဂျက်ဖိုက်တာ ၂စီး ဖြင့် ၁၅မိနစ်ခန့် ပစ်ခတ်ခဲ့သည်။

တောဆငိရိုင်းပြောက်ကျားတပ်ဖွဲ့၏ စခန်းအားစီးနင်းခြင်းမခံရမီ တွေ့ရစဥ်၊ ဓာတ်ပုံ-TBK
တောဆငိရိုင်းပြောက်ကျားတပ်ဖွဲ့၏ စခန်းအားစီးနင်းခြင်းမခံရမီ တွေ့ရစဥ်၊ ဓာတ်ပုံ-TBK

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အတွင်း လေကြောင်းတိုက်ခိုက်ခံရမှုတွင် မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်အခြေစိုက် TBK တောဆင်ရိုင်းပြောက်ကျားတပ်ဖွဲ့ တပ်စခန်းလည်း တိုက်ခိုက်ခံခဲ့ရပြီး ခဲယမ်းနှင့်ရိက္ခာ သိန်း ၁၀၀ဖိုးခန့် ဆုံးရှုံးခဲ့ကြောင်း ယင်းအဖွဲ့က သတင်းထုတ်ပြန်သည်။

ပြီးခဲ့သည့် အောက်တိုဘာ ၈ရက် နေ့လည် ၁၂နာရီဝန်းကျင်ခန့်က ဝက်လက်မြို့နယ် အရှေ့ခြမ်း NCO သင်တန်းကွင်းအနီး စစ်ကောင်စီတပ်က ဂျက်ဖိုက်တာ ၂စီး ဖြင့် ၁၅မိနစ်ခန့် ပစ်ခတ်ခဲ့သည်။

TBK တောဆင်ရိုင်းစခန်းသည်လည်း အဆိုပါသင်တန်းကွင်းနှင့် မနီးမဝေးတွင် စခန်းချထားခဲ့ကြောင်း၊ ဂျက်ဖိုက်တာ ၂စီးဖြင့် ဝေဟင်မှ ပစ်ခတ်ပြီးနောက် MI35 ၂ စီး ထပ်ရောက်လာကာ စခန်းပေါ်တွင် အဝိုင်းပတ် ပုံစံဖြင့်မိနစ် ၂၀ခန့်ပတ်ကာဝဲ၍ ဆက်လက်ပစ်ခတ်ခဲ့သည်ဟု ဆိုသည်။

တောဆငိရိုင်းပြောက်ကျားတပ်ဖွဲ့၏ စခန်းအားစီးနင်းခြင်းမခံရမီ တွေ့ရစဥ်၊ ဓာတ်ပုံ-TBK
တောဆငိရိုင်းပြောက်ကျားတပ်ဖွဲ့၏ စခန်းအားစီးနင်းခြင်းမခံရမီ တွေ့ရစဥ်၊ ဓာတ်ပုံ-TBK

၁၀မိနစ်ခန့်အကြာတွင် ဗိုက်ပြားလေယာဥ် နှစ်စီးထပ်ရောက်လာကာ စစ်ကောင်စီ ခန့်မှန်းအား ၈၀ ခန့်အားမြေပြင်ပေါ်သို့ ဆင်းစေပြီး NCO စခန်းကိုမီးရှို့ကာ စစ်ကြောင်း စတင်ထိုးခဲ့သည်ဟု TBK တောဆင်ရိုင်းပြောက်ကျားတပ်ဖွဲ့က ဆိုသည်။

Public Service Announcement

Public Service Announcement

အဆိုပါ ဖြစ်စဥ်များကြောင့် သင်တန်းကွင်းအနီးTBK တောဆင်ရိုင်းပြောက်ကျားစခန်းကိုလည်း စစ်ကြောင်းထိုး ဝင်ရောက်ရှာဖွေစီးနင်းခံခဲ့ကြောင်း၊ စခန်းအတွင်းရှိစ္စည်းများဖြစ်သော ပုလဲယမ်းတစ်ပိုင်း ၊ကဒ်သီးတစ်ဖာ (၁၅၀ လုံးပါ)၊ (၆၀) မမ ပြောင်းတစ်ပြောင်း၊ (၆၀) မမ ကျည်ဖူး (၁၂)ဖူး၊ ပတ်လည်မိုင်း(၂၄)လုံး၊ စလစ်မိုင်း (၃)လုံး၊ တွင်ခုံပစ္စည်း အမြောက်အများ၊ ဒီဇယ် (၁၀)ပုံး၊ ဆန် ၅ပိုင်း ၊ စားဆီ ၂ပုံး၊ မိုးကာ ကိုက်(၁၀၀)အလိတ် တလိတ်၊ ဆိုလာပြား ၊ဘထ္တရီအိုးစသည့် ပစ္စည်းများ သိမ်းဆည်းခံခဲ့ကြရပြီး ကာလတန်ကြေး ကျပ်သိန်း ၁၀၀ ကျော် ဝန်းကျင် ဆုံးရှုံးခဲ့ရကြောင်း TBK တောဆင်ရိုင်းပြောက်ကျားတပ်ဖွဲ့က အသိပေးသည်။

တောဆငိရိုင်းပြောက်ကျားတပ်ဖွဲ့၏ စခန်းအားစီးနင်းခြင်းမခံရမီ တွေ့ရစဥ်၊ ဓာတ်ပုံ-TBK
တောဆငိရိုင်းပြောက်ကျားတပ်ဖွဲ့၏ စခန်းအားစီးနင်းခြင်းမခံရမီ တွေ့ရစဥ်၊ ဓာတ်ပုံ-TBK

အဆိုပါဖြစ်စဥ်တွင် ရဲဘော်များ အထိအခိုက်မရှိ ရှောင်တိမ်းနိုင်ခဲ့ပြီး လက်ရှိအချိန်တွင် သပိတ်ကျင်းမြို့နယ်(ပကဖ) TBK တောဆင်ရိုင်းပြောက်ကျား ရဲဘော်များသည် ဝက်လက်နယ်အတွင်းရှိတော်လှန်ရေးအင်အားစုများနှင့်အတူ စစ်ရေးလုပ်ငန်းများအား အတူပူးပေါင်းကာ ဆောင်ရွက်နေကြောင်း TBK တောဆင်ရိုင်းပြောက်ကျားတပ်ဖွဲ့က အသိပေးထားသည်။

ဖြစ်စဥ်နှင့်ပတ်သက်၍ TBK တောဆင်ရိုင်းပြောက်ကျားတပ်ဖွဲ့ထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။

အဆိုပါနေ့က လေကြောင်းပစ်ခတ်စီးနင်းမှုများကြောင်း ဒေသပြည်သူ့ကာကွယ်ရေးအဖွဲ့များမှရဲဘော် ၈ ဦးထက်မနည်း သေဆုံးခဲ့သည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာတိုက်ပွဲတွေ ဆက်ပြင်းထန်နေကြောင်း ကချင်လွတ်လပ်ရေးတပ်မတော် (KIA)က သတင်းဖော်ပြထားပြီး စစ်တပ်က နေ့စဉ် လေယာဉ်နဲ့ စားနပ်ရိက္ခာတွေ ချပေးနေရတယ်လို့ ဖော်ပြထားပါတယ်။

သတင်း

တော်လှန်ရေးတပ်တွေရဲ့ မြေပြင်ရိက္ခာလမ်းကြောင်း ဖြတ်တောက်ခံထားရတဲ့ မကွေးတိုင်း၊ မြိုင်မြို့နယ်က အမှတ်(၃)တပ်မတော်အကြီးစားစက်ရုံ(တစခ -၃)ကို စစ်တပ်က လေယာဉ်နဲ့ ရိက္ခာတွေ ချပေးခဲ့တယ်လို့ အညာမြေတပ်ပေါင်းစု တာဝန်ရှိသူက ပြောပါတယ်။

နိုင်ငံတကာ

နိုင်ငံအနှံ့မှာ ခွဲထွက်ရေး အင်အားစုတွေနဲ့ ဂျီဟတ်ဝါဒီ စစ်သွေးကြွတွေရဲ့ အချိတ်အဆက်မိမိ တိုက်ခိုက်မှုတွေအတွင်း ကာကွယ်ရေးဝန်ကြီး သေဆုံးခဲ့ကြောင်း မာလီ အစိုးရက အတည်ပြုခဲ့ပါတယ်။